အိုမင်းရင့်ရော်မှုနှင့် ဆက်စပ်သော နာတာရှည် ရောင်ရမ်းမှု (inflammaging) – အသက်ကြီး ရောင်ရမ်းမှု မှတစ်ဆင့် ဆေးဘက်ဆိုင်ရာ သုတေသီများက ကင်ဆာရောဂါ ကုသနည်း အသစ်တစ်ခု ဖော်ထုတ်ဖို့ ကြိုးစားခဲ့ ကြပါသည်။
အသက် ၅၀ ကျော် နောက်ပိုင်း အရွယ်ကြီးရင့်လာသည်နှင့်အမျှ အသက်ကြီး ရောင်ရမ်းမှုသည် ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်းကို တိုးပွားစေနိုင်သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် အရောင်ကျစေသော ဆေးများဖြင့် ကင်ဆာရောဂါကို စမ်းသပ်ကုသရန် ဖော်ထုတ် ကြိုးစားလာကြသည်။
ကိုယ်ခန္ဓာက အသက်ကြီးလာရင် ကင်ဆာရောဂါ ကြီးထွား ဆက်လက်ပေါက်ဖွားဖို့ ပြင်ဆင်ထားတဲ့ နေရာတစ်ခုနဲ့ တူလာတယ်

လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ များလာသည်။ ဒေါက်တာ မီရီယမ် မီယတ်က သမားရိုးကျ မဟုတ်သော နည်းတစ်ခုဖြင့် ထိုဖြစ်ရပ်ကို ဟန့်တားနိုင်ရန် ကြိုးစား ရှာဖွေလျက် ရှိသည်။ ဓာတ်မတည့်မှုတွင် ကုသသော ဆေးဝါးများ အခြား ဖြစ်နိုင်ခြေမရှိဟု ထင်ရသော ဆေးဝါးများဖြင့် အသက်ကြီး ရောင်ရမ်းမှု အဆင့်ထိ ရောက်မလာနိုင်စေရန် ကြိုးပမ်းခြင်း ဖြစ်သည်။
ကိုယ်ခံအားဗေဒ ပညာရှင်လည်းဖြစ်၊ ကင်ဆာရောဂါ အထူးကု ဆရာဝန်လည်း ဖြစ်သော မီရီယမ် သည် ကင်ဆာဖြစ်စေနိုင်သော အကျိတ်များကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုရှိ ကင်ဆာကျိတ်ရှိသော အသက် ၅၀ကျော် လူများတွင် ၁၀ ယောက်တွင် ကိုးယောက်သည် ကင်ဆာ အဖြစ် ပြောင်းလဲသွားကြသည်။ နယူးယောက် ပြည်နယ်၊ မောင့်ဆီနိုင် တွင်ရှိသော အီခန် စကူးလ်အော်ဖ် မဲဒီဆင် မှ မီရီယမ် နှင့် သုတေသီများ ပါဝင်သော ဆေးဝါးပညာရှင် တစ်စုသည် အသက်ကြီးလာသည်နှင့်အမျှ အိုမင်းလာသည့် ကိုယ်ခံအား စနစ် ကို ရပ်တန့်နိုင်မည့် အဖြေကို ရှာဖွေနေကြသည်။ သူတို့သည် လူများ၏အဆုတ် အကျိတ်ရှိ ကိုယ်ခံအားကောင်းသော ဆဲလ်များနှင့် ကြွက်အိုများကို လေ့လာခဲ့ရာ အသက်ကြီး၍ ဖြစ်ပေါ်သော သက်ကြီးရောင်ရမ်းမှုသည် ကိုယ်ခံအားစနစ်ကို ဝင်ရောက်နှောင့်ယှက်ပြီး ကင်ဆာရောဂါ ကြီးထွားလာမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။
