The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း

ချာလက်စတန်မြို့ဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ လူဦးရေအထူ ထပ်ဆုံးမြို့လေးဖြစ်ပြီး ၁၆၇၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေက စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီမြို့လေးမှာ Mother Emanuel A.M.E ဘုရားကျောင်း ကို ၁၈၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ၁၈၈၆ မှာ ငလျင်မိခဲ့ပေမယ့် ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ချာလက်စတန်မြို့ရဲ့  စိုစိစိ ညနေခင်းမှာ ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး ပန်းကန်လုံးပုံစံ ဆံပင်နဲ့ ဒိုင်လန်ရုဖ်ဆိုတဲ့ကောင်လေးဟာ A.M.E ဘုရားရှိခိုးကျောင်းထဲက သမ္မာကျမ်း စာ အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေရာက အစဉ်အလာအရ တောင်ကာရိုလိုင်းနား ပြည်နယ်မှာ လူမည်းတွေ သက်တမ်းအကြာဆုံး စုပေါင်း ဘုရားဝတ်တက်တဲ့ နေရာပါ။ အသက် ၂၁နှစ်အရွယ် ရုဖ်မှာ ဒသမ ၄၅ ပစ္စတို […]

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း Read More »

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ

သမ္မတဟာ အမေရိကန်ရဲ့ ဒီမိုကရက်မြို့တွေအပေါ် ပစ်မှတ်ထား ကိုင်တွယ် ဆောင်ရွက်ဖို့ အရူးအမူး ဖြစ်နေပါတယ်။ မိုက်ဂရံ့ (Migrants) လို့ခေါ်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ကြိုဆိုတဲ့ မြို့တွေအပေါ် ပစ်မှတ်ထားတာက သမ္မတရဲ့ စိတ်ကြိုက်အတွေ့ဆုံး မူဝါဒ ဖြစ်နေပါတယ်။ သို့ပေမဲ့လည်း စက်တင်ဘာလ ၄ ရက်နေ့မှာ ဟွန်ဒိုင်း (Hyundai) လျှပ်စစ်ကား စက်ရုံမှာ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၇၅ ဦးကို ဖမ်းခဲ့တာက ထူးခြားနေပါတယ်။ ဒီလျှပ်စစ်ကား စက်ရုံက ဂျော်ဂျီယာ ပြည်နယ် အယ်လက်ဘဲလ် (Ellabell) မြို့ပြင်နားမှာ တည်ရှိတာဖြစ်ပြီး ဒီမြို့ဟာ ရီပတ်ဘလီကင်တွေ အားကောင်းရာ ဒေသမှာ ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ကျေးလက် မြို့ကလေးပါ။ စက်ရုံဝန်းကျင်မှာ တပ်ဖွဲ့ဝင် ၄၀၀

ကိုယ့်ရှူးကိုယ်ပတ် မူဝါဒ အလွဲအချော်များ Read More »

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး

အလာစကာမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတော့ တချို့က မျှော်လင့်ချက်နဲ့ စောင့်ကြည့်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ပဥ္စလက်ဆန်ဆန် ဘာများ ထုတ်ပြလိုက် မလားပေါ့။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ခဲ့ကြတာပါ။ တွေ့ခဲ့တဲ့ နေရာက အလာစကာမှာရှိတဲ့ အမေရိကန် ကြည်း-လေ ပူးတွဲ စစ်အခြေစိုက်စခန်း (Elmendorf Richardson) ပါ။                 ဒီ ကြည်း-လေ ပူးတွဲ စစ်အခြေစိုက် စခန်းမှာ သမ္မတ ပူတင် လေယာဥ်မဆိုက်ခင် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ရဲ့ သမ္မတစီး လေယာဥ်ပျံပေါ်မှာ မီဒီယာနဲ့ တွေ့ပြီး “ကျွန်တော်တို့ ဒီကိုရောက်နေတာ အပစ်အခတ် ရပ်စဲရေးအတွက်ပါ၊ ကျွန်တော်တို့ အပစ်အခတ်

ကျောခိုင်း လျှောက်လှမ်းနေသော ငြိမ်းချမ်းရေး ခရီး Read More »

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’

