ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး
နိုင်ငံတော် သမ္မတဆိုတာ တိုင်းပြည်အတွက် လေးနက် ကျယ်ပြန့်တဲ့ ယုံကြည်မှု တစ်ခု ရှိရပါမယ်။ စာရိတ္တနေရာမှာလည်း စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ပေး နိုင်သလို ကိုယ်တိုင်လည်း တရားဥပဒေ ကို လေးစားလိုက်နာသူဖြစ်ရပါမယ်။ ဒေါ်နယ်ထရမ့်မှာ ဒီစံချိန်စံညွှန်းတွေ အားလုံးမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီတော့ ပြောချင်သလိုပြော လုပ်ချင်သလို လုပ်တယ်ဆိုတာ အံသြစရာ မရှိပါဘူး။ ဒေါ်နယ်ထရမ့်က ဒီအမူအကျင့်တွေကို သူ့နိုင်ငံထဲ ကျင့်သုံး ရုံမက မဟာမိတ်မချန် ကမ္ဘာကြီး အပေါ်မှာပါ ကျင့်သုံးလာတာကတော့ ကမ္ဘာကြီးကို ကသောင်းကနင်း ချောက်ကမ်းပါးထဲ တွန်းချနေတာနဲ့ အတူတူပါပဲ။ ကနေဒါနိုင်ငံဆိုတာ အမေရိကန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေး အင်အားကြီး ခုနှစ် နိုင်ငံထဲက တစ်နိုင်ငံပါ။ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ခဲ့တဲ့ စံနမူနာကောင်း […]
ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး Read More »

