The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁၃)

The Corner, Volume 13

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား

ကမ္ဘာမြေကြီးက တဖြည်းဖြည်းနဲ့ အတော်ကလေး ကြပ်ညပ်လာပါပြီ။ တစ်နေ့မှာ အင်္ဂါဂြိုဟ်ကို ပြောင်း‌ရွှေ့ အခြေချချင်သူ တွေအတွက် ကြော်ငြာတစ်ခုကို ခင်ဗျားတွေ့တယ်။ ခရီးစရိတ်ကလည်း အခမဲ့ပါတဲ့။ ကမ္ဘာသားဘဝကို စွန့်လွှတ် နိုင်မယ့် သူတွေအတွက် မြေယာအဆောက်အအုံ ပိုင်ဆိုင်မှု နဲ့ အလုပ်အကိုင်ကောင်းကောင်းလည်း ရမယ်။ ဂြိုဟ်ပေါ်မှာ အခုဆိုရင် ကိုလိုနီတစ်ခု ထူထောင်ပြီးသွားပြီ။ အခုအချိန် အဲဒီမှာ အင်မတန်လိုအပ်နေတဲ့ ကျွမ်းကျင်မှုက ခင်ဗျားဆီမှာ ရှိတယ်။ “ဘာလို့ မသွားရမှာလဲ” ခင်ဗျား ကောက်ချက်ချလိုက်တယ်။ အဲဒီနောက် အိပ်မက်ကင်းမဲ့တဲ့ စံလွန်အိပ်စက်ခြင်းတစ်ခု ကြာပြီးတဲ့အခါ အင်္ဂါဂြိုဟ်ကို ခင်ဗျား ‌ရောက်သွားပါတော့တယ်။ အင်္ဂါဂြိုဟ်က ခင်ဗျား မျှော်လင့်ထားတာထက် စိမ်းစိုနေပြီး ခင်ဗျားရဲ့ မြေယာအသစ်ကလည်း အင်မတန်လှပါတယ်။ ဒါပေမဲ့ အရာအားလုံးက မြင်နေရတဲ့အတိုင်း မဟုတ်ဘူး။ ကမ္ဘာမှာကျန်ခဲ့တဲ့ […]

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား Read More »

ခံစားခွင့်

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသဘောတရားကိုလေ့လာတဲ့အခါ ခံစားခွင့်တွေအကြောင်းက ချန်ထားခဲ့လို့မရတဲ့ အဓိက အကြောင်းအရာတစ်ခုပေါ့။ လုပ်ခလစာဆိုတာ လူတစ်ယောက်အပေါ်မှာ စီးပွားရေး အရရော၊ လူမှုရေးအရရော၊ စိတ်ပိုင်း ဆိုင်ရာ အရပါ သက်ရောက်မှုရှိတတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝန်ထမ်းတွေဆီကနေ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေအောင်မြင် လာအောင် တစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ လုပ်ငန်း စွမ်းဆောင်ရည်တွေကို ထိထိရောက်ရောက်အသုံးချပြီး ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ကြိုးပမ်း အကောင်အထည်ဖော်ဖို့ စတဲ့စတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဝန်ထမ်းတွေဘက်က အများကြီးကြိုးစားပေးဖို့မျှော်လင့်ပိုင်ခွင့်ရှိသလိုပဲ ဝန်ထမ်းတွေအနေနဲ့လည်း အဖွဲ့အစည်း ဘက်က သင့်တင့်မျှတတဲ့လုပ်ခလစာပေးဖို့၊ ခံစားခွင့်တွေပေးဖို့ မျှော်လင့်ပိုင်ခွင့်ရှိပါတယ်။ တချို့ကကျတော့လည်း လစာတွေ အများကြီးပေးထားပေမယ့် အလုပ်ကျတော့ သိပ်မလုပ်ချင်ဘူးဆိုတဲ့ အမြင်မျိုးလည်းရှိတတ်ပြန်တယ်။ အခြားတစ်ဖက်မှာ ကျတော့လည်း လစာကသာတိုးမလာ၊ အလုပ် ဝန်တွေကပိပိလာတယ်လို့ မြင်လာတတ်တဲ့သဘောရှိတယ်။ လူတိုင်း ကျေနပ်တဲ့

ခံစားခွင့် Read More »

ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် အစွန်း နှစ်နေရာ

မကြာသေးမီ လပိုင်းတွေ အတွင်းမှာ ကျွန်တော်မှတ်တမ်းတင်ကာ သိမ်းထားတဲ့ သတင်းအချက်အလက် စာအုပ်ကလေးကို ကျွန်တော် လှန်လှောကြည့်နေမိတယ်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းဘီလျံနာကြီးတွေနဲ့ ပိုင်ဆိုင်တဲ့ ဓနဥစ္စာ တန်ဖိုးစာရင်းကို ပထမဆုံးတွေ့ရတယ်။ အီလွန်မက်စ်က ဒေါ်လာ ၃၄၂ ဘီလီယံ၊ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မတ်ဇူကာဘတ်က ဒေါ်လာ ၂၁၆ ဘီလီယံ၊ အမေဇုံ (Amazon) ပိုင်ရှင် ဂျက်ဖ်ဘီဇော့က ဒေါ်လာ ၂၁၅ ဘီလီယံ၊ Tech Giant ကို ပူးတွဲတည်ထောင်သူ လာရီ အယ်လီဆန်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဒေါ်လာ ၁၉၂ ဘီလီယံ၊ LVMH ဇိမ်ခံ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းကြီးကို ပိုင်ဆိုင်တဲ့ ဘားနတ် အာနိုးနဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ

ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် အစွန်း နှစ်နေရာ Read More »

အခမဲ့ အများသုံး ဝိုင်ဖိုင် (Public Free  Wifi) ဟာ လုံခြုံပါသလား

ယနေ့ခေတ်အခါမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တာနဲ့အမျှ နေရာတိုင်း လိုလို မှာ အခမဲ့ ဝိုင်ဖိုင် တွေ တပ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ ခေတ်အခြေအနေအရ အင်တာနက် အသုံးပြုသူတွေဟာ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် ထိုင်ရင်တောင်မှ ဝိုင်ဖိုင်ရတဲ့ဆိုင်၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ ဈေးဝယ်လို့ ငွေသား မဟုတ်ဘဲ ကေပေး (K Pay)၊ ဧရာပေး (AYA Pay) စတဲ့ ဒစ်ဂျစ်တယ် ဝေါလတ်လို့ခေါ်တဲ့ ခေတ်ပေါ် PAY app တစ်ခုခုနဲ့ ပိုက်ဆံ ရှင်းမယ်၊ QR code ဖတ်တော့မယ် ဆိုရင်တောင် ဆိုင်က ဝိုင်ဖိုင်လေး ချိတ်လိုက်ရမှ ဆိုတဲ့ အနေအထားဖြစ်နေပါပြီ။ ဒါ့အပြင် အင်တာနက်ကို အမြဲ အသုံးပြုရတဲ့ remote job လုပ်တဲ့သူ တွေက အိမ်မှာဆို

အခမဲ့ အများသုံး ဝိုင်ဖိုင် (Public Free  Wifi) ဟာ လုံခြုံပါသလား Read More »

အယူသီးကြသူများ

ဟောင်ကောင်သား တော်တော်များများက နာမည်ကြီး ကမ္ဘာကျော် ရှေ့ဖြစ်ဟောဆရာ နော်စထရာ ဒေးမတ်စ် ပြီးရင် တက်ဆူကီယိုကို ဂမ္ဘီရ ပညာမှာ တဖက်ကမ်းခပ် တတ်မြောက်သူ ရှေ့ဖြစ်ဟော ဆရာမကြီး တစ်ဦးအဖြစ် လက်ခံ ထားကြ ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ဂျပန် မန်ဂါ အနုပညာရှင်တစ်ဦးလည်း ဖြစ်သူ တက်ဆူကီယို က နိမိတ်ပုံရိပ် အိပ်မက်များ စုစည်းချက် ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ရာမှာ “၂၀၁၁ ခုနှစ်၊ ၃ လပိုင်းမှာ “ကပ်ဆိုးကြီး” တစ်ခု ဖြစ်ဖို့ရှိတယ်လို့ သတိပေး ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လမှာ ဂျပန်နိုင်ငံဟာ ငလျင်ကြီးဖြစ်လို့ နောက်ဆက်တွဲ ဆူနာမီနဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို ထိခိုက်တာတွေရဲ့ နောက်ဆက်တွဲတွေကြောင့် လူပေါင်း

အယူသီးကြသူများ Read More »

ဝတ္ထုများများဖတ်ပါ

အကြံဉာဏ် တစ်ခု ပေးစရာ ရှိပါတယ်။ အဲဒါကတော့ ဝတ္ထု (fiction) များများဖတ်ပါ။ နွေရာသီမှာ ပျော်ရွှင်စရာ တစ်ခုက ဇိမ်နဲ့ စာဖတ်ရင်း အချိန်ကုန်ဆုံးရတာပါ။ ကျွန်တော်တို့လို အရွယ်တွေက တစ်နာရီ လောက် တင်းနစ် ရိုက်လိုက်ရင်ဖြစ်ဖြစ်၊ အလယ်ခေတ် ကျောက်ခင်းလမ်းမပေါ် ခြေကျင် လမ်းလျှောက်ရရင် ဖြစ်ဖြစ် အရိုးအဆစ်တွေ နာကျင်လာတတ်ပါတယ်။ နေသာတဲ့ နေ့ရက်တစ်ရက်မှာ စိတ်ကူးယဉ်ဝတ္ထုကောင်း တစ်အုပ်ကို ထိုင်ဖတ် လိုက်ရတာက နာနေတဲ့ အရိုးအဆစ်တွေကို ဒဏ်ကျေလိမ်းဆေး လိမ်းပေးလိုက်သလိုပါပဲ။ ဒီလိုပြောလိုက်ရင် ကျွန်တော့် ဝါသနာက အများနဲ့မတူ ထူးခြားနေတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒစ်ဂျစ်တယ်ခေတ်က ကျွန်တော်တို့ကို ပေးလိုက်တဲ့ ရောဂါတွေထဲမှာ စာမဖတ်တတ်တော့တဲ့ ရောဂါလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီရောဂါက ငယ်ရွယ်စဉ် ကတည်းက စတင်ဖြစ်ပွားပါတယ်။