အမေရိကန်အစိုးရအဖွဲ့များတွင် ယေဘုယျအားဖြင့် သမ္မတပြီးလျှင် အစဉ်အလာအားဖြင့် ထင်ပေါ်သူမှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။ လက်ရှိ အမေရိကန် သမ္မတ ထရမ့်အစိုးရအဖွဲ့တွင်မူ နိုင်ငံခြားရေးဝန်ကြီး (Marco Antonio Rubio) ထက် ကာကွယ်ရေးဝန်ကြီးက ပို၍ ထင်ပေါ်နေလေသည်။ နိုင်ငံခြားရေးနှင့်ပတ်သက်သော မူဝါဒဆိုင်ရာ သဘောထား များကို နိုင်ငံခြားရေးဝန်ကြီးထက် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) က ထုတ်ဖော်ပြောဆိုနေသည်ကို ရံဖန်ရံခါ ကြားနေရသည်။ အထူးသဖြင့် သမ္မတ ထရမ့်အစိုးရအဖွဲ့သည် နယ်မြေချဲ့ထွင်ရေးမူဝါဒ (သို့မဟုတ်) ကိုလိုနီနယ် မြေတိုးချဲ့ ရေးမူဝါဒကို ကိုင်စွဲထားသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ လက်ရှိ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေကို ကြည့်၍ အထီးကျန်ဝါဒ ကျင့်သုံးနေသူ (Isolationist)ဟုလည်း သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်အစိုးရ၏

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ Read More »

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ

ဘရာဇီးရဲ့ တရားရေး လုပ်ပိုင်ခွင့်ကို ဝင်နှောက့်ယှက်တဲ့ အမေရိကန် ထင်သလိုဖြစ်ရဲ့လား စစ်အေးကာလ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက လက်တင်အမေရိက နိုင်ငံတစ်ခုအပေါ်မှာ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်တာမျိုးကို တွေ့ရမြင်ရ ခဲပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးနိုင်ငံက သွင်းကုန် တွေအပေါ်မှာ အခွန် ၅၀ ရာနှုန်း ကောက်ခံတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘရာဇီး သမ္မတဟောင်း လက်ယာစွန်းဝါဒီ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကိုလည်း အပြစ်ရှာ နှိပ်ကွပ်နေတယ်လို့ မှတ်ချက် ပြုပါသေးတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို ဟာ အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်နဲ့ မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘော်လ်ဆိုနာရို ကတော့ ဒီစွတ်စွဲချက်ဟာ မဟုတ်မမှန်

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ Read More »

မရယ်ရတဲ့ ဟာသ

အရွှန်းဖောက်တယ်ဆိုတာ အဖောက်ခံရသူက မျက်နှာကြီးမည်း သွားပြီး ပရိသတ်က “ဝါးခနဲ” ရယ်တဲ့အခါမှ ဟာသမြောက်တာပါ။ ဝါရင့် လူရွှင်တော်ကြီးတွေ ပြောတာ ‘အအုပ်’ နဲ့ ‘အခံ’ ဆိုတာ မှတ်သားမိပါတယ်။ ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွင်းမှာ အိုနီယွန် (Onion) – ကြက်သွန်လို့ အမည်ရတဲ့ လစ်ဘရယ် အသော အထေ့ ဂျာနယ် တစ်စောင်မှာ သတင်းခေါင်းစီးကို ဒီလိုရေးပါတယ် “Trump calls Harris to congratulate himself on winning“။ မြန်မာလို ပြန်မယ်ဆိုရင်တော့ “သူ အနိုင်ရတဲ့အတွက် ထရမ့်က ဟဲရစ်ဆီကို ဖုန်းခေါ်ပြီး သူ့ကိုယ်သူပဲ ဂုဏ်ပြု စကားပြောလိုက်တယ်” တဲ့။  ခပ်တိုတိုပါပဲ။ ဟာသတစ်ခု အမြင်နဲ့ဆိုရင် ဒီစာကြောင်းက

မရယ်ရတဲ့ ဟာသ Read More »

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။ “အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး Read More »

