The Corner

The Corner

cropped-Logo_round_grey-background.png

ပြန်တော့မယ်

Share မယ်

ဂစ်တာလေးမှ မတီးတတ်ခင်
ပြန်ရတော့မယ်
သီလလေးမှ မစင်ကြယ်သေးခင်
ပြန်ရတော့မယ်
အမှားလေးမှ မပြင်ရသေးခင်
ပြန်ရတော့မယ်
လူ ရယ်လို့မှ မဖြစ်သေးခင်
ပြန်ရတော့မယ်။

ကိုယ်ရောက်ခဲ့တယ်ဆိုတာ
ဘယ်သူမှ မသိလိုက်ခင်
ပြန်ရတော့မယ်။
ဘယ်ကိုပြန်ရမယ်လို့မှ မသိသေးခင်
ပြန်ရတော့မယ်

ပြန်လာခွင့်ရှိမယ်လည်းမထင်
ပြန်လာရမယ့်နေရာလည်း မသိ
ပြန်လာချင်လှပါတယ်လို့လည်း မဟုတ်
ပြန်လာခွင့်ရရင်တော့လည်း
ပြန်မရနိုင်ခဲ့တာလေးတွေကို
ပြန်စခွင့် ရချင်ပါသေးတယ်။

အခုတော့
ပြန်ရပြန်ပါဦးမယ်။ ။

ဇန် ၂၃၊ ၂၀၂၃
၁၁း၅၈ a.m

Click to rate this post!
[Total: 3 Average: 5]

2 thoughts on “ပြန်တော့မယ်”

Leave a Comment

Your email address will not be published. Required fields are marked *