ဝတ္ထုများများဖတ်ပါ Read More »

စာဖတ်ခြင်းနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး

ကျွန်တော်တို့ စာအုပ်တစ်အုပ်ကို လက်ကကိုင်ပြီး ဖတ်ခဲ့ဖူးတာ လွန်ခဲ့တဲ့ တစ်ရက်ကလား၊ တစ်ပတ်ကလား၊ တစ်လကလား ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်နှစ်ကလား။ ကျွန်တော်တို့ရဲ့ အလေ့အကျင့်နဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အဖြေက အမျိုးမျိုးဖြစ်မှာပါ။ နောက်ထပ်မေးခွန်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အင်တာနက်သုံးရင်း ဖတ်မိလိုက်တဲ့ အမှတ်တရဖြစ်နေတဲ့ စာတစ်ပုဒ်လို့ မေးမယ်ဆိုရင်ရော အခုဒီစာဖတ်သူမှာ အဖြေရှိပါသလား။ ရှိတာလည်း ဖြစ်နိုင်သလို မရှိတာလည်း ဖြစ်နိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဆောင်ပုဒ်တွေ၊ ဆိုစကားတွေအများကြီးထဲမှာမှ ကျွန်တော် အကြိုက်ဆုံးကတော့ ဆရာကြီး လယ်တွင်းသားစောချစ် ပြောခဲ့တဲ့ ဆိုစကားကို မှတ်မှတ်သားသား အရှိဆုံးပါပဲ။ စာတတ်ပါလျှက်နဲ့ စာမဖတ်တဲ့သူက ဘာနဲ့ တူသတုံးဆိုတော့ ပြတင်းပေါက်ပါတဲ့အိမ် တစ်လုံး ပြတင်းပေါက်မဖွင့်တာနဲ့ အတူတူပဲတဲ့။ ပြတင်းပေါက်တွေပါသားနဲ့ တစ်ခါမှ မဖွင့်ဘူးဆိုရင် အဲ့ဒီအိမ်ထဲကို အလင်းရောင်တွေ

စာဖတ်ခြင်းနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး Read More »

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း

(စာဖတ်ခြင်းဖြင့် တိုးတက်သော ဘဝကိုတည်‌ဆောက်ကြပါ) စမ်းသပ်မှုဟာ ရိုးရှင်းလွန်းလို့ ကျောင်းသားတွေက လွယ်လွယ်လေးနဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မလွယ်ကူလှပါဘူး။ အမေရိကန် တက္ကသိုလ်နှစ်ခုက စာပေအထူးပြု ကျောင်းသားတွေကို Charles Dickens ရဲ့ “Bleak House” ဝတ္ထု ပထမဆုံး အပိုဒ်တွေကို ပေးပြီး ဖတ်စေခဲ့ပါတယ်။ ပြီးတော့ အဲဒီအပိုဒ်တွေကို ရှင်းပြခိုင်းခဲ့ပါတယ်။ ၁၉ ရာစုအလယ်ပိုင်းက ရေးသားခဲ့တဲ့ အင်္ဂလိပ်စာပေကို အင်္ဂလိပ်စာပေအထူးပြု သင်ယူနေတဲ့ ကျောင်းသားတွေက ဖတ်တာ၊ ဒါ ဘယ်လောက်တောင် ခက်ခဲနိုင်မှာမို့လို့လဲလို့ တွေးမိပါလိမ့်မယ်။  (Charles Dickens ရဲ့ “Bleak House” ဝတ္ထုကို ၁၈၅၂ ခုနှစ်၊ မတ်လကနေ ၁၈၅၃ ခုနှစ်၊ စက်တင်ဘာလအထိ အခန်းဆက်ပုံစံနဲ့ ထုတ်ဝေခဲ့ပါတယ်။)

စာဖတ်ပျင်းသူတွေ တိုးလာတဲ့ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို ကျော်လွှားခြင်း Read More »

ဂိမ်းဆော့မလား စာဖတ်သလား

မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။ မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန်

ဂိမ်းဆော့မလား စာဖတ်သလား Read More »

စာဖတ်ခြင်း.. အကြောင်း

The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books)

စာဖတ်ခြင်း.. အကြောင်း Read More »