The Corner

The Corner

cropped-Logo_round_grey-background.png

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ

Share မယ်

ကိုလက်စထရောကျဖို့ဆိုရင် သတ်သတ်လွတ်စားတာ၊ အစေ့အဆန်တွေနဲ့ ပဲပုပ်ပဲတွေက ကောင်းတယ်ဆိုပဲ

Photo: FitMon Club

ဘဝမှာ အချိန်တစ်ချိန်ရောက်လာပါလိမ့်မယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တစ်ခုခုမှာပေါ့။ ဆရာဝန်က သူ့ရဲ့ မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီးတော့ “ခင်ဗျားရဲ့ သွေးထဲမှာ ကိုလက်စထရောတွေ များနေတယ်” လို့ ပြောလာလိမ့်မယ်။ အမိန့်တစ်ခုချလိုက်သလို၊ ခြိမ်းခြောက်သလိုလိုနဲ့။ အမှန်ကတော့ စားမြဲသွားမြဲ လုပ်မြဲလုပ် မနေတော့ဘဲ ကျန်းမာရေးအတွက် တစ်ခုခု အကြီးကြီးပြောင်းဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။ ဆရာဝန်ပြောတဲ့ ကိုလက်စထရောဆိုတာ အင်္ဂလိပ်လို Low Density Lipoprotein – LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီများ များနေတာကို ဆိုလိုတာပါ။ ဒီလို LDL တွေများနေပြီဆိုရင် သွေးကြောပိတ်တာတွေ ဖြစ်နိုင်တယ်၊ အဲဒါကနေ သွေးကြောထဲကို သွေးစီးဆင်းမှုနည်းလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်ရဲ့ တာဝန်ကတော့ ဒီနေရာမှာပြီးသွားပါပြီ။ ဆေးသောက်မယ်ဆိုလည်း လိုအပ်တဲ့ ဆေးသောက်ဖို့ ညွှန်ကြားလိမ့်မယ်။ ဘယ်လောက်များလည်း ဆိုတဲ့ အပေါ်မူတည်ပြီး ဆေးမသောက်ချင်သေးရင် ကိုယ်လက်လှုပ်ရှားနည်းလမ်းနဲ့ ဒါမှမဟုတ် အစားအသောက် ပြောင်းလဲမှုနဲ့ ဒီပြဿနာကို ထိန်းသိမ်းကိုင်တွယ်ဖို့ မေးစမ်းဖို့က သင့်တာဝန် ဖြစ်ပါလိမ့်မယ်။ ဆေးသောက်တဲ့နည်းကိုပဲ ရွေးရွေး၊ အခြားနည်းလမ်းတစ်ခုခုကိုပဲ ရွေးရွေး တစ်ခဏအတွက်သာ မဟုတ်ဘဲ ရေရှည် မဆုတ်မနစ် လုပ်ဖို့လိုမယ်ဆိုတာကတော့ ပြောစရာ လိုမယ်မထင်ပါ။

ဆရာဝန်က လတ်တလော ဆေးသောက်ဖို့မလိုသေးဘူး။ ကိုယ့်ရဲ့စားသောက်ပုံ အလေ့အထကို ပြောင်းလဲနိုင်မယ် ဒါဆိုရင် ဆေးသောက်ပြီး ချလို့ရတယ်လို့ပြောလာမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ကောင်းသတင်းပါ။ ဒါပေမဲ့ စားသောက်ပုံ အလေ့အထပြောင်းတယ်ဆိုတာ ဘာပြောတာလဲ၊ ဘာတွေစားရမှာလဲ။

ဒီနေရာမှာ ဘာအစားအသောက်ကို စားရမယ်ဆိုတာကို မပြောခင် ကိုလက်စထရော အကြောင်း အရင်ပြောရမယ် ထင်ပါတယ်။ ကိုလက်စထရောဆိုတိုင်း မကောင်းတာတော့ မဟုတ်ပါ။ လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်လေးတွေကို ဖုံးထားဖို့ အလွှာပါးပါး လေးတွေအတွက် ကိုလက်စထရော လိုပါတယ်။ ဒီကိုလက်စထရောတွေက ဆဲလ်တွေရဲ့ အပြင်လွှာမှာ နေရင်း အရေးကြီးတဲ့ ဟော်မုန်းတွေ သူ့ဆီမှာလာစုစေပါတယ်။ အရေးကြီးတဲ့ ဟော်မုန်းဆိုတာ တက်စတိုစထရုန်း (Testosterone) လို အိုစထရိုဂျင် (oestrogen) လို မျိုးကိုပြောတာပါ။ လူရယ်လို့ဖြစ်ရာရင် အဖို အတွက် တက်စတိုစထရုန်း နဲ့ အမ အတွက် အိုစထရိုဂျင် ဟော်မုန်းတွေက မရှိမဖြစ် လိုအပ်တာလို့ မှတ်ထားလိုက်ရင် ရပါပြီ။ ပြန်ဆက်ရရင် အဲဒီအတွက် လိုအပ်တဲ့ ကိုလက်စထရောဟာ အစားအသောက်ကနေ လာပါတယ်။ အစပထမမှာ ကိုလက်စထရောတွေဟာ အသည်းထဲမှာ အရင် စပြီး စုဝေးကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရောက သွေးကြောထဲမှာ သူ့ဘာသာသူဆို ခပ်ဝေးဝေးမသွားနိုင်ပါဘူး။ အသည်းကနေ ကိုလက်စထရောကို LDL မော်လီကျူး အဖြစ် ပြောင်းလဲပစ်လိုက်ပြီးမှ သွေးထဲကို ပို့ပေးပြီး သွားလာနိုင်တာပါ။

