The Corner

The Corner

cropped-Logo_round_grey-background.png

နည်းပညာ

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ

အင်တာနက်ဆိုတဲ့ ကွန်ရက်ကြီးကျယ်ပြန့်လာတာအမျှ အသက်ကြီး/ငယ် မရွေး လူတိုင်းအသုံးပြုနိုင်တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အင်တာနက်ကို သတင်းအချက်အလက်တွေ ရယူဖို့အသုံးပြုကြသလို စိတ်အပန်းဖြေဖို့၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက်  ဆိုရှယ်မီဒီယာလို့ ခေါ်ကြတဲ့ ဖေ့ဘုတ်၊ တစ်တော့ခ် နဲ့ အခြား တယ်လီဂရမ်လိုမျိုး ပလက်ဖောင်းတွေကို လူတိုင်း အသုံးပြု နေကြပါပြီ။ ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေအတွက်လည်း ကိုင်တွယ်ထိတွေ့လို့ရတဲ့ ပိုက်ဆံတွေကနေ KBZ, AYA စတဲ့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ internet banking တွေ digital wallet တွေအပြင် wave pay, true money စတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ software တွေကိုလည်း အင်တာနက်ကနေ တစ်ဆင့် လူတိုင်းနီးပါး အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။ […]

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ Read More »

နီတန်ဒိုရဲ့ နောက်ဆုံးထုတ် Switch 2 လက်ကိုင်ဂိမ်းစက်

နီတန်ဒို (Nintendo) ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ လက်ကိုင် ဂိမ်းစက် အသစ် မော်ဒယ်လ် ဆွစ်ချ်တူး (Switch 2) ထွက်လာပါပြီ။ နီတန်ဒိုရဲ့ ပရိသတ်တွေ အရူးအမူးပေါ့။ ကျွန်တော့မှာတော့ လက်ရှိ ကစားနေတဲ့ မူလ Switch (အခုတော့ Switch 1 လို့ ခေါ်ရမလား) ရှိတော့ အသစ်ထွက် ဂိမ်းစက် ဝယ်ရမလို၊ လက်ရှိစက်ကိုပဲ ဆက်ကိုင်ရမလို ဘာလုပ်ရမှန်း မသိဖြစ်နေတော့ review တွေ၊ unboxing တွေကိုပဲ ကြည့်လိုက် ကိုယ့်မှာရှိတဲ့ စက်ကို ထုတ်ကစားလိုက် သူလည်း ကောင်းပါတယ် ဆိုပြီး ပြန်သိမ်းထားလိုက် စိတ်က မပြတ်သားသေးပါဘူး။ သူငယ်ချင်းတို့ရော ဘယ်လို ဆုံးဖြတ်ကြ သလဲ။ ကျွန်တော့လိုပဲ စိတ်နှစ်ခွ ဖြစ်နေသူများရှိရင် သိရအောင် ဖတ်ထား မှတ်ထားသမျှ နီတန်ဒို Switch 2

နီတန်ဒိုရဲ့ နောက်ဆုံးထုတ် Switch 2 လက်ကိုင်ဂိမ်းစက် Read More »

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI  

ဘီးထဲမှာ မော်တာပါတဲ့ ကား ဘီးထဲမှာ မော်တာဆိုတော့ ဘာတွေကောင်းလဲ အရင်တုန်းက စိတ်ကူးကောင်းပေမယ့် အခုမှ ခေတ်စားတော့မယ်။ ၁၉၀၀ ပြည့်နှစ် ပါရီ ကမ္ဘာ့ပြပွဲမှာ နာမည်ကြီး Porsche ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Ferdinand Porsche ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တော်တော်ထူးဆန်းတဲ့ လျှပ်စစ်ကားတစ်စီးကို ပြခဲ့တယ်။ အဲဒီကားက သာမန်ကားတွေလို မော်တာအကြီးကြီး တစ်လုံးတည်း မဟုတ်ဘဲ ဘီးတစ်ခုစီထဲမှာ မော်တာလေးတွေ ထည့်ဆောက်ထားတာတဲ့။ အဲဒီတုန်းက လူတွေက ဒီအိုင်ဒီယာကို တော်တော်သဘောကျခဲ့ကြပေမယ့် လူကြိုက်တော့ မများခဲ့ဘူး။ ဘာလို့လဲဆိုတော့ သာမန်ကားအင်ဂျင်တွေက အရမ်းကြီးပြီး ရှုပ်ထွေးတော့ ဘီးထဲမှာ ထည့်ဖို့ အဆင်မပြေ ဘူးလေ။ ပြီးတော့ လျှပ်စစ်မော်တာတွေကလည်း အဲဒီအချိန်တုန်းက သိပ်ခေတ်မစားသေးဘူး။ ဒါကြောင့် ဘီးထဲမှာ မော်တာထည့်တဲ့ စနစ်က

