The Corner

The Corner

cropped-Logo_round_grey-background.png

ဒေါက်တာအောင်ကြီး

ဂျော့ချ်အော်ဝဲလ်ပြန်လာခြင်း – ဒေါက်တာ အောင်ကြီး

ကသာသွားလည်ချင်တဲ့ အင်္ဂလိပ်ဆရာဝန် လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်ကာလက ယူကေနိုင်ငံ တော်ဝင်သမားတော် ကောလိပ်က ကြီးမှူး စစ်ဆေးသည့် အမ်အာစီပီ (MRCP – UK) စာမေးပွဲကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။ တော်ဝင် ကောလိပ် စာစစ်သူများနှင့် မြန်မာ ဆရာဝန်ကြီးများ ပူးပေါင်းစစ်ဆေးသည့်စာမေးပွဲ။ ရန်ကုန် စာစစ်ဌာနတွင် စတင်စစ်ဆေးပြီးနောက် မန္တလေး စာစစ်ဌာနသို့ လာရန်စီစဉ်ထားသည်။ တော်ဝင်ကောလိပ်မှလာရောက်စစ်ဆေးသူ ဗြိတိသျှဆရာဝန်တစ်ဦးက မန္တလေးတွင် စာမေးပွဲ စစ်ဆေးပြီး သည့်အခါ ကသာမြို့သို့သွားရောက်လည်ပတ်ချင်ကြောင်း၊ မည်သို့ သွားရမည်ကို သိလိုကြောင်း ရန်ကုန်ကနေ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာဌာနမှ တာဝန်ရှိသူ တစ်ဦးထံ အကြောင်းကြား လာသည်။ ကသာကို သူသွားချင်တဲ့အကြောင်းရင်းက ၁၉၂၆ ခုနှစ်မှ ၁၉၂၇ ခုနှစ်အထိ ကိုလိုနီ ပုလိပ် အရာရှိအဖြစ် […]

ဂျော့ချ်အော်ဝဲလ်ပြန်လာခြင်း – ဒေါက်တာ အောင်ကြီး Read More »

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကျော်အချိန်က အင်္ဂလိပ် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ အမြင်၌ အင်္ဂလိပ်ဘာသာစကားသည် အင်္ဂလိပ်အတွေး နှင့် စိတ်ကူးစိတ်သန်းများ ကိုသာလျှင် ဖော်ကျူးနိုင် သည်ဟု ယူဆခဲ့ကြသည်။ ၂၁ ရာစုအမြင် နှင့် ငဲ့စောင်း ကြည့်လိုက်သောအခါ ထိုအမြင်က မည်သို့ မျှလက်ခံ နိုင်ဖွယ်မရှိ။ နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေးက သူ၏နာမည်ကျော်ဝတ္ထု Things Fall Apart (1958) ကို သူ့မိခင်ဘာသာစကားဖြစ်သည့် အစ်ဂ်ဘို (Igbo) နှင့် မရေးဘဲ အင်္ဂလိပ် ဘာသာနှင့်ရေးသားခဲ့ခြင်းမှာ ယင်းအမြင်ကို တစ်စိတ်တစ်ဒေသ ချေဖျက်ချင်သော ကြောင့်ဖြစ်သည်။ သူသုံးစွဲခဲ့သည့် အင်္ဂလိပ်ဘာသာက သာမန် ရေးရိုးရေးစဉ် အင်္ဂလိပ်ဘာသာ စကားမဟုတ်ဘဲ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ပြောနေသည်ကို တစ်နိုင်ငံတည်းသားနိုင်ဂျီးရီးယား

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃) Read More »