The Corner

The Corner

cropped-Logo_round_grey-background.png

ဆာရာ ဒူတာတေးနဲ့ မားကို့စ် ဂျူနီယာတို့ရဲ့ ဖိလစ်ပိုင် နိုင်ငံရေး ဇာတ်ခုံ

Share မယ်

မေလ ၁၁ ရက်နေ့မှာ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခံလိုက်ရပြီးတဲ့နောက် မြို့တော် မနီလာမှာ ဇာတ်ရှိန်တွေ မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေဟာ မေလ ၁၃ ရက်နေ့မှာ ပိုမိုပြင်းထန်လာပြီး ဒူတာတေးကို လိုလားတဲ့ အထက် လွှတ်တော် (ဆီးနိတ်) အမတ်တွေက လွှတ်တော်အဆောက်အအုံကို အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နည်းနဲ့ ဝင်သိမ်းတော့မယ်ဆိုကာ လွှတ်တော်ထဲကနေ မထွက်ကြတော့ပါဘူး။ ဒီလို အဖြစ်အပျက်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်ဟာ ဒီလို ဗရုတ်ဗရက် အခြေအနေတွေကြောင့် လာမယ့် ၂၀၂၈ ခုနှစ်မှာ ဘယ်လို ခေါင်းဆောင်မျိုးက နိုင်ငံကို ဦးဆောင်မယ်ဆိုတာ အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာနေပါပြီ။

လူကြမ်းသမ္မတကြီး ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ မစ္စ ဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ နိုင်ငံရေး အာဏာအရှိဆုံး မျိုးဆက်နှစ်ခုထဲက တစ်ခုရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူမဟာ ရှိသမျှ ပုံအောပြီး သူမ၏ပြိုင်ဘက် ဖြစ်သူ၊ တစ်ချိန်က ဖိလစ်ပိုင်ကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ခေါင်းဆောင်၏သား ဖာဒီနန် ဘွန်ဘွန် မားကို့စ်နှင့် အပြိုင်တက်လှမ်းခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတိမ်းမယိမ်း ဖြစ်ပေမယ့် ဘွန်ဘွန်ကတော့ သမ္မတ ဖြစ်သွားခဲ့တယ်။ အဲဒီမှာပဲ သူတို့နှစ်ဦးရဲ့ အကွဲအပြဲ ဇာတ်လမ်းက ဇာတ်ရှိန်မြင့်တက်လာခဲ့တယ်။

လွှတ်တော်ထဲမှာ အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ မစ္စတာ မားကို့စ်ကို ထောက်ခံနေကြသူတွေကတော့ အယုံအကြည်မရှိအဆိုဟာ သူတို့ အတွက် မစ္စဒူတာတေးနဲ့ အပေါင်းအပါတွေကို အဆုံးသတ် အပြုတ်တိုက်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ပါ။ မစ္စဒူတာတေးရဲ့ အပေါင်းအပါတွေ ဆိုတာ သေနတ်နဲ့ ဖြေရှင်းတတ်ကြတဲ့ မင်ဒါနိုဆိုတဲ့ တောင်ပိုင်းကလာတဲ့သူတွေပါ။ အဲဒီအရပ်မှာ မနက်ခင်း စောစောစာတောင် မစားရသေးဘူး ခပ်ကြမ်းကြမ်း ရန်ပွဲတွေက စဖြစ်နေပြီ။ ဘာပဲပြောပြော အခုတော့ မစ္စဒူတာတေးကို လွှတ်တော်က စတင်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်။ လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ရင် ၂၀၂၈ သမ္မတရွေးကောက်ပွဲကို သူမဝင်ပြိုင်ခွင့် မရနိုင်တော့ဘူး။ အခုလောလောဆယ်မှာတော့ မစ္စ ဒူတာတေးဟာ နောက်နှစ်နှစ် ကြာတဲ့အချိန်မှာ ဖိလစ်ပိုင်ရဲ့ အမြင့်ဆုံးရာထူးကို ရယူဖို့ တစ်ပြေးနေတာလေ။

လွှတ်တော်မှာ အယုံအကြည်မရှိ အဆို တင်သွင်းခံရသူ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေး (Source: Reuters)

