The Corner

The Corner

cropped-Logo_round_grey-background.png

Feature

Feature article

စာဖတ်ခြင်းနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး

ကျွန်တော်တို့ စာအုပ်တစ်အုပ်ကို လက်ကကိုင်ပြီး ဖတ်ခဲ့ဖူးတာ လွန်ခဲ့တဲ့ တစ်ရက်ကလား၊ တစ်ပတ်ကလား၊ တစ်လကလား ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်နှစ်ကလား။ ကျွန်တော်တို့ရဲ့ အလေ့အကျင့်နဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အဖြေက အမျိုးမျိုးဖြစ်မှာပါ။ နောက်ထပ်မေးခွန်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အင်တာနက်သုံးရင်း ဖတ်မိလိုက်တဲ့ အမှတ်တရဖြစ်နေတဲ့ စာတစ်ပုဒ်လို့ မေးမယ်ဆိုရင်ရော အခုဒီစာဖတ်သူမှာ အဖြေရှိပါသလား။ ရှိတာလည်း ဖြစ်နိုင်သလို မရှိတာလည်း ဖြစ်နိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဆောင်ပုဒ်တွေ၊ ဆိုစကားတွေအများကြီးထဲမှာမှ ကျွန်တော် အကြိုက်ဆုံးကတော့ ဆရာကြီး လယ်တွင်းသားစောချစ် ပြောခဲ့တဲ့ ဆိုစကားကို မှတ်မှတ်သားသား အရှိဆုံးပါပဲ။ စာတတ်ပါလျှက်နဲ့ စာမဖတ်တဲ့သူက ဘာနဲ့ တူသတုံးဆိုတော့ ပြတင်းပေါက်ပါတဲ့အိမ် တစ်လုံး ပြတင်းပေါက်မဖွင့်တာနဲ့ အတူတူပဲတဲ့။ ပြတင်းပေါက်တွေပါသားနဲ့ တစ်ခါမှ မဖွင့်ဘူးဆိုရင် အဲ့ဒီအိမ်ထဲကို အလင်းရောင်တွေ […]

စာဖတ်ခြင်းနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး Read More »

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း

(စာဖတ်ခြင်းဖြင့် တိုးတက်သော ဘဝကိုတည်‌ဆောက်ကြပါ) စမ်းသပ်မှုဟာ ရိုးရှင်းလွန်းလို့ ကျောင်းသားတွေက လွယ်လွယ်လေးနဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မလွယ်ကူလှပါဘူး။ အမေရိကန် တက္ကသိုလ်နှစ်ခုက စာပေအထူးပြု ကျောင်းသားတွေကို Charles Dickens ရဲ့ “Bleak House” ဝတ္ထု ပထမဆုံး အပိုဒ်တွေကို ပေးပြီး ဖတ်စေခဲ့ပါတယ်။ ပြီးတော့ အဲဒီအပိုဒ်တွေကို ရှင်းပြခိုင်းခဲ့ပါတယ်။ ၁၉ ရာစုအလယ်ပိုင်းက ရေးသားခဲ့တဲ့ အင်္ဂလိပ်စာပေကို အင်္ဂလိပ်စာပေအထူးပြု သင်ယူနေတဲ့ ကျောင်းသားတွေက ဖတ်တာ၊ ဒါ ဘယ်လောက်တောင် ခက်ခဲနိုင်မှာမို့လို့လဲလို့ တွေးမိပါလိမ့်မယ်။  (Charles Dickens ရဲ့ “Bleak House” ဝတ္ထုကို ၁၈၅၂ ခုနှစ်၊ မတ်လကနေ ၁၈၅၃ ခုနှစ်၊ စက်တင်ဘာလအထိ အခန်းဆက်ပုံစံနဲ့ ထုတ်ဝေခဲ့ပါတယ်။)

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း Read More »

ဂိမ်းဆော့မလား စာဖတ်သလား

မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။ မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန်

ဂိမ်းဆော့မလား စာဖတ်သလား Read More »