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI   Read More »

သတိထား! လျှပ်စစ်ကားတွေတောင် လေထုကို ညစ်ညမ်းစေနိုင်တယ် – SAI SAI

ဒီကမ္ဘာကြီးမှာ လူတွေဟာ လေကောင်းလေသန့်ကို တမ်းတရင်း အသက်တွေ ဆုံးရှုံးနေရတာ ရင်နာစရာပဲ။ မကြာသေးခင်က ဝါရှင်တန်တက္ကသိုလ်ရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ခန့်မှန်းချက် အရဆိုရင် ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ အချိန်မတိုင်ခင် သေဆုံးသွားတဲ့သူ အရေအတွက်ဟာ ၄.၇ သန်းတောင် ရှိခဲ့တယ်။ ၄.၇ သန်းဆိုတာ တကယ်ကို များလွန်း တယ်။  ဦးနှောက်ထိခိုက် ဒဏ်ရာရမှု (ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု)တို့၊ ကားတိုက်တာတို့၊ ငှက်ဖျားတို့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတို့ အားလုံးပေါင်း သေတဲ့လူဦးရေနဲ့ အတူတူပဲဆိုတော့ ကိုယ်ရှူ နေတဲ့ လေထဲက အဆိပ်တွေက လူတွေကို ဒီလောက်ထိ ရက်ရက်စက်စက် သတ်နေတယ်ဆိုတာ ပေါ်လွင် နေတာပေါ့။ ကားတွေက လေထုညစ်ညမ်းမှုရဲ့ တရားခံအစစ်လား    

သတိထား! လျှပ်စစ်ကားတွေတောင် လေထုကို ညစ်ညမ်းစေနိုင်တယ် – SAI SAI Read More »

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အေအိုင် ပြိုင်ပွဲ – Louie

အနာဂတ်အတွက် နည်းပညာနယ်ပယ်မှာ တိုးတက်လာမှုချင်းကို ယှဥ်ရင် ဘယ်သူက ပိုသာမလဲ၊ အမေရိကန်လား တရုတ်လား။ ဘေးကနေ ထိုင်ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ကမ္ဘာပေါ်မှာ အေအိုင်နဲ့ ပတ်သက်ရင် နာမည်ကြီးနေတဲ့ အိုးပင်း အေအိုင် (Open အေအိုင်) ဆိုတာ  အမေရိကန်ဖြစ်ပြီးတော့ မကြာသေးခင်က လူသိများလာတဲ့ ဒိပ်ဆိခ် (Deepseek) ကတော့ တရုတ်နိုင်ငံကပါ။ ဒိပ်ဆိခ် ကနေ ချပြလိုက်တဲ့ အေအိုင် မော်ဒယ်က ပိုကောင်းတယ်၊ စျေးကလည်း သက်သာတယ်။ သူက အေအိုင်နဲ့ပတ်သက်လာရင် အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ် ကုမ္ပဏီတစ်ခုပေါ့။ သို့ပေမယ့် အေအိုင်ပြိုင်ပွဲကြီးမှာ တကယ် အနိုင်ရသွားသူကတော့ အကောင်းဆုံး မော်ဒယ်ကို တီထွင်နိုင်တဲ့ နိုင်ငံက မဟုတ်ပါဘူး။ သူတို့ တီထွင် လိုက်တဲ့ အေအိုင် မော်ဒယ်ကို အစိုးရ နယ်ပယ်မှာ၊ စီးပွားရေး လုပ်ငန်းရှင်များအကြား နဲ့

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အေအိုင် ပြိုင်ပွဲ – Louie Read More »

