အာဂအမေ
(၁) ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သူ့တစ်ဦးတည်းသောသားကိုမြင့်ဇံတို့ဆက်ဆံရေးက စိတ်ဝင်စားဖို့ ကောင်းသည်။ မာမီကြီးကသားကွယ်ရာမှာကိုမြင့်ဇံဘယ်လိုတော်ကြောင်း၊ ဘယ်လိုစာဖတ်ကြောင်း၊ ဖတ်ထားသမျှဘယ်ပုံမှတ်မိကြောင်း မကြာမကြာပြောတတ်သည်။ ဒီအချိန်မှာ မာမီ့မျက်နှာက သားချစ်စိတ်နှင့်နူးညံ့နေသည်။ သို့ပေမဲ့ သားအမိချင်း မျက်နှာချင်း ဆိုင်လိုက်လို့ကတော့ သို့ကလိုမဟုတ် တော့ပြီ။ ဒီသားအမိက အကြောင်းအရာတစ်ခုခုစပြောလိုက်ကတည်းက ခွန်းကြီးခွန်းငယ် အပြန်အလှန်ပြောကြတော့တာ။ စစချင်းတော့ ပုံမှန်အသံပါပဲ။ နောက်ပိုင်းကျတော့ အမေရော သားပါ အသံ volume တက်လာသည်။ နှစ်ဦးစလုံးက ဘာအကြောင်းအရာကိုမဆို တတ်သိနားလည်သူတွေ။ ပြီးတော့ နှစ်ဦးစလုံးကငြင်းရတာခုံရတာ ဝါသနာထုံသူတွေ။ မာမီကြီးက ငြင်းခုံရတာကို ဉာဏ်ကစားခြင်း တစ်မျိုး (Intellectual exercise) ဟုလက်ခံထားသူ။ ကိုမြင့်ဇံက ရှေ့နေ / ဥပဒေပညာရှင်။ မန္တလေးကို သားအမိနှစ်ဦးလာလည်စဉ်တုန်းက ကြုံရတာတစ်ခုကို မှတ်မိနေသည်။ မာမီက အရင်လာပြီး ကိုမြင့်ဇံက […]








