The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁၈)

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ

သမ္မတ ထရမ့်ရဲ့  ၂၈-ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက် အလားအလာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တာ လေးနှစ်ထဲ ဝင်လာပြီဖြစ်တယ်။ ရှေ့တန်းစစ်မြေပြင်နဲ့တကွ စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက် ဆုံးရှုံးနေရပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ သူတပ်တွေက စစ်နိုင်နေတယ်လို့ ယူဆနေတာ တွေ့နေ ရတယ်။ လက်ရှိ အနေအထားအရ စစ်ပွဲရပ်ဖို့ အချိန် မတန်သေးဘူးလို့ ပူတင်က မြင်နေပုံရပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီစစ်ပွဲကို အမြန်ရပ်စေလိုတဲ့ သဘောထားရှိနေတာတွေ့ရတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလိုချင်တဲ့ သမ္မတ ထရမ့်ဟာ စစ်ရပ်စဲနိုင်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ရင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဆီကနေ သယံဇာတ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မယ်လို့ ယုံကြည် နေပုံရပါတယ်။ ဒါကြောင့် ယူကရိန်းစစ်ပွဲ […]

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ Read More »

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ

အေဂျေရာ ဘာဒရာခါနဲလ် (Ajaya  Bhadra  Khanal) ရဲ့ ရုံးကနေ မြင်ရတဲ့ မြင်ကွင်းဟာ သူ့အလုပ်အကိုင်က ဘယ်လောက်ထိ အန္တရာယ်များ မလုံခြုံတာကို အမြဲသတိပေးနေသလိုပါပဲ။ သူ့ရုံးက ပေရာဂဏန်းလောက် အကွာမှာ မီးလောင်ပြီး အခွံသာကျန်တဲ့ ဆင်ဂါဒါဘာ (Singha  Durbar) နန်းတော်ရှိပါတယ်။ သက်တမ်း (၁၁၇) နှစ်ရှိပြီဖြစ်တဲ့ နန်းတော်ပါ။ ဒီနန်းတော်ဟာ စက်တင်ဘာလ (၉) ရက်နေ့အထိ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ် ရုံးထိုင်ရာ နေရာပါ။ အဲဒီနေ့က လူအုပ်ကြီးဟာ ပါလီမန်၊ အခြားဖက်ဒရယ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း အမြာက်အမြား အပါအဝင် နန်းတော်ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာပါ။ အကျဥ်းထောင်တွေကို ဖွင့်ပေးခဲ့သလို နိုင်ငံရေးသမားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ Read More »

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ Read More »

ဗော့ဒကာ၊ ချပါတီ နဲ့ ဟမ်ဘာဂါတို့ရဲ့ သုံးပွင့်ဆိုင်အချစ်

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယ – ရုရှား (၂၃) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ဒေလီမြို့ကို ဆိုက်ရောက်လာပါတယ်။ ဒါဟာ ယူကရိန်းနဲ့ စစ်စတင်တဲ့ ၂၀၂၂ ကတည်းက အခုထိ သူ့ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ရင်းနှီးနွေးထွေးမှုတွေ အပြည့်နဲ့ ခရီးစဉ်ပါ။ ဝန်ကြီးချုပ် မိုဒီရဲ့ အိန္ဒိယအိမ်တော်မှာ သီးသန့် ညစာစားပွဲ၊ တစ်နေကုန်မယ့် ထိပ်သီးဆွေးနွေးပွဲ၊ သမ္မတအိမ်တော် ညစာစားပွဲ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ အမှတ်တရနေရာ အလည်ခရီး၊ စတဲ့ အစီအစဉ်တွေနဲ့ ပူတင့်ကို အိန္ဒိယက အခမ်းနားဆုံးအကြီးကျယ်ဆုံး ဧည့်ခံကြိုဆိုခဲ့ပါတယ်။ အိန္ဒိယ နဲ့ ရုရှားတို့မှာ နက်ရှိုင်းကြာမြင့်တဲ့ ဆက်ဆံမှု ရှိခဲ့တာပါ။ စစ်အေးတိုက်ပွဲအတွင်း အင်အားကြီးနိုင်ငံတွေအကြား

ဗော့ဒကာ၊ ချပါတီ နဲ့ ဟမ်ဘာဂါတို့ရဲ့ သုံးပွင့်ဆိုင်အချစ် Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၄)

လတ်တလော ကမ္ဘာကြီးရဲ့ အခြေအနေ ဦးမိုး – ဂွတ်မောနင်း။ ကိုတိုး လာဗျာ ထိုင်ဗျာ။ ခင်ဗျား လာမယ်ဆိုလို့ စောင့်နေတာ။ ကျွန်တော်လည်း ရောက်တာ မကြာသေးဘူး။ ကျွန်တော် လက်ဖက်ရည်တောင် မမှာရသေးဘူး။ ဟေ့ ချာတိတ်ရေ။ တို့ဝိုင်းကို ခါတိုင်းလိုပဲ လုပ်ကွာ။ ပေါ့ဆိမ့် နှစ်ခွက်။ ဦးတိုး – ဂွတ်ဒ် မောနင်းပါဗျာ။ ကျေးဇူးပဲ ကိုမိုး၊ နေကောင်းတယ်နော်။ ဦးမိုး – ကောင်းတယ် ကောင်းတယ်။ ကျွန်တော်ကတော့ ကောင်းတယ်။ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးလည်း နေကောင်းရဲ့လား မသိ ဟား ဟား ဟား။ ဦးတိုး – ကိုတိုးကတော့ လုပ်ပြီ။ စောစောစီးစီး။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီမှာသာ ရာသီဥတု အေးစိမ့်စိမ့်နဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၄) Read More »