ကမ်းမမြင် လမ်းမမြင်
“ပြောရမှာတော့ အားနာပါတယ် သားရယ်၊ တကယ်တော့ မျိုးရိုးဗီဇဆိုတာ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရဘူး မဟုတ်လား၊ သားရဲ့ ကံကြမ္မာကလည်း လူ့ဘဝ ရောက်လာကတည်းက ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိလျက်သား ဖြစ်သွားတာကိုး၊ သားရဲ့ အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ ဒါပေမဲ့ သားအတွက်က မပြေးသော်ကံရာရှိဆိုတာလို ဖြစ်နေတယ်လေ” ကျောင်းအမကြီး၏ စကားသံက ကြမ်းတမ်းခက်ထန်မှု မရှိသော်လည်း စိမ်းဆတ်ခါးသီးစွာ ကြားလိုက် ရသည်။ တကယ်တော့ မောင်ဖြိုးဝေ လာတွေ့တာက ကျောင်းအမကြီးမဟုတ်။ ခါတိုင်းဆို “သမီးရေ.. မောင်ဖြိုးဝေ လာတယ်ဟေ့” ဆိုပြီး အလိုက်သိသိ ဧည့်ခန်းမှ ထွက်သွားနေကျ။ ခုတော့ သူနားမလည်သော ဘာသာစကားကို ရေရွတ်ပြောဆိုသလိုမျိုး ကြားနေရသည်။ လုံးစေ့ပတ်စေ့ နားမလည်သော်လည်း “ကျောင်းအမ ကြီး၏ စကားနောက်ဆွယ်တွင် ကံကြမ္မာ အရိပ်မည်းကြီးသည် ထက်ကြပ်မကွာ […]
ကမ်းမမြင် လမ်းမမြင် Read More »