မီရီယမ် နှင့် အခြား သုတေသီများသည် (rheumatoid arthritis) အဆစ်အမြစ်ရောင် ရောဂါ၊ (eczema) အင်ပျဥ်ထအရေပြား ယားယံရောဂါများကို ကုသသော အရောင်ကျဆေးများသည် အသက်ကြီးသော ကင်ဆာ ရောဂါသည်များကို ကုသနိုင်မည်လား စမ်းသပ်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် ဆေးဝါးအသစ်များ ကိုလည်း ရှာဖွေခဲ့ကြသည်။ “အိုမင်းရင့်ရော်ခြင်းဆိုတာကျွန်မတို့ ပြောင်းလဲနိုင်တယ်လို့ ထင်ထားတဲ့ အရာတစ်ခု ဖြစ်တယ်” ဟု မောင့်ဆီနိုင်း၌ ရှိသော Marc and Jennifer Lipschultz Precision Immunology Institute မှ ဒါရိုက်တာ မီရီယမ် က ပြောသည်။
ရောင်ရမ်းခြင်းဆိုသည်မှာ ကိုယ်ခန္ဓာကိုယ်ကို ထိခိုက်မှု တစ်ခုခု ဖြစ်လာလျှင် ကိုယ်ခံအားစနစ်က တုံ့ပြန်ပေးခြင်းဖြစ်သည်။ ကိုယ်ခံအားကောင်းသော ဆဲလ်များက ကိုယ်ခန္ဓာအတွင်း လည်ပတ်ပြီး ဗိုင်းရပ်စ်များ ကင်ဆာဆဲလ်များကို တိုက်ခိုက်ပါသည်။ လိုအပ်သောအခါတွင် စစ်ကူ အဖြစ် ပိုမိုများပြားသော (immune cells) များကို ခေါ်ယူပေးပါသည်။ ၎င်းတို့ မှန်ကန်စွာအလုပ်လုပ်နိုင်ပါက Covid-19 နှင့် ဓားရှရာများကို ပျောက်ကင်း အောင် ကုသပေးနိုင်ပါသည်။ သို့သော် ကိုယ်ခံအား စနစ်သည်လွန်ကဲစွာ တုံ့ပြန်သည့်အခါလည်း ရှိသည်။ ထိုအခါ ရောင်ရမ်းမှုသည် ကုသမှုကို အနှောင့်အယှက်ပေးလာပြီး ရောဂါဖြစ်လာသည်။အသက်ကြီးသော လူများတွင် ထိုသို့ ပို၍ဖြစ်တတ်ပါသည်။
အရေးကြီးသည်မှာ ကျွန်တော်တို့ကို အဏုဇီဝ ပိုးမွှားများ အကျိတ်များမှ ကာကွယ်ပေးသော ကောင်းကျိုးပေးသည့်ရောင်ရမ်းမှုများနှင့် ကင်ဆာကို ကြီးထွားစေသော သွေးကြောပိတ်ဆို့မာကျောရောဂါ (atherosclerosis) ဖြစ်စေသော အိုမင်းလာသော ဦးနှောက်တွင် ပျက်စီးမှုကို ဖြစ်စေသော ရောဂါဖြစ်စေသည့် ရောင်ရမ်းမှုကို ခွဲခြားနိုင်ရန် ဖြစ်သည်ဟု မီရီယမ် က ဆိုသည်။
ကင်ဆာရောဂါသည်ကို အရောင်ကျဆေးများပေး၍ ကုသခြင်းသည် ပုံမှန်မဟုတ်သည့် ကုထုံး တစ်ခု တော့ ဖြစ်နေမည်ဟုသြဂုတ်လတွင် Memorial Sloan Kettering Cancer Center ၏ ကိုယ်ခံအားနှင့် ကင်ဆာဗေဒ အစီအစဥ်၏ ဥက္ကဋ္ဌ ဖြစ်လာမည့်ဒေါက်တာ အင်ဒီမင်း က ပြောသည်။ မကြာသေးမီ နှစ်များ အတွင်း လက်ခံထားခဲ့ကြသော ပုံမှန်ကုထုံးအဖြစ် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာအကျိတ်ကို တိုက်ဖျက်စေသော ကိုယ်ခံအားဖြင့် ကုသသော နည်းသည် ကင်ဆာကုသပုံကို အပြောင်းအလဲဖြစ်လာ စေသည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက် နိုင်လောက်သည်အထိ ကိုယ်ခံအားစနစ်က ရောင်ရမ်းခြင်းအပေါ် ထိန်းညှိ နိုင်လောက်အောင် ရောင်ရမ်းခြင်းကို မြှင့်တင်ပေးရသည်ဟု မင်း က ဆိုသည်။ ဆက်လက်၍ သူက “ကျွန်တော်တို့ မသိတဲ့ အချက်ကတော့ ရောင်ရမ်းတဲ့ ပုံစံတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြခြင်းပင် ဖြစ်တယ်” ဟု ပြောပါသည်။
