The Corner

The Corner

cropped-Logo_round_grey-background.png

Feature

Feature article

စာဖတ်ခြင်း.. အကြောင်း

The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books) […]

စာဖတ်ခြင်း.. အကြောင်း Read More »

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ

သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို ဟာသူ့ဖခင်လုပ်ဆောင်ခဲ့တာတွေကို အလွန် ယုံကြည် အားကျပြီး အတုယူ လိုက်လုပ်ပြ ချင်စိတ်တွေ ပြင်းထန်နေပါတယ်။ သမ္မတသစ်ကံကောင်းပါစေ။ မနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးပြီးချင်း ပရာဘိုဝို ဆူဘီယန်တို ဟာ သူ့ ရဲ့ ညီအစ်ကိုတော် ကို “ငါတို့ အဖေ ရဲ့ အစီအစဥ်တွေကို  အကောင်အထည်ဖော် နိုင်တော့မယ်၊ သူ့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်တော့မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီ “ငါတို့ အဖေ” ဆိုတာကတော့ လွတ်လပ်ရေးရပြီးစ အင်ဒိုနီးရှား နိုင်ငံ တည်ဆောက်ရေး ကာလ ဗိသုကာကြီး ဆူမီထရို ဂျိုဂျိုဟာဒီကူဆူမို (Sumitro Djojohadikusumo) ကိုပြောတာပါ။ သူဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ Read More »

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု

အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု Read More »

အင်ဒိုနီးရှား ရှစ်လေးလုံး

အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဇာတာစန်းလဂ်ဟာ တစ်ခုခုတော့ တိုက်ဆိုင်နေသလား မသိပါ။ အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို နဲ့ ဆူကာနို လက်အောက်မှာ ခံခဲ့ကြရတဲ့ တစ်ချိန်တည်းမှာ  မြန်မာမှာလည်း အာဏာရှင်တွေရဲ့ အောက်မှာပါပဲ။ လွတ်ပြန်တော့လည်း အင်ဒိုနီးရှားမှာ လုပ်သလို ၂၅ ရာခိုင်နှုန်း သော စစ်ဗိုလ်တွေက လွှတ်တော်ထဲမှာ ထိုင်နေကြပြန်ပါတယ်။ ၁၉၉၈ မှာ ဆူဟာတို ကျဆုံးသွားတဲ့အခါ တို့တော့ ဒီမိုကရေစီရပြီလို့ အင်ဒိုနီးရှားပြည်သူတွေ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဆူဟာတိုရဲ့ ဂိုဏ်းဝင်ဗိုလ်ချုပ်တွေက စစ်တပ်ရာထူး တွေစွန့်လွှတ်၊  ဒီမိုကရေစီ အရေခြုံပြီး အုပ်စုတွေ ပြန်ဖွဲ့၊ ပါတီတွေကို အုပ်စီးကာ သူတို့ရဲ့ ချမ်းသာမှုတွေအတွက် လုပ်ဆောင်လာကြပါတယ်။ သြဂုတ်လအတွင်းမှာ အင်ဒိုနီးရှား နိုင်ငံအတွင်း မြန်မာတွေ ကြုံခဲ့ရတဲ့ အရေးအခင်းကြီးမျိုး

အင်ဒိုနီးရှား ရှစ်လေးလုံး Read More »

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ 

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုတစ်ယောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နဲ့အတူ တီယင်မင် ရင်ပြင်မှာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက် ကမ္ဘာက အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ သုံးသပ်သူတွေရဲ့ အပြောအရ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ခေါင်းဆောင်များနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အထိမ်းအမှတ် တစ်ခုဆိုတာထက်ပိုကာ မစ္စတာ ပရာဘိုဝိုတစ်ယောက် ဒီခေါင်းဆောင်များနဲ့ ပခုံးချင်း ယှဥ်နိုင်သွားပြီဆိုတဲ့ ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ အနှစ် (၈၀) မြောက် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲဟာ မစ္စတာ ရှီအတွက်

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ  Read More »