သွေးတွင်းအဆီ များလာရတဲ့ အဓိက အကြောင်းရင်းများထဲက တစ်ခုကတော့ အသည်းထဲမှာ LDL ကို လက်ခံနိုင်တဲ့ အရေအတွက် လျော့ကျသွားတာပါ။ ပုံမှန်ဆိုရင် အသည်းထဲမှာ ကိုလက်စထရော လက်ခံနိုင်သလောက် လက်ခံပြီး LDL အဖြစ်ပြောင်းမယ်။ ကျန်တဲ့ ကိုလက်စထရောကို အူထဲကနေတစ်ဆင့် အပြင်ကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပစ်လိုက်မှာပါ။ ထောပတ်လို၊ ချိစ်လို စတဲ့ အဆီများတာတွေ နဲ့ အဆီများတဲ့ အသားတွေ စားသုံးတာကနေ ပြည့်ဝအဆီဖြစ်ပြောင်းပြီး ခန္ဓာကိုယ်ထဲကို အဆီတွေ ရောက်သွားပါတယ်။ ဒီအခါမှာ LDL အဖြစ် ပြောင်းပေးနိုင်မှု နည်းပါးသွားပြီး ကျန်တာအားလုံးကိုလည်း အညစ်အကြေးအဖြစ် စွန့်ပစ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ ဆိုလိုတာက အဆီတွေ များလားတာပေါ့။ ဆေးပညာအရ ပြောရမယ်ဆိုရင်တော့ ပြည့်ဝအဆီကို လျှော့စားမယ်ဆိုရင် အသည်းက LDL ပြောင်းပေးနိုင်မှု ပိုတက်လာပြီး LDL ကိုလက်စထရောတွေ သွေးအတွင်း လှည့်ပတ်သွားလာနေမှုကိုလည်း လျှော့ချ ပေးနိုင်သွားမှာပါ။

နောက်တစ်ခုက အသည်း အလုပ်လုပ်ပုံကိုလည်း ပြောချင်ပါတယ်။ ပိုနေတဲ့ ကိုလက်စထရောတွေကို အူထဲကို ရောက်သွားတဲ့ အခါမှာ အားလုံးကို အပြင်ဘက်ကို မစွန့်ထုတ်နိုင်ဘဲ ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာလေ့ရှိပါတယ်။ အဲဒီလုပ်ငန်းစဥ်ကို နှေးသွားစေဖို့ တချို့ အစားအသောက်တွေကို စားသုံးရင် မြန်မြန်ဆန်ဆန်နဲ့ အဆီတွေ ခန္ဓာကိုယ်ထဲကို ပြန်မရောက်စေဘူးပေါ့။ ဘယ်လို အစားအသောက်မျိုးလဲဆိုတော့ ပန်းသီးတို့၊ ဘာလီအနှံတို့ အုတ်ဂျုံလိုမျိုး စတာတွေပါ။ ဒါတွေကို ဓာတု အခေါ်အဝေါ်နဲ့ဆိုရင် ပိုက်တိုစထရော (Phytosterols) လို့လဲ ခေါ်ပါတယ်။ ဒီအစားအသောက်တွေက အူထဲကို ရောက်သွားတဲ့အခါ ကိုလက်စထရောတွေ သွေးကြောထဲမှာ ပိတ်ဆို့နေတတ်သလိုမျိုး ဒီအစားအသောက်တွေဟာလည်း အူထဲမှာ နေရာယူတတ်ပြီး အစာခြေဖျက်မှု နှောင့်နှေးစေတယ်။ တစ်နည်း ရှင်းအောင် ပြောရရင်တော့ အစာခြေဖျက်နိုင်မှုနှေးသွားတော့ ဗိုက်ကမဆာ အဲဒီတော့ အစားတွေလည်း အများကြီး မစားဖြစ် ဒီတော့ သွေးတွင်း အဆီတွေလည်း သိပ်မများလာဘူးပေါ့။ အစေ့အဆန် တွေမှာလည်း ဒီလို သဘာဝကပေးတဲ့ ခပ်ပျစ်ပျစ် ဖိုက်ဘာဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် မနက်စာ အစားအစာတွေဖြစ်တဲ့ ဒိန်ချဥ်တို့ ပေါင်မုန့်အပေါ် ထောပတ်နေရာမှာ အစားထိုးထည့်စားတဲ့ အစားအစာတွေမှာ ဒီလို အစေ့အဆန်တွေကို အသင့် ထည့်သွင်းထားပြီး ထုတ်လုပ် ရောင်းချလေ့ရှိတယ်။