ကျွန်တော်တို့ လက်ခံထားကြသည်မှာ အသက်ကြီးသူများသည် ကိုယ်ခံအား နည်းပါးလာသောကြောင့် ပိုမို ရောဂါဖြစ်လွယ်သည် ဟူ၍ဖြစ်သည်ဟု မောင့်ဆီနိုင် ကင်ဆာဌာန တွင် အစောပိုင်း သုတေသန များပြုခဲ့သော လည်ချောင်းကင်ဆာ အထူးကုဆရာဝန် ဒေါက်တာ သောမတ်စ် မာရွန်က ပြောသည်။ ၎င်းမှာ မှန်သော်လည်း တစ်ချိန်တည်းမှာပင် ရောင်ရမ်းခြင်းက အလွန်အကျွံတုံ့ပြန်သည်ကိုလည်း တွေ့ရတတ်ကြောင်း ဒေါက်တာ သောမတ်က ပြောသည်။
“ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက အသက်ကြီးလာရင် ကင်ဆာရောဂါ ကြီးထွား ဆက်လက်ပေါက်ဖွားဖို့ ပြင်ဆင်ထားတဲ့ နေရာတစ်ခုနဲ့ တူလာတယ်” ဟု ၎င်း ကဆိုသည်။
လူတစ်ယောက် အိုမင်းလာသည်နှင့်အမျှ ကင်ဆာကဲ့သို့သော သန္ဓေပြောင်းလဲမှုများနှင့် ရောဂါပိုး ဝင်ခြင်းများကို တိုက်ဖျက်နိုင်ရန် ကိုယ်ခံအားစနစ်သည် အလုပ်ပို၍ လုပ်ဆောင်ရသည်။ သို့သော် ကိုယ်ခံအား စနစ် ကိုယ်တိုင်သည်လည်း အိုမင်း လာသည်ဖြစ်ရာ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သော ကိုယ်ခံအား ကောင်းသော ဆဲလ်များ အနည်းငယ်သာ ထုတ်လုပ်နိုင်တော့သည်။တစ်ချိန်တည်းမှာပင် ပိုးဝင်ခြင်းကို ကနဦး တုံ့ပြန်သော ကိုယ်ခံအား ကောင်းသော ဆဲလ်များ ပိုမို ထုတ်လုပ်လာသည်။ ၎င်းကို(myeloid cells) ဟု ခေါ်ဆိုပြီး ၎င်းတို့သည် လွန်ကဲစွာ တုံ့ပြန်လာကာ အသက်ကြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။ ယင်းရောင်ရမ်းစေသော ဆဲလ်များသည် သန္ဓေပြောင်းလာသော ဆဲလ်အဟောင်းများကို ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲသွားစေသည်ဟု ဒေါက်တာ မီရီယမ် က ပြောသည်။
လူအသက် ၆၅ နှစ်နှင့် ညီမျှသော ၇၂ ပတ် သက်တမ်းရှိပြီး ဖြစ်သည့် ကြွက်များကို မောင့်ဆီနိုင် သုတေသန ဓာတ်ခွဲခန်းတွင်လေ့လာကြည့်ရာ အိုမင်းလာသော ကိုယ်ခံအားစနစ်သည် ကင်ဆာရောဂါကို ကြီးထွား စေကြောင်း တွေ့ရှိရသည်။ မီရီယမ်၏ ဓါတ်ခွဲခန်းတွင် လေ့လာသော သုတေသနများကို ဦးဆောင်သည့် ဆေးကျောင်းသားတစ်ဦးဖြစ်သော မက်သရူး ပါ့ခ် လေ့လာတွေ့ရှိရာတွင် အိုမင်းနေသော ကြွက်များ၏ အဆုတ်အတွင်းရှိ အကျိတ်မှ (Myeloid cells) များသည် (interleukin 1 