The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၁)

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ

အရှေ့အလယ်ပိုင်းအီရန်စစ်ပွဲ ပဋိပက္ခကြောင့် ရေနံလောင်စာဆီ စီးဆင်းမှု မတည်မငြိမ်ဖြစ်ကာ ကမ္ဘာကြီး တစ်ခုလုံးကို စီးပွားရေးအရ အကြီးအကျယ် အကျပ်ရိုက်စေခဲ့ပြီဖြစ်သည်။ အီရန်စစ်ပွဲအရေးသည် ရှင်းလေရှုပ်လေ ဖြစ် လာနေ သည်။ ပြီတော့မလိုလိုနှင့် တစ်ကပြန် ပြန်စနေရ သဖြင့် “ဂျာအေးသူ့အမေရိုက်သည့် ကိန်း” ဆိုက်နေလေပြီ။ ဇူလိုင် ၁၀ ရက် သောကြာနေ့တွင် ကာတာနိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းရေးမှူးများသည် တီဟီရန်တွင် ပါဝင် ဆွေးနွေးမှုများ ပြုလုပ် နေရသည်ဟု သတင်းများအရ သိရသည်။ ကာတာနှင့် ဆော်ဒီအာရေဗျ ကုန်သွယ်ရေး ရေနံတင်သင်္ဘောသုံးစင်းသည် ယခုအပတ်အစောပိုင်းတွင် အီရန်၏ ပစ်ခတ်မှု ခံခဲ့ရသည်။ သို့ဖြင့် အမေရိကန်က အီရန်ပစ်မှတ် အများအပြားကို တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက် ပစ်မှတ်နေရာများကို […]

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ Read More »

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက်

လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်စွမ်းအင်တင်ပို့နိုင်ရေး အိပ်မက် အကြီးကြီးရှိနေတယ်။ ဒါပေမဲ့ သူ့နိုင်ငံတွေရဲ့ ဆည်တွေက ကြွေးမြီတွေရော တခြားပြဿနာတွေနဲ့ပါ လျှံနေတယ်။ ဒေသကြီးအတွင်းက အချက်အလက်တွေ သိုလှောင်ရေး အဆောက်အအုံ (Data Center)  ဒေတာစင်တာတွေနဲ့ စက်ရုံကြီးတွေ အတွက် ရည်မှန်းချက်ကြီးတွေ ထားရှိတဲ့ အရှေ့တောင် အာရှဒေသ ဟာ စွမ်းအင်လိုအပ်တယ်။ ၂ဝ၂၆ ခုနှစ် ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အဖွဲ့က ခန့်မှန်းခဲ့ရာမှာ ဒီဒေသကြီးမှာ အခုအချိန်နဲ့ ၂ဝ၃၅ ခုနှစ်ကြား တစ်ကမ္ဘာလုံး စွမ်းအင်လိုအပ်ချက် တိုးလာတာရဲ့ ငါးပုံတစ်ပုံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ တစ်နိုင်ငံကပဲ ပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်။ ပြီးပြတ်ဖို့ မမြင်ရသေးတဲ့ အီရန်စစ်ပွဲကြောင့် စိတ်ပျက်ဖွယ်ရာ သင်ခန်းစာ ယူခဲ့ရသလိုပဲ စွမ်းအင်ကို စိတ်ချလက်ချနဲ့ အမြဲမပြတ်

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက် Read More »

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ်

ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို မကြားဖူးတဲ့သူ ဆိုတာ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ယုန်နဲ့လိပ် အကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခါနီးမှာ ပြုပြင်ပြောင်းလဲရေးတွေကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂိုဘာချော့ဗ်က ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့ပြီးနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေတဲ့ စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဧဝရက်တောင်ထိပ်ကို တက်ရတဲ့ အလုပ်မျိုးပါ။ ဘရက်ဇညက် (Brezhnev) လက်ထက် (၁၉၆၄-၁၉၈၂) နှစ် ၂၀ နီးပါးကာလမှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့ပါတယ်။ တချို့သော ပညာရှင်တွေက

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ် Read More »