၂၀၂၄ ခုနှစ်မှာ သူမအတွက် အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာခဲ့မယ်ဆိုရင် သူမအနေနဲ့ မစ္စတာ မားကို့စ်၊ သူ့မိန်းမနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ကို လုပ်ကြံဖို့ လူငှားထားတယ်လို့ မစ္စဒူတာတေးက လေသံပစ်ထားသေးတယ်။ ဒါပေမဲ့ အခု မစ္စဒူတာတေးကို အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့တာ ဒီကိစ္စက အဓိက အချက်ကြီး လေးခုထဲက သိပ်ပြီး အရေးမကြီးတဲ့ အချက်တစ်ချက်လို့ အတွင်းလူတွေက ပြောကြတယ်။ သူတို့အပြောအရ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ရှင်းမပြနိုင်လောက်အောင် ချမ်းသာလာတဲ့ အချက်က တော်တော့်ကို ထင်ရှားတဲ့ ပြစ်ချက်တွေ ဆိုပဲ။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီက မစ္စဒူတာတေးနဲ့ သူ့ယောကျာ်းတို့ရဲ့ ဘဏ်စာရင်းတွေထဲနဲ့ ဆက်စပ် ပတ်သက်နေတဲ့ မသင်္ကာဖွယ်ရာ ဖိလစ်ပိုင် ပီဆို ၆ ဒသမ ၈ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၁၁၀) ငွေအလွှဲအပြောင်းတွေ လုပ်ထားတာတွေ တွေ့ရှိထားတယ်လို့ ဆိုကြတယ်။

မစ္စ ဒူတာတေးရဲ့ မဟာမိတ်တွေကတော့ လွှတ်တော်ထဲက ၂၄ နေရာကို လက်မလွတ်ရေး ကြိုးစားနေကြတယ်။ အယုံအကြည်မရှိအဆို မတင်သွင်းခင်မှာ ဒူတာတေးတို့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အယ်လင်ပီတာ စီယက်တန်နိုဆိုသူက ဆီးနိတ်ဥက္ကဋ္ဌနေရာကို လွတ်သွားအောင် လုပ်ဖို့ မဲအလုံအလောက် ရခဲ့တယ်။ သူက အဲဒီနေရာ လက်လွတ်မသွားအောင် သမ္မတဟောင်း ဒူတာတေး လက်ထက်က ရဲချုပ်တာဝန်ယူခဲ့သူ ဆီးနိတ်အမတ် ရိုနယ်လ် ဘာတို ဒီလာ ရိုဆာကို ခပ်မြန်မြန်ပဲ ခန့်ထားလိုက်တယ်။ အဲဒီ ရိုနယ်လ်ဘာတို ရဲချုပ်တာဝန်ယူခဲ့တုန်းက မူးယစ်ကိစ္စ တွေ နှိမ်နင်းခဲ့စဉ်တုန်းက ဥပဒေကို ကျော်လွန်ပြီး ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့လို့ လူထောင်ချီ သေဆုံးခဲ့တယ်။ အခုလောလောဆယ် တော့ မစ္စတာ ဒူတာတေး (ကြီး) ဟာ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ လူသတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုတွေအတွက် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရားရင်ဆိုင်ဖို့ စောင့်နေရပါတယ်။ မေလ ၁၁ ရက်နေ့က ဆီးနိတ်ကို မစ္စတာ ဒီလာရိုဆာက ပုန်းအောင်း နေရာက ထွက်လာပြီး မစ္စတာ စီယက်တန်နိုရဲ့ပွဲကို မဲလာပေးခဲ့တယ်။ အစိုးရ အေးဂျင့်တွေက မစ္စတာ ဒီလာရိုဆာကို အပြည်ပြည်ဆိုင်ရာ တရားရုံးက ဝရမ်းသုံးပြီး ဖမ်းဆီးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။

ဒူတာတေး ဘက်တော်သား ရဲဝန်ထမ်းဟောင်း တစ်ဦးလည်းဖြစ်၊ လက်ရှိ လွှတ်တော််အမတ်ဖြစ်သူ ဒီလာ ရိုဆာ။ ဒီလာရိုဆာကို အိုင်စီစီရုံကလည်း ဖမ်းဝရမ်း ထုတ်ထားသည်။ (Source: Balitangmarino)

မေလ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ ဆီးနိတ်လွှတ်တော် အဆောက်အအုံဘက်မှာ သေနတ်သံတချို့ ကြားရတယ်လို့ ဆိုတယ်။ ဒူတာတေး ဘက်တော်သားတွေ အပြောအရကတော့ လွှတ်တော်အဆောက်အအုံကို အစိုးရအေးဂျင့်တွေက သိမ်းယူဖို့ ကြိုးစားနေတယ်လို့ ပြောကြတယ်။ တီဗီက လွှင့်တဲ့သတင်းမှာ မစ္စတာ မားကို့စ်က အစိုးရက ဘာမှ မလုပ်ပါဘူးလို့ ငြင်းဆိုသွားတယ်။ တစ်ခုခု လုပ်ကြံဖန်တီးထားသည့် ပုံစံမျိုး ဖြစ်ပုံရသည်။ မစ္စတာ ဆီယက်တန်နိုလက်ထဲမှာရှိတဲ့ ဆီးနိတ်က အဖွဲ့တွေက ပစ်ခတ်နေပုံရတယ်။ ဘယ်သူက ဘယ်သူ့ကို ပစ်သလဲ ဆိုတာတော့ မသိရဘူး။ ဒီအရှုပ်အထွေးတွေ ကြားထဲကပဲ မစ္စတာ ဒီလာ ရိုဆာတစ်ယောက် လစ်ထွက်သွားပုံရတယ်။

