မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော်
သူ့နာမည်ကသည်ပင်လျှင်အငြင်းပွားစရာဖြစ်သည်။ နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားနိုင်ငံက အုပ်စိုးသူ အသိုက်အဝန်းတွေဟာ သူတို့နိုင်ငံက ထာဝရ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း နဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မပုပ်မသိုးအောင် ဆေးစီရင်ထားတဲ့ ရုပ်ကလာပ်တွေ ထားရှိရာ ပြုံယမ်းမြို့တော်ရှိ ခမ်းနားထည်ဝါလှတဲ့ အာဇာနည် ဗိမာန်ကြီးမှာ စုဝေး ခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင်နဲ့ ခေါင်းဆောင်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ကင်မိသားစုရဲ့ တတိယမြောက်မျိုးဆက် ကင်ဂျုံအန်းက သူရှေ့က ဆက်ခံခဲ့ရတဲ့သူတွေကို လာရောက် အလေးပြုတာ ဖြစ်တယ်။ သူ့ရဲ့ ညာဘက် ဘေးမှာ ရပ်နေတာက မိန်းခလေးငယ် တစ်ယောက်ဖြစ်ပြီး သီးသန့် အလေးအမြတ်ထားတဲ့ နေရာတစ်ခုအပေါ်က နေပြီး လူထုပရိသတ် ရှေ့မှောက်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ထွက်ပြတာလည်း ဖြစ်တယ်။ ဒီ ဆယ်ကျော်သက် အရွယ် မိန်းခလေးကတော့ မြောက်ကိုရီးယား […]
မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော် Read More »