ခေါ် IL-1) ကို ထုတ်လုပ်ပေးသည်။ ၎င်းသည် ဟိုယခင်ကတည်းက အသက်ကြီး ရောင်ရမ်းမှုနှင့် ဆက်စပ်နေသော ပရိုတင်း တစ်မျိုးဖြစ်ကြောင်း သိရှိခဲ့ကြပြီး ဖြစ်သည်။ (IL- 1) သည် အဆုတ်အတွင်းတွင် (Myeloid cells) များကို ပိုမိုဖြစ်ပေါ်စေပြီး ၎င်းတို့ကြောင့် ရောင်ရမ်းမှုကို ပိုမိုဖြစ်ပေါ်စေကာ အကျိတ်သည် ပိုမိုကြီးထွားသည်။ ထိုအခါ ပါ့ခ်က က နုပျိုသော ကိုယ်ခံအားစနစ်ကို ကြွက်အတွင်း ထည့်သွင်းလိုက်သောအခါ ကင်ဆာအကျိတ်ကို ထိန်းချုပ်နိုင်လာသည်။

ပါ့ခ်သည် ကြွက်များကို အဆစ်အမြစ်ရောင်ရောဂါ ကုသသော ဆေးဖြစ်သည့် (IL-1) ထုတ်လုပ်မှုကို ပိတ်ဆို့သော(Anakinra) ကို ပေးခဲ့သည်။ ထိုဆေးကို ဆောလျင်စွာ တိုက်ကျွေးထားပါက ကင်ဆာကျိတ် ကြီးထွားမှုကို နှေးကွေးသွားစေ ဟုဆိုသည်။ ထိုသုတေသနအရ အရောင်ကျကုထုံးများသည် ကင်ဆာရောဂါ အလားအလာရှိသော လူအိုများတွင် အသုံးဝင်နိုင်ကြောင်းအထူးသဖြင့် ကင်ဆာရောဂါ၏ အစောပိုင်း အဆင့်များတွင် သုံးနိုင်ကြောင်း ကောက်ချက်ဆွဲနိုင်သည်။ “ဒါပေမဲ့ ကြွက်များမှာ တွေ့ရှိရသော သုတေသန ရလဒ်ကို လူများတွင် အမြဲတစေ အသုံးပြုနိုင်သည်တော့ မဟုတ်ပါဘူး။ ဒီလိုနည်းနဲ့တော့ အဆုတ်ကင်ဆာကိုကျွန်တော်တို့ ကာကွယ်နိုင်ပါတယ်” ဟု ပါ့ခ်က ဆိုလေသည်။
အင်ပျဥ်ထ ယားယံရောဂါ၊ အူလမ်းကြောင်း ရောင်ရမ်းရောဂါကဲ့သို့ ရောင်ရမ်းမှုများကို ကုသသော (JAK inhibitors)ဆေးဝါးများသည်လည်း လူကြီးများတွင်ဖြစ်သော ကင်ဆာရောဂါကို ကုသနိုင်သည့် အလားတူ အာနိသင်ရှိကြောင်း ၂၀၂၄ ခုနှစ်ဇွန်လတွင် ပြုလုပ်သော သုတေသန နှစ်ခုအရ သိရသည်။ သုတေသန တစ်ခုက အဆုတ်ကင်ဆာ ဖြစ်နေသော လူနာများကို လေ့လာထားပြီး အခြားတစ်ခုတွင် (ruxolitinib) ဟုခေါ်ဆိုသော ဆေးဝါးသည် ကိုယ်ခံအား ကုသနည်းဖြင့် ကုသနေသော လူနာ ၄၆ရာခိုင်နှုန်းကို (Hodgkinlymphoma) ကြီးထွားလာခြင်းမှ တားဆီးပေးကြောင်း သိရသည်။
အနာဂတ်တွင် ကင်ဆာရောဂါ ကုသမှုသည် ကိုယ်ခံအားစနစ်ကို ဘယ်အချိန်တွင် နှိုးဆွပေးပြီး ဘယ်အချိန် တွင် ငြိမ်သက်စေရမည်ဟူသော နည်းပညာများ ပါဝင်လာနိုင်ကြောင်း (Calif, La Jolla) တွင်ရှိသော (Scripps Research Institute) မှ အဏုဇီဝဗေဒနှင့် ကိုယ်ခံအားဗေဒ ပါမောက္ခ (John Teijaro) က ပြောသည်။
(Ruxolitinib) ဆေးဝါးဆိုင်ရာ သုတေသနကို ပူးတွဲလုပ်ဆောင်ခဲ့သော Teijaro က ၎င်းမှာ ဘယ်အချိန်တွင် လီဘာ နင်းမည်၊ဘယ်အချိန်တွင် ဘရိတ်နင်းမည် ဆိုသည်လောက်တော့ မလွယ်ကူကြောင်း ပြောသည်။