အေအိုင် ခေတ်ကြီးထဲ ဘယ်လိုရှင်သန်ကြမလဲ – Harmony

ဒီနေ့ခေတ်ဟာဆိုရင် ဉာဏ်ရည်တု နည်းပညာ  (Artificial Intelligence – အေအိုင်) ရဲ့ ခေတ်ကြီး တစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝ၊ အလုပ်အကိုင်၊ ပညာရေး၊ စီးပွားရေး နယ်ပယ်တွေ အထိ အေအိုင် ဟာ နေရာယူ ဝင်ရောက်လာပြီး ကျွန်တော်တို့ရဲ့ နေထိုင်မှု ဘဝပုံစံကိုပါ မသိလိုက် မသိဘာသာ ပြောင်းလဲ‌စေနေပါတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ “အေအိုင် ခေတ်ကြီးထဲ ဘယ်လိုရှင်သန်မလဲ” ဆိုတဲ့ မေးခွန်းက လူတိုင်းအတွက် အရေးကြီးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အေအိုင် ခေတ်ကြီးထဲ အောင်မြင်စွာ ရှင်သန်နိုင်ဖို့ ပြင်ဆင်ရမယ့် အချက် ခုနှစ်ချက်ကို အသေးစိတ် ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ အေအိုင် ကို ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားပြီး အေအိုင် (AI) ဆိုတာ ဘာလဲ? အေအိုင် ဆိုတာ လူသားတွေရဲ့ ဉာဏ်ရည်ကို တုပပြီး ကွန်ပျူတာစနစ်တွေနဲ့ လုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့အတွက်

အေအိုင် ခေတ်ကြီးထဲ ဘယ်လိုရှင်သန်ကြမလဲ – Harmony Read More »

ကျောင်းတွေမှာ စမတ်ဖုန်းတွေ သုံးခွင့် ပိတ်သင့်လား

ပြင်သစ်နိုင်ငံက မူလတန်းကျောင်းများနဲ့ အလယ်တန်းကျောင်းများမှာ  စမတ်ဖုန်း အသုံးပြုခွင့်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပါတယ်။ ဒီလို ပိတ်ပင်ရတဲ့ အကြောင်းထဲမှာ ကလေးငယ်များကို စာထဲမှာ ပို စိတ်ဝင်စား စေဖို့၊ ဆိုရှယ်မီဒီယာ အသုံးပြုတာကို လျှော့ချနိုင်စေဖို့ နဲ့ အွန်လိုင်း ပေါ်နေ အနိုင်အထက် ပြုကျင့်မှုတွေကို ပပျောက်စေဖို့  ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နယ်သာလန် နိုင်ငံမှာ တော့ ဒီလိုမျိုး ပိတ်ပင်မှုမျိုးကို ၂၀၂၄ခုနှစ် ဇန်နဝါရီလက တည်းက စခဲ့ပြီး ဟန်ဂေရီ နိုင်ငံမှာလဲ မနှစ်က အလားတူ စည်းကမ်းတွေ စတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံရှိ ဥပဒေပြုအမတ်များကလဲ ဒီလို စမတ်ဖုန်း အသုံးပြု့ခွင့် မပေးဖို့ စဥ်းစား တိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အဓိက ကျတာက

ကျောင်းတွေမှာ စမတ်ဖုန်းတွေ သုံးခွင့် ပိတ်သင့်လား Read More »

ကာဗွန်မိုနော့ဆိုက် အသုံးပြုမှု (သို့မဟုတ်) စက်ဘီးစီး အားကစား လောကအတွက် စိန်ခေါ်မှု အသစ်

ကာဗွန်မိုနော့ဆိုဒ် (CO) အန္တရာယ်   ကာဗွန်မိုနော့ဆိုဒ်ဆိုတာ လူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို တော်တော်ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့ပါ။ (chemical formula: CO) အရောင်လည်းမရှိ၊ အနံ့လည်းမရှိတော့ လူတွေက မျက်စိနဲ့လည်း မမြင်နိုင်၊ အနံ့ခံလို့လည်း မသိနိုင်ဘူး။ နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ လူပေါင်း သုံးသောင်းလောက်က အိမ်သုံးမီးဖိုတွေ၊ ကားအိတ်ဇောတွေ၊ မီးလောင်တာတွေကနေ ထွက်တဲ့ ဒီကာဗွန်မိုနော့ဆိုဒ်ကြောင့် အသက်ဆုံးရှုံးနေရတယ်။ အန္တရာယ်ရှိတဲ့ ဒီဓာတ်ငွေ့ကို ရှူမိရင် သွေးထဲက ဟေမိုဂလိုဘင်နဲ့ ပေါင်းပြီး အောက်ဆီဂျင် သယ်တာကို တားဆီးလို့ အသက်ရှူလမ်းကြောင်းကို ပိတ်ပြီး အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်တယ်။  ဒါပေမဲ့ အခု သိပ္ပံပညာရှင်တွေ၊ အားကစားသမားတွေနဲ့ အားကစားလောကက ကျွမ်းကျင်သူတွေက ကာဗွန်မိုနော့ဆိုဒ်က အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်လားဆိုတာကို အလေးအနက် စဉ်းစားဆွေးနွေးနေကြတယ်။ တချို့