စာဖတ်ခြင်း.. အကြောင်း

The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books)

စာဖတ်ခြင်း.. အကြောင်း Read More »

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ

သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို ဟာသူ့ဖခင်လုပ်ဆောင်ခဲ့တာတွေကို အလွန် ယုံကြည် အားကျပြီး အတုယူ လိုက်လုပ်ပြ ချင်စိတ်တွေ ပြင်းထန်နေပါတယ်။ သမ္မတသစ်ကံကောင်းပါစေ။ မနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးပြီးချင်း ပရာဘိုဝို ဆူဘီယန်တို ဟာ သူ့ ရဲ့ ညီအစ်ကိုတော် ကို “ငါတို့ အဖေ ရဲ့ အစီအစဥ်တွေကို  အကောင်အထည်ဖော် နိုင်တော့မယ်၊ သူ့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်တော့မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီ “ငါတို့ အဖေ” ဆိုတာကတော့ လွတ်လပ်ရေးရပြီးစ အင်ဒိုနီးရှား နိုင်ငံ တည်ဆောက်ရေး ကာလ ဗိသုကာကြီး ဆူမီထရို ဂျိုဂျိုဟာဒီကူဆူမို (Sumitro Djojohadikusumo) ကိုပြောတာပါ။ သူဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ Read More »

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု

အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု Read More »

အင်ဒိုနီးရှား ရှစ်လေးလုံး

အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဇာတာစန်းလဂ်ဟာ တစ်ခုခုတော့ တိုက်ဆိုင်နေသလား မသိပါ။ အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို နဲ့ ဆူကာနို လက်အောက်မှာ ခံခဲ့ကြရတဲ့ တစ်ချိန်တည်းမှာ  မြန်မာမှာလည်း အာဏာရှင်တွေရဲ့ အောက်မှာပါပဲ။ လွတ်ပြန်တော့လည်း အင်ဒိုနီးရှားမှာ လုပ်သလို ၂၅ ရာခိုင်နှုန်း သော စစ်ဗိုလ်တွေက လွှတ်တော်ထဲမှာ ထိုင်နေကြပြန်ပါတယ်။ ၁၉၉၈ မှာ ဆူဟာတို ကျဆုံးသွားတဲ့အခါ တို့တော့ ဒီမိုကရေစီရပြီလို့ အင်ဒိုနီးရှားပြည်သူတွေ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဆူဟာတိုရဲ့ ဂိုဏ်းဝင်ဗိုလ်ချုပ်တွေက စစ်တပ်ရာထူး တွေစွန့်လွှတ်၊  ဒီမိုကရေစီ အရေခြုံပြီး အုပ်စုတွေ ပြန်ဖွဲ့၊ ပါတီတွေကို အုပ်စီးကာ သူတို့ရဲ့ ချမ်းသာမှုတွေအတွက် လုပ်ဆောင်လာကြပါတယ်။ သြဂုတ်လအတွင်းမှာ အင်ဒိုနီးရှား နိုင်ငံအတွင်း မြန်မာတွေ ကြုံခဲ့ရတဲ့ အရေးအခင်းကြီးမျိုး

အင်ဒိုနီးရှား ရှစ်လေးလုံး Read More »

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ 

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုတစ်ယောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နဲ့အတူ တီယင်မင် ရင်ပြင်မှာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက် ကမ္ဘာက အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ သုံးသပ်သူတွေရဲ့ အပြောအရ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ခေါင်းဆောင်များနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အထိမ်းအမှတ် တစ်ခုဆိုတာထက်ပိုကာ မစ္စတာ ပရာဘိုဝိုတစ်ယောက် ဒီခေါင်းဆောင်များနဲ့ ပခုံးချင်း ယှဥ်နိုင်သွားပြီဆိုတဲ့ ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ အနှစ် (၈၀) မြောက် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲဟာ မစ္စတာ ရှီအတွက်

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ  Read More »