The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁၇)

The Corner, volume 17

ရာမြွန် သို့မဟုတ် ကိုရီးယား ခေါက်ဆွဲပြုတ် စပ်စပ်

K-Pop အောင်မြင်တာနဲ့အမျှ ရာမြွန်ခေါက်ဆွဲရောင်းအား တစ်ကမ္ဘာလုံး တက်လာနေ ကမ္ဘာကျော် ဂီတကြယ်ပွင့် အဆိုတော်တိုင်းမှာ ဖျော်ဖြေပွဲမစခင် လုပ်လေ့ရှိတဲ့ အလေ့အထလေးတွေ ရှိပါတယ်။ ဘီယွန်စေး (Beyoncé) က နှိပ်နယ်ပေးတဲ့ကုလားထိုင်မှာ ထိုင်ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ် (Selena Gomez) က သံလွင်ဆီတစ်ဇွန်းကို မျိုချပါတယ်။ ဟန့်တာ/အိတ်စ် (HUNTR/X) အဖွဲ့ဝင်တွေဖြစ်တဲ့ ရူမီ (Rumi)၊ မီရာ (Mira) နဲ့ ဇိုဝီ (Zoey) တို့ကတော့ ရာမြွန် (ramyeon) ခေါက်ဆွဲပြုတ် စားပါတယ်။ HUNTR/X ဆိုတာ တကယ်ရှိတဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ‘KPop Demon Hunters’ လို့ခေါ်တဲ့ ကာတွန်းကား (Animated Film) ထဲက စိတ်ကူးနဲ့ ဖန်တီးထားတဲ့ K-Pop […]

ရာမြွန် သို့မဟုတ် ကိုရီးယား ခေါက်ဆွဲပြုတ် စပ်စပ် Read More »

အာဂအမေ

(၁) ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သူ့တစ်ဦးတည်းသောသားကိုမြင့်ဇံတို့ဆက်ဆံရေးက စိတ်ဝင်စားဖို့  ကောင်းသည်။ မာမီကြီးကသားကွယ်ရာမှာကိုမြင့်ဇံဘယ်လိုတော်ကြောင်း၊ ဘယ်လိုစာဖတ်ကြောင်း၊ ဖတ်ထားသမျှဘယ်ပုံမှတ်မိကြောင်း မကြာမကြာပြောတတ်သည်။ ဒီအချိန်မှာ မာမီ့မျက်နှာက သားချစ်စိတ်နှင့်နူးညံ့နေသည်။ သို့ပေမဲ့ သားအမိချင်း မျက်နှာချင်း ဆိုင်လိုက်လို့ကတော့ သို့ကလိုမဟုတ်  တော့ပြီ။ ဒီသားအမိက အကြောင်းအရာတစ်ခုခုစပြောလိုက်ကတည်းက ခွန်းကြီးခွန်းငယ် အပြန်အလှန်ပြောကြတော့တာ။ စစချင်းတော့ ပုံမှန်အသံပါပဲ။ နောက်ပိုင်းကျတော့ အမေရော သားပါ အသံ volume တက်လာသည်။ နှစ်ဦးစလုံးက ဘာအကြောင်းအရာကိုမဆို တတ်သိနားလည်သူတွေ။ ပြီးတော့ နှစ်ဦးစလုံးကငြင်းရတာခုံရတာ ဝါသနာထုံသူတွေ။ မာမီကြီးက ငြင်းခုံရတာကို ဉာဏ်ကစားခြင်း တစ်မျိုး (Intellectual exercise) ဟုလက်ခံထားသူ။ ကိုမြင့်ဇံက ရှေ့နေ / ဥပဒေပညာရှင်။ မန္တလေးကို သားအမိနှစ်ဦးလာလည်စဉ်တုန်းက ကြုံရတာတစ်ခုကို မှတ်မိနေသည်။  မာမီက အရင်လာပြီး ကိုမြင့်ဇံက

အာဂအမေ Read More »

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ်

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး Read More »

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

“ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်“ အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့်

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ Read More »

မှော်ရမ်းပွင့်ချိန်

ရုံးအားရက် တနင်္ဂနွေနေ့တစ်နေ့တွင် စာရေးရန် စိတ်ကူးစိတ်သန်း ထုတ်နေစဉ် အမေက စာအုပ်တစ်အုပ် လာပေးသည်။ အဖေ့စာအုပ်စင် ရှင်းလင်းရာမှ တွေ့လာပုံရသည်။ အဖေသာ သက်ရှိထင်ရှားရှိသေးလျှင် အသက်တစ်ရာ‌ကျော်ရော့မည်။ စာအုပ်မှာ သားရေဖုံး မှတ်တမ်းစာအုပ် ဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ အပြင်က သားရေဖုံးအကောင်းစားဖြစ်၍သာ စာအုပ်အဖြစ် တည်တံ့ နေသည်။ စာအုပ်ကို လှန်လှောကြည့်သောအခါ အတွင်း စာရွက်များမှာ အထိပင် ကောင်းကောင်း မခံချင်။ ဆွေးမြည့်နေပြီ။ အချို့နေရာများတွင် ပိုးဖောက်ရာတွေ ပြည့်နေ၏။ အဖေ့လက်ရေးလက်သားမှာ ရှင်းလင်းပီသ၍ ဝိုင်းစက်လှပသည်။ သို့ရာတွင် မင်အရောင်မှာ မှေးမှိန် ဖျော့တော့နေပြီ။ အတော်ပင် အားယူ၍ ဖတ်ရ၏။ ပိုးဖောက်ရာများသော စာမျက်နှာများမှာ လုံးစေ့ပတ်စေ့ ဖတ်မရ တော့။ ရှေ့နောက်ဆက်စပ်၍သာ ဖတ်ရ၏။ ဖတ်ရင်းဖတ်ရင်းမှာပင် မဂ္ဂဇင်း အချို့၌

မှော်ရမ်းပွင့်ချိန် Read More »