ကာဗွန်မိုနော့ဆိုက် အသုံးပြုမှု (သို့မဟုတ်) စက်ဘီးစီး အားကစား လောကအတွက် စိန်ခေါ်မှု အသစ် Read More »

စက်ရုပ် ဗေဒင်

“Transiting Pluto Semi sextile Natal Uranus in Capricorn”. ဒီစကားစုက ကိုစတား (Co-Star) လို့ခေါ်တဲ့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ နက္ခတ်ဗေဒင် အက်ပ်ကို တစ်ယောက်ယောက်က ငါအလုပ်ပိုကြိုးစားဖို့ လိုမလားလို့ အင်္ဂလိပ်လို မေးလိုက်တဲ့ အခါနဲ့ ပြန်လာတဲ့ အဖြေပါ။ ဆိုလိုရင်းကတော့ ပလူတိုဂြိုလ်ရဲ့ တည်နေရာက ယူရေးနပ်စ်ဂြိုဟ်ခွင်ထဲကျနေတဲ့အတွက် လမ်းသစ်တွေ ဖောက်ပါ။ မလိုအပ်ဘဲ လုပ်နေကျ အလုပ်တွေပေါ်က မျှော်လင့်ချက်တွေ လျှော့ထားဖို့လိုမယ်။ ကိုယ့်အရည်အချင်းသစ်တွေကို ရဲရဲကြီး ထုတ်သုံးပြီး လမ်းဟောင်းတွေဆီကနေ ခွဲထွက်လိုက်ပါလို့ ဆိုလိုပါတယ်။ မေးတဲ့လူက ဒါကိုအဟုတ်ကြီး မှတ်ပြီး “ဗေဒင်က ဂြိုဟ်တွေ အပြောင်းအလဲရှိလို့ မင်းခိုင်းတာတွေ မလုပ်နိုင်ဘူး လမ်းသစ်တွေ ဖောက်ဖို့ လိုမယ်လို့ ငါလုပ်ချင်တာဘဲ လုပ်မယ်” လို့များ

စက်ရုပ် ဗေဒင် Read More »

ပန်းသီးနဲ့ ပန်းသီး

ဖေဖော်ရီလ ၁၉ ရက်နေ့မှာတော့ အက်ပဲလ်ကနေ အိုင်ဖုန်း ၁၆အီး (iPhone 16e) ကို စတင် မိတ်ဆက် လိုက်ပါပြီ။ ဒီလို မိတ်ဆက်လိုက်တာဟာ အက်ပဲလ်ရဲ့ အိုင်ဖုန်းဆိုတဲ့ အမှတ်တံဆိပ်ကိုပါ အပြီး ပိတ်သိမ်း သလိုပါပဲ။ နောက်ဆုံးတော့ အက်ပဲလ်က အက်ပဲလ်ပဲဆိုတဲ့ အတိုင်း သူ့ရဲ့ ပရိသတ်ကြီးက ဒါ အိုင်ဖုန်း အက်ဆီး iPhone SE ပဲမဟုတ်လားလို့ စူးစမ်းနေကြတာကိုတောင် ဂရုမစိုက်ဘဲ ခပ်မာမာ သူလုပ်ချင်တာ လုပ်ပြသွားခဲ့ပါပြီ။ ကိုယ့်ဘာသာ အိုင်ဖုန်း 16e ကို အခြားအိုင်ဖုန်းများနဲ့ပဲ ယှဥ်ရမလား စျေးကွက်ထဲက အခြားဖုန်း တွေနဲ့ ယှဥ်ရမလားဆိုတာ ဝေခွဲမရ ဖြစ်နတုန်းမှာပဲ တင်မ်ကွတ် (Tim Cook) နဲ့ သူ့အဖွဲ့သား တွေက

ပန်းသီးနဲ့ ပန်းသီး Read More »