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု

အီလွန်မတ်ရော ဒေါ်နယ်ထရမ့်ပါ သူတို့အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက ထင်းခနဲ မြင်နေရတာပါ။ ထရမ့်က ”အမေရိကန် တွေ အာရုံအစိုက်ဆုံး သတင်းဟာ သူ့သတင်းဖြစ်ရမယ်”လို့ ခံယူထားတာဟာ သိသာမြင်သာပါတယ်။ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက် လက္ခဏာ ကလည်း ထူးမခြားနားပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး တွဲထွက်လာကတည်းက ”ဒီနှစ်ယောက် ဘယ်တော့ ထချကြမလဲ”လို့ တွေးဆ ပြီးသားပါ၊ အီလွန်မတ်နဲ့ ထရမ့်တို့ ကွဲကြပြဲကြဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ တွေးထင် ထားတာထက်ကိုစောစောစီးစီး ”စလယ်ဝင် ဖင်မမည်းခင် ကတည်းကကွဲ” တာကသာ အံ့ဩစရာ ဖြစ်နေတာပါ။ နိုင်ငံရေးမှာ သက်ဆုံးတိုင် မဟာမိတ်တွေဖြစ်တော့မလိုလို၊ နှစ်ဦးစလုံးက ဒရာမာတွေခင်းခဲ့ကြပေမယ့် ကွဲပြကြတာ ဖင်မနွေးခင် မှာပဲ အီလွန်မတ်က ပါတီသစ် ”အမေရိကားပါတီ”ကို ထူထောင်မယ်လို့ ကြေညာလာပါတယ်။ ထရမ့်ကတော့ ထုံးစံအတိုင်း

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု Read More »

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ်

ဖေဖော်ဝါရီလမှာ လူဝီစီးယားနားပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဖြစ်သလို ဆရာဝန်တစ် ယောက်လည်းဖြစ်တဲ့ ဘေးလ်ကာစီဒီ (Bill Cassidly) က ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာကို အမေရိကန်ကျန်းမာရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်သင့်/မသင့် ကြားနားပွဲမှာ အတည်ပြုဖို့ အဆုံး အဖြတ် မဲပေးခဲ့ပါတယ်။ ဘေးလ်ကာစီဒီက ရှင်းလင်းရာမှာ ရောဘတ်ကနေဒီဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Centres for Disease Control and Prevention – CDC) ၊ ကာကွယ်ဆေးဆိုင်ရာ အထူး ကျွမ်းကျင်သူများ အကြံပေး ကော်မတီ (ACIP) ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ကတိကဝတ်ပြုခဲ့လို့သာ အခုလို အတည်ပြု ဆုံးဖြတ် ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ရောဘတ်ကနေဒီက ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိဘူးဆိုတာက တစ်နိုင်ငံလုံး

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ် Read More »

အရူးတွေရဲ့ ကမ္ဘာ..

(၁) အရူးဟာ သူရူးနေတာကို မသိဘူး။ အရူးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်။ အရူးပြောသမျှစကား ယုံသူအားလုံး ရူးသွားကြတယ်။ အရူးက ဒီနေ့ ဒီစကားပြောပြီး နောက်တနေ့ နောက်တမျိုးပြောတယ်။ တနေ့တမျိုး မရိုးရဘူး။အရူးကို သွားမခန့်မှန်းနဲ့ ရူးသွားမယ်။ အရူးဟာ ဗလောင်းဗလဲ အမြဲပြောတယ်။ အရူးစကားကို အတည်ယူလို့ မရသလို အတည်မယူလို့လည်း မရဘူး။ အရူးဟာ သူစိတ်ထင်ရင် ထင်သလို ဆုံးဖြတ်တတ်ပြီး စိတ်မထင်ရင် မထင်သလို ရုတ်တရက်ပြောင်းလဲလုပ်တတ်တယ်။အရူးဟာ သူ့ကိုယ်သူသာ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံးလို့ ယူဆပြီး တခြားသူတွေကို အထင်သေးတယ်။။ အရူးကို ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ အရူးက ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့။ အရူးဟာ စကားကိုအလွယ်ပြောတယ်။ ပြောပြီး ကတိမတည်ဘူး။  (၂) ဘီဘီစီ In-Depth မှာ Allan Little ရဲ့ How

အရူးတွေရဲ့ ကမ္ဘာ.. Read More »