ဖင်လန်နိုင်ငံသမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ
ကမ္ဘာ့ကုလသမဂ္ဂ အကြိမ်(၈၀) မြောက် အထွေထွေညီလာခံ၌ ဖင်လန်သမ္မတနိုင်ငံ သမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ (Alexander Stubb) ပြောကြားသည့် မိန့်ခွန်း၊ နယူးယောက်မြို့၊ ၂၄ ရက်နေ့ စက်တင်ဘာလ ၂၀၂၅။ ဥက္ကဋ္ဌကြီးနှင့်တကွ အထွေထွေအတွင်းရေးမှူးချုပ်၊ သံအမတ်ကြီးများ၊ ဂုဏ်သရေရှိ အမျိုးသမီးများ၊ ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား – နိုင်ငံခြားရေးမူဝါဒဆိုတာ အရိုးရှင်းဆုံး ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် စံတန်ဖိုး၊ အကျိုးစီးပွားနဲ့ စွမ်းအားဆိုတဲ့ မဏ္ဍိုင် သုံးခု အပေါ်မှာ အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်ဟာ နိုင်ငံငယ် ကလေး တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံက လာရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြဲတမ်း အဓိက လက်စွဲလျက် ရှိနေတာကတော့ ‘စံတန်ဖိုး’ နဲ့ ‘အကျိုးစီးပွား’ ဖြစ်ပါတယ်။ ‘စွမ်းအား’ ကိုတော့ ‘အပျော့ထည်’ […]








