သစ္စာ
ပုဂ္ဂလိကအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကိုယ့် အဖွဲ့အစည်းဝင်တွေနဲ့ ပတ်သက်လို့ စိစစ်သုံးသပ်၊ အကဲဖြတ်ကြတဲ့အခါ ကာယကံရှင်တစ်ယောက်ချင်းစီရဲ့ သစ္စာမြဲမှု၊ မမြဲမှုဆိုတဲ့အချက်ကလည်း အဓိကအချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ ကိုယ့်အဖွဲ့အစည်းဝင်တွေ ကိုမှမဟုတ်ပါဘူး၊ ကိုယ်နဲ့ဆက်ဆံနေရတဲ့ ဖောက်သည်တွေ၊ ဝန်ဆောင်မှုရယူသူတွေ၊ ဆက်စပ်ပတ်သက် နေရသူတွေ ဒီလိုဒီလိုလူတွေအပေါ်မှာလည်း ကိုယ့်အဖွဲ့အစည်းအပေါ် သစ္စာဘယ်လောက်မြဲသလဲ ဆိုတဲ့အချက်ကိုကြည့်ကြပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်တယ်ပေါ့။ သစ္စာမြဲတဲ့သူက အတွင်းစည်းကလူဆိုရင် ထိုက်သင့်သလိုချီးမြှင့်မြှောက်စားတယ်။ ကိုယ့်အဖွဲ့အစည်း ထဲကမဟုတ်ဘဲ ကိုယ်နဲ့ ဆက်စပ် ပတ်သက် နေရတဲ့လူ၊ လုပ်ငန်းအတူလုပ်နေရတဲ့သူ၊ ဝန်ဆောင်မှုအပေးအယူ လုပ်နေတဲ့သူ၊ ကုန်ပစ္စည်း အရောင်းအဝယ် လုပ်နေတဲ့သူဆိုရင် တစ်ဖက်ရဲ့သစ္စာမြဲမှုအပေါ်မူတည်ပြီး သူတို့အတွက် သီးသန့်အစီအစဉ်လေးတွေနဲ့ အခွင့်အရေးတွေပေးတယ်ပေါ့။ ပထမဆုံးအနေနဲ့တော့ သစ္စာဆိုတဲ့စကားကိုအရင်ရှင်းဖို့လိုလိမ့်မယ်ထင်တယ်။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထသစ္စာတွေကို ဆိုလိုတာမဟုတ်သလို ဒုက္ခ၊ သမုဒယ၊ နိရောဓနဲ့ မဂ္ဂဆိုတဲ့ […]








