သွေးစွန်းသည့် အတောင်ပံများနှင့် ပျံသန်းခွင့်ရတော့မလား ငှက်ချိုးဖြူ
ဘယ်သူမဆို ကိုယ့်အိပ်နေကျ အိပ်ရာလေးကို မက်မောတွယ်တာနေကြသူချည်းပါပဲ။ အကြောင်း အမျိုးမျိုးကြောင့် ခေတ္တခဏ ခွဲခွာခဲ့ရလို့ တခြားနေရာမှာ အိပ်နေရပေမယ့် ကိုယ့်အိပ်ရာလေးဆီပြန် ရောက်ခဲ့မယ်ဆိုခဲ့လျင် စိတ်ကျေနပ်မှုအပြည့်အဝရကြသူချည်းပါ။ ဒီလို အိပ်ရာလေးနဲ့ပတ်သက်တဲ့ ခံစားချက်လေးက ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဖြစ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲမှာ နှစ်ဖက် အကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုမြင်လိုက်ရတဲ့အခါမှာ ဪ သူတို့ အိပ်ရာလေးဆီပြန်အိပ်ခွင့် ရသွားခဲ့ကြတာကို အင်တာနက်ပေါ်က ကြည့်နေရင်း အဝေးကလှမ်းပြီး ကြည်နူးမိသည်။ ညအိပ်ချိန် ရောက်ပြီဆိုလျှင် ထိုသူများက သူတို့အိပ်ရာလေးကို ပွတ်သပ်ကြည့်နေမလား။ ဒါမှမဟုတ် ခပ်ဖွဖွ လေးများ နမ်းရှိုက်နေလေမလားလို့လည်းတွေးလိုက်မိသည်။ ကျွန်တော့်အတွေးက မှန်ချင်လည်း မှန်နိုင်သည်။ မမှန်ချင်လည်း မမှန်နိုင်ပါ။ နှစ်နှစ်ကျော်ခွဲခွာခဲ့ကြရသည့် ဇနီး သားသမီးများနှင့် အပြုံးများ စိုစွတ် နေရင်း အိပ်ရာလေးကိုလည်း မေ့ကောင်းမေ့နေနိုင်ပါသည်။ အတွေ့အကြုံ […]
သွေးစွန်းသည့် အတောင်ပံများနှင့် ပျံသန်းခွင့်ရတော့မလား ငှက်ချိုးဖြူ Read More »






