ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး
ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ […]
ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »






