The Corner

The Corner

cropped-Logo_round_grey-background.png

The Corner Admin

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁)

စုံ-မ ပြဿနာ အဖြေရှာ ဦးမိုး – လာဗျ လာဗျ။ ခင်ဗျား ဒီနေ့ နောက်ကျတယ်နော်။ ဘာလဲ၊ ဆီသွားတန်းစီနေတာလား။  ဦးတိုး – မဟုတ်ရပါဘူးဗျာ။ အိမ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကြာသွားလို့ပါ။  ဦးမိုး –  ဪ ဟုတ်လား၊ မသိပါဘူးဗျာ။ ခေတ်မီအောင်များ ဆီသွားတန်းစီနေသလားလို့ မေးတာပါ။  ဦးတိုး – ပုံမှန်အခြေအနေမှာကတည်းက ကျွန်တော်က ကားကို ဆီအပြည့်ဖြည့်ထားလေ့ရှိတယ်။ ကားကလည်း ဟိုနားသည်နား အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း သုံးတာဆိုတော့ ခရီးဝေးဝေးလည်း မသွားဖြစ်ပါဘူးဗျာ။ သွားဖြစ်ရင်လည်း တိုင်ကီအပြည့် ပြန်ဖြည့်တဲ့အကျင့်ကို လုပ်ထားတော့ အခုအချိန်မှာ ဆီဆိုင်မှာ တန်းသွားစီရင်တောင် သူတို့ရောင်းပေးတဲ့ ၁၅ လီတာတောင် ရမှာမဟုတ်ဘူး။  ဦးမိုး – အေးဗျာ။ ခင်ဗျားလိုလူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ တစ်ရက်ခြားပဲ ကားတွေကို မောင်းခွင့်ပေးထားသေးတယ်လို့ […]

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁) Read More »

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင်

အရောင်တွေကို ငါမြင်ပါတယ် Read More »

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု

အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု Read More »