The Corner

The Corner

cropped-Logo_round_grey-background.png

ကိုတင်

အရှေ့အလယ်ပိုင်းအရေးမှာ အနိုင်ရရှိသွားသူကတော့…

စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံသူများပဲ ဖြစ်ပါတယ်။ စတော့ရှယ်ယာ လောကမှာ လတ်တလော trend ဖြစ်နေတာ တစ်ခုက TACO trading လို့ခေါ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူများကတော့ TACO trade ဟာ နည်းလမ်းတကျ ထွက်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခု မဟုတ်လို့ အမြဲတမ်းမှန်ကန်မှာမဟုတ်ဘူးလို့ သတိပေးနေကြပါတယ်။ TACO Trade ဆိုတာ ဘာလဲ အရင်ဆုံး TACO ဆိုတာဘာလဲ ရှင်းပြချင်ပါတယ်။ Trump Always Chickens Out (TACO) ကို မြန်မာလို ပြန်မယ်ဆိုရင်တော့ “လေပိနေတဲ့ ထရမ့်” လို့ ပြောချင်တယ်။ အကျယ်တဝင့်ပြောမယ်ဆိုရင်တော့ “ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်လို့ ပြောနေပေမဲ့ တကယ်တမ်းကျတော့ ကြောက်လို့ နောက်ဆုတ်ပြီး တကယ်လည်းလုပ်တာ မဟုတ်” လို့ ပြောရမယ်ထင်တယ်။ […]

အရှေ့အလယ်ပိုင်းအရေးမှာ အနိုင်ရရှိသွားသူကတော့… Read More »

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

လွန်ခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ် (Gazipur) ခရိုင်၊ ကာလီယာကဲလ် (Kaliakair) မြို့နယ်ထဲက ဘာမွန်ဂိုနာ (Bamonghona) ကျေးရွာရဲ့ လယ်ကွင်းပြင်တွေမှာ စပါးစိုက်တဲ့ အလုပ်တွေ ပြီးစီးသွားခဲ့ပါပြီ။  ဒီကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ (Dhaka) နဲ့ အကွာအဝေးအရ ကြည့်ရင် သိပ်မဝေးလှဘူး ဆိုပေမဲ့ ကဏ္ဍတော်တော်များများမှာတော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျေးရွာကနေ ဒေသတွင်းစျေးကို ဆက်သွယ်ပေးမယ့် ကောင်းမွန်တဲ့ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာခင်းထားတဲ့ လမ်းမျိုးတောင် အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့် ရွာကလူတွေ အနေနဲ့ ဆေးကုသခွင့်ရဖို့၊ ပညာရေးနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် ခက်ခဲနေရပြီး အထူးသဖြင့် မိုးရာသီဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်ကြရပါတယ်။  အခုအချိန်မှာတော့ လယ်ကွင်းပြင်နဲ့ ခြံတွေထဲမှာ

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး Read More »

(သား) ခါမေနီဟာ ဘယ်လို လူမျိုးလဲ

အီရန်မှာ ပေါ်ထွက်လာတဲ့ ထိပ်တန်းခေါင်းဆောင်သစ်အကြောင်း ဝေဖန်ဖို့ရာ ဘာမှ သိပ်မရှိပေမဲ့ သူရှေ့ဆက်လျှောက်ရမယ့်လမ်းကတော့ ကြမ်းတမ်းလိမ့်မယ်။ အီရန်နိုင်ငံအတွက်တော့ ဖခင်ရဲ့ ဘာသာရေးအာဏာကို ဆက်ခံမယ့်သူ မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ဟာ နောက်ထပ် ဘာသာရေး ထိပ်တန်း ခေါင်းဆောင် (Supreme Leader) တစ်ဦးအဖြစ် ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းဟာ မျှော်လင့်ထားသလိုပင် ဖြစ်ပေမဲ့လည်း တစ်ဖက်မှာလည်း ခပ်ဆန်းဆန်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မိုဂျ်တာဘာကို သူ့ဖခင်ဖြစ်သူ အီရန်ရဲ့ အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်ကြီး အလီ ခါမေနီ အာယာတိုလာရဲ့ အရိုက်အရာကို ဆက်ခံနိုင်မည့်သူ ဖြစ်နိုင်ကြောင်းကို အီရန်ပြည်သူတွေက နှစ်ပေါင်းများစွာကတည်းက ခန့်မှန်းခဲ့ပါတယ်။ ကျွန်တော်လည်း ဒီကိစ္စကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်အကြာကတည်းက တီဟီရန်မြို့က

(သား) ခါမေနီဟာ ဘယ်လို လူမျိုးလဲ Read More »

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ

၈၀ ခုနှစ် အလွန်နှစ်များမှာ ရော့ခ်ဂီတကို စတင်ထိတွေ့ နားထောင်ဖူးသူတစ်ဦးဆိုရင်တော့ အချိန်ကောင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကမ္ဘာမှာ ရော့ခ်တေးဂီတ အထွတ်အထိပ်ဟာ ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်တွေအထိလို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာဟာ ကမ္ဘာနဲ့ အခုခေတ်လို အဆက်မပြတ် ချိတ်ဆက်နေတာမဟုတ်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ သီချင်းတွေဟာ လနဲ့ချီ၊ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးတော့မှ မြန်မာပြည်ကို ရောက်လာတာ။ ရောက်လာတယ်ဆိုတာကလည်း ဒီအတိုင်း သက်သက်နားထောင်ရတာမဟုတ်။ နာမည်ကျော် အဆိုရှင်တစ်ဦးဦးက နာမည်ကြီး ရော့ခ်သီချင်းများကို မြန်မာစာသားထည့် သီဆိုရင်းက ‘ပေါက်’ သွားပြီး နားယဉ်သွားကြတာ များပါတယ်။ မူရင်းသီချင်းကိုမှ နားထောင်ချင်တယ်ဆိုရင် ဘားလမ်း (အခု မဟာဗန္ဒုလပန်းခြံလမ်း) ထဲက ယင်းမာ၊ KISS အစရှိတဲ့ တေးသံသွင်းများမှာ စိတ်ကြိုက် C60

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ Read More »

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်”

အဲဒါ ကျွန်တော့်ကို ပါပါး အမြဲတမ်း နောက် နောက်ပြီး ဆိုနေတဲ့ သီချင်း။ သူဆိုရင် မာမားကပါ လိုက်ဆိုပြီး ကျွန်တော့်ကို စကြတယ်။ ကျွန်တော်ကတော့ ရေကျော်ဆိုတာ ဘာမှန်းမသိပေမယ့် ခဏခဏတော့ ကြားဖူးနေတာ။ ကျွန်တော့်ကို အရင်ဆုံး အိမ်မှာ မွေးစားခဲ့တဲ့ အန်နီကလည်း ရေကျော်မှာနေတယ်တဲ့။ ကျွန်တော့်ကို အမေ ကြောင်မကြီးက ညီအစ်ကို မောင်နှစ်မ လေးယောက်မွေးခဲ့တာ။ ကျွန်တော်တို့ကို မွေးပြီးတော့ အမေလည်း ဘယ်ပျောက် သွားလည်း မသိဘူး။ မှတ်လဲ မမှတ်မိတော့ဘူး။ အန်နီနောက်မှ ပြောပြလို့ သိတာက ကျွန်တော့်တို့ ကြောင်သေးသေးလေး လေးကောင်ကို ရေကျော် စီးတီးမတ်အောက်မှာ သူ အလုပ်သွား အလုပ်ပြန် လုပ်ရင် တွေ့ဖူးတယ်လို့ ပြောဖူးတယ်။ ကျွန်တော်တို့ လမ်းနည်းနည်း စပြီး

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်” Read More »

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ

“အာရှ အလယ်ပိုင်း ဒေသရဲ့ အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုလုံးဟာ စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူနဲ့ပဲ အလုပ်လုပ် တတ်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန်သမ္မတကြီး ထရမ့်ရဲ့ မျက်နှာပေးတာ ခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာပါ” ထရမ့်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုတာ ဘာလဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ဆိုတာကြီးက အတိအကျ ဘာလုပ်မှာလဲဆိုတာ အခုထိတော့ ဝေဝေဝါးဝါးပါပဲ။ ဒါပေမဲ့ ဒါကို ဂရုမစိုက်ဘဲ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ လက်မှတ်ထိုးဖို့ အပြေးအလွှား တက်ကြွ နေကြတယ်။ မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) အတွင်း သီးခြား အစီအစဉ်တစ်ခုအဖြစ် ကျင်းပတဲ့

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ Read More »

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား

ပါတီတွေဟာ အခမဲ့ ကမ်းလှမ်းမှုတွေနဲ့ မက်လုံးပေးပြီး ဖေဖော်ဝါရီ (၈) ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြတယ် ကလေး တစ်ယောက် မွေးလာရင် ဒေါ်လာ နှစ်ထောင် ထောက်ပံ့ပေးမယ်၊ ပြည်သူတွေမှာ တင်နေတဲ့ အကြွေးတွေ အားလုံးကိုလည်း လျှော်ပစ်ပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကိုတွေ ကို တစ်လကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၆,၃၀၀ ဖိုး ငွေသားနဲ့ ကူညီမယ်လို့ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကာလမှာ နည်းလမ်းမျိုးစုံနဲ့ မဲပေးကြမယ့် ပြည်သူတွေကို ကမ်းလှမ်း မဲဆွယ်နေကြပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်၊ စီးပွားရေးက နှေးကွေးပြီး ရပ်လုမတတ် ဖြစ်နေချိန်မျိုး ဖြစ်တဲ့အတွက် ဒီလို

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား Read More »

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား…

အပြင်ကနေ ကြည့်ရင် အော်တစ်ဇင် ဖြစ်နေသူတစ်ယောက်ကို နားလည်ရ အလွန် ခက်ခဲပါတယ်။ အော်တစ်ဇင် ရှိသူ တစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ ရောက်နေသလို ပျော်ရွှင်စရာ အပြည့်နဲ့ အခြေအနေကနေ ဆူညံသံတွေ၊ မီးရောင်တွေ၊ ပွတ်တိုက် ထိတွေ့မှုတွေ အတူ သူနားမလည်နိုင်တဲ့ လူမှုဆက်ဆံရေး စည်းကမ်းတွေကြောင့် ချက်ချင်းဆိုသလို ဆန့်ကျင်ဘက် အခြေအနေတစ်ခုဆီ ရောက်သွားနိုင်ပါတယ်။ တစ်ခါတလေမှာလည်း အော်တစ်ဇင် သမားတွေဟာ ဂီတ၊ သင်္ချာနဲ့ အနုပညာတွေမှာ ထွန်းပေါက်တတ်ပါတယ်။ အော်တစ်ဇင်သမားတွေ အခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ဒုက္ခဟာ သာမန်လူတစ်ယောက်အဖို့ နားလည်ရ ခက်ပါတယ်။ သူတို့အတွက် ကိုယ့်အသိုင်း အဝိုင်းရဲ့ ပြင်ပက လူတွေနဲ့ ဆက်ဆံရတာ စိတ်ဖိစီးမှုတွေ အတွန်းအတိုက် အရုန်းအကန်တွေ ဖြစ်ရပါတယ်။ သာမန်ထက် ပိုပြီး စိတ်ဖိစီးမှုကို

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား… Read More »

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ

ကိုလက်စထရောကျဖို့ဆိုရင် သတ်သတ်လွတ်စားတာ၊ အစေ့အဆန်တွေနဲ့ ပဲပုပ်ပဲတွေက ကောင်းတယ်ဆိုပဲ ဘဝမှာ အချိန်တစ်ချိန်ရောက်လာပါလိမ့်မယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တစ်ခုခုမှာပေါ့။ ဆရာဝန်က သူ့ရဲ့ မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီးတော့ “ခင်ဗျားရဲ့ သွေးထဲမှာ ကိုလက်စထရောတွေ များနေတယ်” လို့ ပြောလာလိမ့်မယ်။ အမိန့်တစ်ခုချလိုက်သလို၊ ခြိမ်းခြောက်သလိုလိုနဲ့။ အမှန်ကတော့ စားမြဲသွားမြဲ လုပ်မြဲလုပ် မနေတော့ဘဲ ကျန်းမာရေးအတွက် တစ်ခုခု အကြီးကြီးပြောင်းဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။ ဆရာဝန်ပြောတဲ့ ကိုလက်စထရောဆိုတာ အင်္ဂလိပ်လို Low Density Lipoprotein – LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီများ များနေတာကို ဆိုလိုတာပါ။ ဒီလို LDL တွေများနေပြီဆိုရင် သွေးကြောပိတ်တာတွေ ဖြစ်နိုင်တယ်၊ အဲဒါကနေ သွေးကြောထဲကို သွေးစီးဆင်းမှုနည်းလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ Read More »

အခွင့်အရေး တစ်ရပ်ဆိုတာ

ဒီဆေးဝါးဆိုင်ရာ ကွန်ဖရင့်ကို ရှယ်ရတန်ဟိုတယ်ကြီးမှာ ကျင်းပခဲ့တာပါ။ ကနေဒါနိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ အယောက် ၃၀၀ လောက်ဟာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ဒီ ကွန်ဖရင့်ဆီကို တက်ရောက် လာကြလေ့ ရှိပါတယ်။  ဒီ အစည်းအဝေးကို တက်ရောက် လာသူတွေကို ဘူဖေး စိတ်ကြိုက် စားပွဲတွေနဲ့ တည်ခင်း ဧည့်ခံတယ်၊ ပခုံးလွယ် အိတ်ကလေးတွေကိုလည်း လက်ဆောင် အဖြစ်ပေးတယ်။ သောကြာနေ့ ညနေခင်းမျိုးတွေ ရောက်ပြီ ဆိုရင် အချင်းချင်း မိတ်ဆွေတွေ ဖွဲ့ကြပြီး ဗင်ကူးဗားမြို့လယ်ကောင်က ဒီဂျေ တွေဘာတွေရှိတဲ့ ဘားတွေဆီကို ပါတီပွဲ ဆင်နွှဲရအောင် သွားကြဖို့ သူတို့ စိုင်းပြင်းနေကြပြီ။ ဒီကွန်ဖရင့်ကို လာတက်တဲ့ ဆရာဝန် တစ်ယောက်က “ဒီပွဲမှာ မိတ်ဆွေတွေ ရှာတယ် အပေါင်းအသင်းတွေ ဖြစ်ကုန်ကြတယ်၊ ဒါက

အခွင့်အရေး တစ်ရပ်ဆိုတာ Read More »