မောင့်ဆီနိုင်မှ မီရီယမ် က အသက်ကြီး ရောင်ရမ်းမှုကို တိုက်ဖျက်ရန် ပိုးသတ်ဆေး တစ်မျိုးကို လေ့လာ နေသည်။ရည်ရွယ်ချက်မှာ လူတို့၏ မျိုးရိုးဗီဇတွင် အသားကျနေသော ရှေးကျသည့် ဗိုင်းရပ်စ်များက ပြန်လည် ထကြွလာသောအခါ ဖြစ်တတ်သော ရောင်ရမ်းမှုကို သက်သာစေရန် မျှော်လင့်ခြင်း ဖြစ်သည်။ ယင်းအခြေအနေ သည် လူများ အရွယ် အိုမင်း လာသောအခါတွင် ဖြစ်တတ်သည်။
အဆုတ်ကင်ဆာ ပျံနှံ့နေသော အသက် ၉၀ အရွယ် အန်း မားဇ် သည် ပြီးခဲ့သော ဆောင်းဦးရာသီက သုတေသနတွင် ပါဝင်စမ်းသပ်ခံခဲ့သည်။ မားဇ်ကို HIV ပိုးနှင့် အသည်းရောင် အသားဝါ ဘီပိုး တို့ကိုကုသသော ပိုးသတ်ဆေး (Lamivudine) ဖြင့် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ မာရီယမ်း ၏ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့သည့် အသက် ၇၂ ပတ် အရွယ် ကြွက်များတွင် သုံးခဲ့သည့် ကုထုံးအတိုင်း ဖြစ်သည်။
ဒိန်းမတ်နိုင်ငံတွင် မွေးဖွားပြီး နယူးယောက်မြို့တွင် နေထိုင်သော မားဇ် သည် လွန်ခဲ့သော သုံးနှစ်က အဆုတ်ကင်ဆာပြန်လည် ထကြွလာခြင်းကြောင့် ကိုယ်ခံအား ကုသနည်းဖြင့် ကုသနေခြင်း ဖြစ်သည်။ “ဒီကုသနည်းက ကင်ဆာရောဂါ ကိုတော့အတော်ကြီး သက်သာစေပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ကျောက်ကပ် အပေါ်က အေဒရီနယ်ဂလင်းမှာ အကျိတ်တစ်ခု ဖြစ်လာတယ်။ ဒါကိုကျ ကိုယ်ခံအား ကုထုံးက မကုသနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ကိုယ်ခံအား ကုထုံးအပြင် (Lamivudine) ဆေးကို တစ်နေ့လျှင် နှစ်ကြိမ်ဖြင့် သီတင်းပတ် ခြောက်ပတ် သောက်သုံး ပြီးသောအခါ အကျိတ်သည် ကြီးထွား မလာတော့ကြောင်း တွေ့ရသည်။ သို့သော်လည်း သိပ်မကြာ သေးမီက စကင်ထပ်မံဖတ်ကြည့်ရာတွင် ပြန်လည်ကြီးထွားလာကြောင်း တွေ့ရသဖြင့် ယခုအခါတွင် သူမသည် (Lamivudine) ဆေးကို ပြန်လည်သောက်သုံးနေရပြီဖြစ်သည်။
သူမက ထိုဆေးဝါးကို ကြွက်အိုများတွင် စမ်းသပ်ကြည့်ခြင်းကို သဘောကျကြောင်း ကြွက်အိုများတွင် အဆင်ပြေလျှင် သူမအတွက်လည်း အဆင်ပြေမည်ဟု ထင်မြင်ကြောင်း သူမကလည်း လူအို တစ်ယောက် ဖြစ်သောကြောင့်ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ယနေ့အထိ ဆေးမတွေ့သေးသည့် ကင်ဆာရောဂါ ဝေဒနာအတွက် ကြိုဆိုရမည့် ကုထုံးအသစ် တစ်ခု ဖြစ်လေသည်။
ကိုးကား
- ဝေါထစရိ ဂျာနယ်