ဖြစ်ခါစတုန်းကတော့ မစ္စဒူတာတေးကို ဆီးနိတ် တရားရုံးမှာ စစ်ဆေးမယ့် ကိစ္စက နိုင်ငံရေးသတ်သတ်ပဲ၊ တရားရေးနဲ့ မပတ်သက်ဘူး။ စွဲချက်တင်မယ် မတင်ဘူး ဆိုတာလည်း မသေချာဘူး။ အချို့ ဆီးနိတ်လွှတ်တော် အမတ်တွေကလည်း သူ့ကို စွပ်စွဲထားတဲ့ ငွေရေးကြေးရေး အရှုပ်အထွေးတွေဟာလည်း ရေကြီးတာကို တားဆီးဖို့ လုပ်ငန်းတွေအတွက် ရန်ပုံငွေကြောင့်လို့ ပြသနိုင်မယ်ဆိုရင် မစ္စဒူတာတေးတစ်ယောက် ထောင်တွေ တန်းတွေလည်း မကျနိုင်တော့ဘူး။ နောက်အမတ်အချို့ကလည်း ပြည်သူတွေရဲ့ ထင်မြင်ချက်တွေက လွှတ်တော် အမတ်တွေရဲ့ မဲကို ပြောင်းလဲစေနိုင်တယ်။

ဒါပေမဲ့ မစ္စဒူတာတေးကို ဝေဖန်နေသူတွေကတော့ သူမရဲ့ အဂတိလိုက်စားမှု အသေးစိတ်တွေ ဘူးပေါ်သလို ပေါ်လာခဲ့ရင် ပြည်သူတွေက သူမအပေါ် ယုံကြည်နေကြတဲ့ အမြင်တွေပြောင်းလဲ သွားနိုင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့်မို့လို့ မစ္စတာ ဆီယက်တန်နိုက မရှုပ်ရှုပ်အောင် နှောင့်ယှက်ပြီး မစ္စဒူတာတေးကို စစ်ဆေးမယ့် ကိစ္စကို တမင်တကာ နောက်ကျသွားအောင် လုပ်နေပုံရတယ်။

သမ္မတ သက်တမ်းကို တစ်ခါပဲ ဆက်ခံခွင့်ရှိတဲ့ မစ္စတာ မားကို့စ်ရဲ့ အပေါင်းအပါတွေကတော့ သမ္မတဟာ ဥပဒေကို ဦးစားပေးကာ ကိုင်တွယ်မှုတွေကလည်း ငြင်သာတယ်လို့ မြင်ကြတယ်။ သူဟာ သူ့အဖေလက်ထက်က နာမည်ပျက်ကို ပြုပြင်ဖာထေးနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်မှာပေါ့။ နောက် သူ့အနေနဲ့ကလည်း သူ့နောက်ကတက်လာမယ့် သမ္မတကို သူ့လိုပဲ ဖြစ်စေချင်ပုံရတယ်။ ဒါပေမဲ့ မစ္စဒူတာတေးဟာ သူ့ဝန်ထမ်းတွေကို လက်ပ်တော့နဲ့ ပစ်ပေါက်တယ်လို့ မြင်ဖူးသူတွေက ပြောကြတယ်။ တစ်ခါတုန်းကလည်း တရားရုံးမှာ တာဝန်ကျရဲတစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ပိတ်ထိုးခဲ့တာမျိုးလည်း ရှိဖူးတယ်။ သူမအနေနဲ့ ငယ်ငယ်ကတည်းက ဒီလို ပတ်ဝန်းကျင်မှာ ကြီးလာတဲ့သူတစ်ယောက်ဖြစ်တော့ သေနတ်ဆိုတာလည်း သူမနဲ့ မစိမ်းဘူး။ ကြမ်းကြမ်းတမ်းတမ်းနဲ့ နိုင်ငံရေးအတွက် လက်စားချေဖို့လည်း ဝန်မလေးဘူး။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မတူညီတဲ့ လမ်းကြောင်း နှစ်ခုကို သွားနေသလိုပဲ။

ref: Drama in the Philippines after the vice-president is impeached, The Economist 14th May  

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *