The Corner

The Corner

cropped-Logo_round_grey-background.png

ဏေသွေးအိမ်

တစ်ကွက်တည်းသော ဘဝနေနည်း

“ကျွန်တော်က သိုင်းကွက်အများကြီး ကစားတတ်တဲ့သူထက်စာရင် သိုင်းတစ်ကွက်တည်းကို ထပ်ခါတလဲလဲ လေ့ကျင့်ထားတဲ့သူကို ပိုကြောက်တယ်”။  ထိုစကားကို ပြောခဲ့သူမှာ တစ်ချိန်က ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီး ဘရုစ်စလီ (Bruce Lee) ပင်ဖြစ်သည်။ ထိုစဉ်က ဤစကားကို သိပ်ပြီး သဘောမပေါက်ခဲ့ပေ။ မည်သည့်ပညာကိုပဲသင်သင် တစ်ခုတည်းကိုသာ သင်ယူ၍မရဟု ထင်ခဲ့မိသည်။ ကွန်ဖူးဆိုလျှင်လည်း ကွန်ဖူးသိုင်းကစားကွက်ပေါင်းများစွာကို ပြည့်စုံအောင် သင်ကြရသည် မဟုတ်ပါလား။ မည်သူမျှ “တစ်ကွက်တည်းသင်ပေးပါ” ဟုလည်း မပြောကြချေ။ ကျောင်းသားဘဝကဖြစ်၍ “အင်း… ဘရုစ်စလီကိုခေါ်ပြီး ကျောင်းတွေမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သင်ပေးဖို့ ပြောဦးမှ” ဟုပင် နောက်ပြောင်ခဲ့ ကြသေးသည်။  သို့သော်လည်း ဘရုစ်စလီ ပြောလိုသည်မှာ သင်ယူခြင်းသက်သက်နှင့်မဆိုင်။ သင်ယူသည့်ကိစ္စတွင် မည်သည့် ပညာရပ်ကို မဆို သင်ယူနိုင်သည်။ သို့သော် ဘဝရပ်တည်ရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ ထိုသင်ယူခဲ့သည့် ပညာရပ်များထဲမှ “တစ်ကွက်” သာလျှင် […]

တစ်ကွက်တည်းသော ဘဝနေနည်း Read More »

ရာဇဝင်လမ်းမပေါ်မှာ သင်းပျံ့နေသောချစ်ခြင်း

“စဘိုင်ဒီကျော့မောင်ရေ…” “သန်း စဘိုင်ဒီ…” ကိုကျော့မောင်တစ်ယောက် အိမ်ရှေ့အထွက်တွင် ရုံးစာရေးကြီး သူရိန်က လှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး လက်အုပ်ကလေးချီလျက်။ ကိုကျော့မောင်၏ လက်အုပ်ကလေးက နှုတ်ခမ်းနားတွင်ရှိပြီး ရုံးစာရေးကြီး လက်အုပ်က မေးစေ့နားတွင် ရှိနေလေသည်။ ကိုကျော့မောင်က ဈေးရောင်းသူဖြစ်သဖြင့် ရုံးစာရေးကြီးက လက်အုပ်ကို မေးစေ့နားတွင် ထားခြင်းဖြစ်သည်။ ရုံးစာရေးကြီးမှာ ရာထူးအရာခံနှင့် ဖြစ်၍ ကိုကျော့မောင်၏ လက်အုပ်မှာ နှုတ်ခမ်းနားသို့ ကပ်ထားခြင်းဖြစ်သည်။ ဤသည်က သူတို့၏ ဓလေ့ထုံးစံပင် ဖြစ်သည်။ ကိုယ်ထက် ရာထူးအရာခံ ကြီးသူများဆိုလျှင် နှုတ်ခမ်းနားတွင် လက်အုပ်ကို ကပ်လျက်ဖြင့် နှုတ်ဆက်လေ့ရှိကြသည်။ ကိုယ်ထက်ငယ်သူများဆိုလျှင် မေးစေ့နားတွင် ထားကြသည်။ ကိုကျော့မောင်တို့ ကိုးကွယ်သည့် သံဃာတော်များအတွက်မူ နှာခေါင်းနားတွင် ထားကြရသည်။ ထုံးစံအရဆိုလျှင် ကိုကျော့မောင်ကသာ ရုံးစာရေးကြီးကို အလျင်ဦးဆုံး နှုတ်ဆက်ရမည်ဖြစ်သော်လည်း

ရာဇဝင်လမ်းမပေါ်မှာ သင်းပျံ့နေသောချစ်ခြင်း Read More »

ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော

စာရေးဖို့ဆိုတာကလည်း ကိုယ်တိုင် အတွေ့အကြုံများသူ (သို့မဟုတ်) စာပေလေ့လာလိုက်စားမှုဆိုသည့် အရာနှစ်ခုထဲကမှ တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုစလုံးသော်လည်းကောင်း ပြည့်စုံနေရမည် မဟုတ်လား။ သို့တည်းမဟုတ်လျှင် ကိုယ့်ခံစားချက်တစ်ခုကို ချရေးလိုက်ရုံဖြင့် စာရေးဆရာ အလွယ်လေး ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ ထင်မြင်ယူဆမည်ဆိုလျှင် လူတိုင်း စာရေးဆရာများ ဖြစ်နေကြလိမ့်မည်မှာ မလွဲဧကန်တည်း။ စာရေးဆရာ မဖြစ်နိုင်သော်လည်း စာရေးသူတစ်ယောက်အဖြစ် ခံစားချက်ရှိသူတိုင်း ဖြစ်ခွင့်ရှိသည်။ ကျွန်တော့်အမြင် ပြောရလျှင်မူ စာရေးသူတစ်ယောက်ဖြစ်ဖို့ရာတွင် မည်သို့နည်းဖြင့်ဆိုသည့် ဝါကျဖွဲ့ထုံးနည်းစနစ်ကို အထူးဂရုပြု လေ့လာလိုက်စားစရာ လိုအပ်မည်မဟုတ်ပေ။ ဤသို့ဆိုရခြင်းမှာ အဆင့်အတန်း ခွဲခြားလိုခြင်းမဟုတ်။ ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ ဆိုခြင်းဖြစ်သည်။ ခေတ်တိုင်းခေတ်တိုင်းတွင် စာပေနှင့်ပတ်သက်၍ ရေးဖွဲ့မှတ်တမ်းတင်ကြသည်။ သို့သော် ခေတ်တစ်ခေတ်တွင် ရေးဖွဲ့ခဲ့ကြသူတိုင်းသည် နောက်တစ်ခေတ်ရောက်သည်အထိ တင်ကျန်ရစ်ခဲ့သူ နည်းပါးလှပါသည်။ ခေတ်အဆက်ဆက်ဆိုလျှင် ပို၍ပင် နည်းပါးပါသည်။ ထိုအခြင်းအရာကား ဥပမာထုတ်ပြစရာ

ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော Read More »

Pachamama ကယ်တော်မူပါ

“ပျံသန်းတဲ့ငှက်ကို သူတို့မို့ ဖမ်းချင်တာ . . . . ရွှေလှောင်အိမ်မှာ ပျော်လို့မရပါ . . . ချစ်တဲ့ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ “ ဆိုသည့် သီချင်းလေးကို တစ်ချိန်က အလွန်နှစ်သက်မိခဲ့၏။ ရှမ်းသံလေး ခပ်ဝဲဝဲက သဘာဝသရုပ်ကို ပေါ်အောင် တမင်ဖြည့်ဆည်းပေးနေလို့လားမသိ။ တေးရေး ဆရာစိုင်းခမ်းလိတ်၏ သီချင်းများတွင် ဤကဲ့သို့ သဘာဝနှင့် ဆက်စပ်လျက် ရေးဖွဲ့လေ့ရှိသည်။ နောက်ဆုံးအပိုဒ်ဖြစ်သည့် ‘ချစ်တဲ့ချစ်သူရဲ့ ယုယမှုကိုရှာ’ ဆိုသည့် အပိုဒ်တွင် လူငယ်တို့သဘာဝတွင် ဖြစ်တည်တတ်သည့် ချစ်ခြင်းအကြောင်းဖြင့် နှိုင်းယှဉ်ရေးဖွဲ့ပြသွားသည်မှာ ကျွန်တော်တို့ လူငယ်ထုအတွက် အားကိုးစရာ လက်နက်ကြီးတစ်ခု ရလိုက်သလိုမျိုး ခံစားရစေခဲ့သည်။ ဟုတ်သည်။ ငှက်တို့မည်သည် ကောင်းကင်တွင်သာ လွတ်လွတ်လပ်လပ် ပျံသန်းခြင်းသည်သာ ငှက်၏ အဓိပ္ပာယ် ဖြစ်သလို၊ ပန်းဆိုသည်မှာလည်း

Pachamama ကယ်တော်မူပါ Read More »

လက်ခုပ်တီးခြင်း အနုပညာ

များသောအားဖြင့် “Got Talent” ဟုခေါ်သည့် တစ်ဦးချင်း (သို့) အုပ်စုလိုက် စွမ်းရည် ပြိုင်ပွဲများ မျိုးစုံကို ကြည့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသည့် အချိန်မျိုးတွင်ဖြစ်သည်။ ထိုပြိုင်ပွဲပေါင်းများစွာသည် youtube ပေါ်တွင် အများကြီး ရှိပါသည်။ နာမည်ကြီးသည့် Britain’s Got Talent နှင့် America’s Got Talent – AGT ဟုခေါ်သည့် စွမ်းရည်ပြိုင်ပွဲများကို ကျွန်တော် ကြည့်ဖြစ်သည်။ ထိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သူ၊ အကဲဖြတ်ဒိုင်လူကြီး၊ အားပေး သည့်ပရိသတ် စသည့်အားလုံးကို သဘောကျမိသည်။ Got Talent အစီအစဥ်ကို စီစဥ်သူ ဆိုင်မွန် ကောင်ဝဲလ် (Simon Cowell) က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို “Got Talent”

လက်ခုပ်တီးခြင်း အနုပညာ Read More »

ကမ္ဘာပေါ်မှာ တသဲသဲ

သရေး နောက်ပစ် သဲပဲဖြစ်ဖြစ် သရေး ညသတ်သည်းပဲ ဖြစ်ဖြစ် ထိုသဲ၊ သည်းများနှင့် ပတ်သက်ပြီး အတော်လေး ရုန်းကန်ခဲ့ဖူးသည်။ သဲက ငယ်စဉ်ကျောင်းသားဘဝကဖြစ်ပြီး သည်းကတော့ ပျံတတ်သည့် အရွယ်ရောက်မှဖြစ်သည်။ ထိုသဲ နှစ်မျိုးတွင် ငယ်စဉ်ကကြုံခဲ့ရသည့် သဲကရိုးသားသည်ဟု ပြောရမည်ထင်သည်။ ညသတ် သည်းကဖြင့် အတော်မာယာများသည်။ တခြားမကြည့်နှင့် စာရေးကြရာတွင် အသည်းအသက် ဟုရေးသည်။ အသဲအသက် ဟူ၍ မရေး။ သို့သော်လည်း အသဲလေးဆို ပြန်လျှင် နောက်ပစ် သဲသွားပြန်သည်။ မည်သူမှ အသည်းလေးဟု မရေးကြပြန်။ ထိုကြောင့် သက်ဆိုင်သူများမဆိုနှင့် စာရေးကြရာတွင်ပင် မူမမှန်၍ လွမ်းခဲ့ ဆွေးခဲ့ရစေသလားမသိ။ ဤအကြောင်း အရာကို သည်လောက်နှင့်ပင်ရပ်ထားသည်က ပို၍အဆင်ပြေမည်ထင်သည်။ ကျွန်တော် ကိုယ်တိုင်ကလည်း ငုတ်မိသဲတိုင် မလုပ်ချင်သည်က ပို၍မှန်မည်ထင်သည်။ သက်ရှိလူတွေ

ကမ္ဘာပေါ်မှာ တသဲသဲ Read More »

သွေးစွန်းသည့် အတောင်ပံများနှင့် ပျံသန်းခွင့်ရတော့မလား ငှက်ချိုးဖြူ

ဘယ်သူမဆို ကိုယ့်အိပ်နေကျ အိပ်ရာလေးကို မက်မောတွယ်တာနေကြသူချည်းပါပဲ။ အကြောင်း အမျိုးမျိုးကြောင့် ခေတ္တခဏ ခွဲခွာခဲ့ရလို့ တခြားနေရာမှာ အိပ်နေရပေမယ့် ကိုယ့်အိပ်ရာလေးဆီပြန် ရောက်ခဲ့မယ်ဆိုခဲ့လျင် စိတ်ကျေနပ်မှုအပြည့်အဝရကြသူချည်းပါ။ ဒီလို အိပ်ရာလေးနဲ့ပတ်သက်တဲ့ ခံစားချက်လေးက ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဖြစ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲမှာ နှစ်ဖက် အကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုမြင်လိုက်ရတဲ့အခါမှာ ဪ သူတို့ အိပ်ရာလေးဆီပြန်အိပ်ခွင့် ရသွားခဲ့ကြတာကို အင်တာနက်ပေါ်က ကြည့်နေရင်း အဝေးကလှမ်းပြီး ကြည်နူးမိသည်။ ညအိပ်ချိန် ရောက်ပြီဆိုလျှင် ထိုသူများက သူတို့အိပ်ရာလေးကို ပွတ်သပ်ကြည့်နေမလား။ ဒါမှမဟုတ် ခပ်ဖွဖွ လေးများ နမ်းရှိုက်နေလေမလားလို့လည်းတွေးလိုက်မိသည်။ ကျွန်တော့်အတွေးက မှန်ချင်လည်း မှန်နိုင်သည်။ မမှန်ချင်လည်း မမှန်နိုင်ပါ။ နှစ်နှစ်ကျော်ခွဲခွာခဲ့ကြရသည့် ဇနီး သားသမီးများနှင့် အပြုံးများ စိုစွတ် နေရင်း အိပ်ရာလေးကိုလည်း မေ့ကောင်းမေ့နေနိုင်ပါသည်။ အတွေ့အကြုံ