ကိုလက်စထရော ကျစေတဲ့ အစားအစာတွေကို စားတာက အများကြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အသိပညာတိုးလာလို့ ဒီလိုမျိုး အစားအစာမျိုးစုံကို ပေါင်းစပ်ပြီး စားသုံး ရောင်းချလာတာတွေ မြင်တွေ့လာရပြီ။ ဒါကို စတင်မိတ်ဆက်ခဲ့သူကတော့ တိုရွန်တို တက္ကသိုလ်က အာဟာရ ပညာရှင် ဒေးဗစ် ဂျန်ကင်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဂျန်ကင်း မိတ်ဆက်ပေးခဲ့တဲ့ အစားအသောက် ပုံစံက ရိုးရှင်းပြီး စျေးသက်သက်သာသာနဲ့ ရနိုင်ပြီး အလွန် အကျိုးရှိကာ ထိရောက်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ ဂျန်ကင်းနဲ့ သူ့အဖွဲ့သားတွေဟာ ကိုလက်စထရောတက်နေတဲ့ လူအုပ်စု လေးစုကို ခွဲပြီး အုပ်စု တစ်စုကို အစားအစာ လေးမျိုး ပေးကာ စမ်းသပ်ခဲ့ပါတယ်။ အဲဒီလေးမျိုးထဲက တစ်မျိုးကတော့ ၅၀ ဂရမ်ပါ ပဲပုပ်ပဲ ကနေရတဲ့ ပရိုတင်း (ဥပမာ တိုဖူးလို၊ ပဲပုပ်ကနေထုတ်တဲ့ Soya bean juice သောက်စရာအရည်တစ်မျိုး) ရယ်၊ ၃၀ ဂရမ်ရှိတဲ့ အစေ့အဆန်တစ်မျိုးမျိုးရယ်၊ ၂၀ ဂရမ်ရှိတဲ့ ခပ်ပျစ်ပျစ် ဖိုင်ဘာဓာတ်ရနိုင်တဲ့ အစားအစာတွေရယ် စုပေါင်းပြီး စားသောက်ပုံကို ပြောင်းစေခဲ့တာပါ။ သီတင်းလေးပတ်အကြာမှာ အဲဒီ အစားအစာလေးမျိုးကို စားထားတဲ့ အုပ်စုဟာ LDL ကိုလက်စထရော ၃၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီလို ကျဆင်းသွားတဲ့ နှုန်းဟာ စတက်တင် (Statins) ပါတဲ့ ကိုလက်စထရော ကျစေတဲ့ ဆေးကို သောက်တာနဲ့ အတူတူပဲ ဆိုတာပါ တွေ့ရှိခဲ့ရတယ်။

Photo: Pistachio Coffee Brunch

ဒီအတိုင်း အတိအကျ လိုက်ပြီး စားရမယ်လို့ မဆိုလိုပါဘူး။ ဒီအထဲမှာပါတဲ့ အာဟာရတန်ဖိုးနဲ့တူတဲ့ အစားအသောက်တွေကို ကိုယ့်အကြိုက် အနည်းငယ်ပြောင်းလဲကာ စားသုံးနိုင်ပါတယ်။ ဒီလို အစားအသောက်မျိုးကို စားသုံးတာနဲ့ ပတ်သက်လို့ တစ်ခုတော့ နားလည်ဖို့လို့ပါတယ်။ ဆရာဝန်ကလည်း ပြောကောင်းပြောပါလိမ့်မယ်။ ဒီအစားအသောက်ကို မကြိုက်တာ မစားနိုင်တာမျိုး ဆိုတာလည်း ဖြစ်လာနိုင်ပါတယ်တဲ့။ အဲဒါဆိုရင်တော့လည်း…

မှီငြမ်း – Can you eat your way to lower cholesterol? The Economist November 2025          

Click to rate this post!
[Total: 0 Average: 0]