သွေးစွန်းသည့် အတောင်ပံများနှင့် ပျံသန်းခွင့်ရတော့မလား ငှက်ချိုးဖြူ Read More »

ဘယ်သွားမလဲ မောင်ရင်ရယ် ဂျပန်နိုင်ငံသွားမယ်ဆို

တစ်နေ့တစ်နေ့ ပတ်ဝန်းကျင်တွင်မရိုးအောင်ကြားနေရသည်က “ဂျပန်သွားမလို့ ကျွန်တော် ဂျပန်စာ သင်နေတယ်” ဆိုသည့်စကားပင်ဖြစ်သည်။ အထူးသဖြင့် ငွေရေးကြေးရေ အနည်းငယ်ချောင်လည်သည့် မိသားစုဝင်များမှ လူငယ်အားလုံးလိုလို၏ ပါးစပ်ဖျားတွင် တွဲခိုနေသည်။ ကိုယ့်အပေါင်းအသင်းများ တွင်လည်း “ သားကို ဂျပန်ပို့မလို့ကွာ” “သမီးကို ဂျပန်ပို့မလို့ကွာ”။ ကိုယ့်ဆွေမျိုးများထဲတွင်လည်း ထိုနည်း လည်းကောင်း။ ကိုယ့်ရပ်ကွက်များထဲတွင်လည်း ထိုနည်းနှင်နှင်။ တချို့လူနိုင်များကဆိုလျင် “ဟေ့ကောင် မင်းမှာ အဆက်အသွယ်လေး ဘာလေးမရှိဘူးလား။ ငါ့သားကွာ သွားမလို့လုပ်နေတာ ကြာနေပြီ။ အခုထိကိုမထွက်ရသေးဘူး” ကတစ်ဖုံ။ “ အေဂျင်စီတွေက အင်တာဗျူး ဆိုလို့ ဗျူးလိုက်တာပဲကွာ။ ဒါပေမယ်လို့ ငွေကိုအရင်တောင်းနေတယ်ကွ။ အဲဒါ စိတ်ချရပါ့မလား” ဟူ၍တသွယ်။ သြော် ဒုက္ခ..  ဒုက္ခ.. ။ ကျွန်တော့်ဘာသာ အေးအေးနေပေမင့် စာရေးဆရာကြီးဆိုပြီး ဒီကောင်တော့ သိနိုင်မယ်ထင်ပြီး

ဘယ်သွားမလဲ မောင်ရင်ရယ် ဂျပန်နိုင်ငံသွားမယ်ဆို Read More »

ဒရာဗီ Dharavi သို့မဟုတ် ဆင်းရဲသားသူဌေးမှသည်

မကြာခင်ကလေးက The Corner Online Magazine ဆောင်းပါးတွေထဲက ဆရာဝင်းထွဋ်ဇော်ရဲ့ အိန္ဒိယ နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ဖတ်မိသဖြင့် တစ်ချိန်ကစိတ်ဝင်စားခဲ့ဖူးသည့်အကြောင်းအရာကိုပြန် အမှတ်ရမိသည်။ ထိုအကြောင်းကို တစ်ကမ္ဘာလုံးသိသည်။ ၂၀၀၈ ခုနှစ်တွင် ဆုပေါင်းများစွာ သိမ်းပိုက်ဖူးသည့် Slumdog Millionaire ဆိုသည့် ရုပ်ရှင်ဇာတ်ကားပင်ဖြစ်သည်။ ဇာတ်အိမ်တည်ရာ နယ်မြေဖြစ်သည့် ဒရာဗီသည်က ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ဆိုလျင် လူအတော်များများက ပွန်းပွန်းတီးတီး နေလေ့မရှိ။ ကျွန်တော်က ထိုသို့မဟုတ်။ ငယ်စဉ်ကတည်းက ဆင်းရဲသားများ တစ်နည်း လက်လုပ်လက်စားများနေသည့် နေရာနားတွင် ကြီးပြင်း လာသူဖြစ်၍ သူတို့ နှင့် ပေါင်းသင်းနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်က တစ်ချိန်က ဆန်စက်ကြီးများ အများဆုံး ရှိ၍ ထိုစက်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားများအများစုမှာ စက်ဝန်းကျင်တွင်သာနေထိုင်ကြ သည်။ ဂရန်မရှိ

ဒရာဗီ Dharavi သို့မဟုတ် ဆင်းရဲသားသူဌေးမှသည် Read More »

အရောင်ကမ္ဘာထဲမှ အရောင်များသို့

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက်

အရောင်ကမ္ဘာထဲမှ အရောင်များသို့ Read More »