အမေရိကန် သမ္မတ ထရမ့်ရဲ့ အစိုးရက အီရန်ကို စီးပွားရေးပိတ်ဆို့ ပိုမိုဖိအားနေချိန်မှာ အီရန် အစိုးရကို ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်ဖို့ လုပ်နေတဲ့ ကြိုးစားနေတဲ့ လုပ်ဆောင်ချက်ထဲမှာ ထင်မှတ် မထားတဲ့ အားနည်းချက်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ အမေရိကန်ဘဏ် တွေပဲ ဖြစ်ပါတယ်။
အနောက်နိုင်ငံ အရာရှိတွေ နဲ့ သုတေသီတွေက ပြောကြားချက်အရ အီရန်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေး လုပ်ငန်း အများစုကို အမေရိကန် ဥပဒေအောက်က လူတွေ မပါဝင်ရဘူးဆိုတဲ့ စနစ်တကျ ဒဏ်ခတ်မှု တွေရှိနေပေမယ့်လည်း နှစ်စဉ် ဘီလီယံနဲ့ ချီတဲ့ အီရန်ပိုင် ဒေါ်လာငွေတွေဟာ အမေရိကန် ဘဏ်တွေထဲ မှာရှိတဲ့ အကောင့်တွေကတဆင့် အီရန်ကို စီးဆင်းနေတယ်လို့ ဆိုပါတယ်။

အီရန်က အဲဒီငွေစာရင်းတွေကို အမေရိကန်ဘဏ်တွေနဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံခြား ပါတနာတွေ ကနေ တစ်ဆင့် အသုံးချနေပါတယ်။ ဒါက ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ချိတ်ဆက်ပေးထားတဲ့ ရာစုနှစ် ကျော်ကြာ ကမ္ဘာပေါ်က တွဲဘက် ဘဏ် စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါပေမယ့် အဲဒီစနစ်ကပဲ တီဟီရန်အတွက် မျက်ခြေဖျက် အသုံးချနိုင်တဲ့ လမ်းကြောင်း အများကြီး ဖြစ်နေပါတယ်။
ထရမ့်အစိုးရက မကြာသေးခင်က အမေရိကန်ဘဏ်တွေရဲ့ အကောင့်တွေထဲကနေ အီရန်နဲ့ ဒေါ်လာ ငွေ အလွှဲအပြောင်းတွေ လုပ်နေတဲ့ နိုင်ငံခြားဘဏ်တွေကို သတိပေးလာပါတယ်။ တစ်ဖက်ကလည်း အမေရိကန် ဘဏ်တွေ အနေနဲ့ လည်း အီရန်နဲ့ဆက်နွယ်နိုင်တဲ့ ငွေလွှဲမှုတွေကို ပိုပြီး သတိထား စစ်ဆေးဖို့ တွန်းအားပေး နေပါတယ်။
အမှန်စင်စစ်တော့ အဲဒီ ငွေလွှဲမှုတွေကို ဖော်ထုတ်ရတာ မလွယ်ပါဘူး။ အကြောင်းများစွာထဲက တစ်ခုကတော့ အီရန်ဘက်ကလည်း အမည်ခံ ကုမ္ပဏီတွေအပြင် နောက်ထပ် နည်းလမ်းမျိုးစုံတွေကို သုံးပြီး ငွေလွှဲမှုတွေကို ဖုံးကွယ်ထားလို့ပါ။
သြဂုတ် ၂၈ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေး ဌာနက အီဂျစ်နိုင်ငံပိုင် ဘဏ်တစ်ခုရဲ့ အီမရိတ် (ယူအေအီး) ဌာနခွဲကနေ တဆင့် အီရန်က အမေရိကန်ဘဏ်စနစ်ကို ဝင်သုံးနိုင်အောင် ကူညီနေတယ်လို့ သတ်မှတ်လိုက်ပြီး အဲဒီဌာနခွဲကို ဘဏ်ကွန်ရက် စနစ်ထဲမှာ မထားတော့ဘူးလို့ ပြောခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာန က ယူအေအီး မှာ အမေရိကန်ဘဏ် သုံးခုနဲ့ ဒေါ်လာ အကောင့်တွေ ရှိတယ်လို့ ပြောခဲ့ပေမယ့် ဘဏ်နာမည်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က အာဏာပိုင်တွေနဲ့ ဆက်သွယ် ပြောဆိုနေတယ်လို့ ပြောပါတယ်။ ဘဏ်ရဲ့ အီမရိတ် ဌာနခွဲ တွေကတော့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဆိုပါတယ်။
ထရမ့် အစိုးရရဲ့ “Operation Economic Outcast” လို့ခေါ်တဲ့ ဖိအားပေး ကမ်ပိန်းအသစ်ရဲ့ ရည်ရွယ်ချက်က အီရန်ကို စစ်ရေးအပြင် ဘဏ္ဍာရေးဘက်ကနေ ထပ်ဖိပြီး အလျှော့အတင်း လုပ်လာ စေဖို့နဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေ အဆုံးသတ်စေဖို့ပါ။ ဝါရှင်တန်က ကမ္ဘာ့ ခေါင်းဆောင် အသီးသီးကိုလည်း အီရန်နဲ့ ဆက်ဆံရေးဖြတ်ဖို့ သတိပေးနေပြီး မဖြတ်ဘူးဆိုရင် ဆင့်ကဲ ပိတ်ဆို့မှု (secondary sanctions) တွေ လာဦးမယ်လို့ ပြောထားတယ်။ ဆိုလိုတာက အမေရိကန် ဒေါ်လာရဲ့ ဘဏ္ဍာရေးစနစ်ကနေ လုံးဝ အဆက်ဖြတ်ခံရနိုင်တယ် ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောတာပါ။
“မြေအောက်ဘဏ်စနစ် ကွန်ယက် (Shadow banking networks) တွေကို ဖော်ထုတ်ရတာ အလွန် ခက်ပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ငွေစီးဆင်းမှုတွေကို လုံးဝမလိုက်လံစုံစမ်းနိုင်ဘူးဆိုတာ မဟုတ်ပါဘူး” လို့ ဝါရှင်တန် အခြေစိုက် Foundation for Defense of Democracies မှာ အလုပ်လုပ်နေတဲ့ အမေရိကန် အကြီးတန်းအရာရှိဟောင်း တစ်ဦးက ပြောပါတယ်။ “အမေရိကန်ဘဏ်တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ အခြားနိုင်ငံက ဘဏ်တွေမှာ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းတွေရှိပြီး သားပါ၊ အဲဒီနေရာအပေါ် ဖိအားတွေ အဆမတန် တိုးလာတာ ဖြစ်နိုင်ပါတယ်” လို့ ထပ်ပြောတယ်။
အမေရိကန် အရာရှိတွေက ဘဏ်တစ်ခုကို ပိတ်ဆို့မှုတွေအပေါ် ဘယ်လောက် စောင့်ကြည့် နေတယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ ပြည့်ပြည့်စုံစုံ မဆောင်ရွက်နိုင်တာတွေ့မှ ဒါမှမဟုတ် အခြား ကြီးကြီးမားမားတွေ့ ဖောက်ဖျက် ချို့ယွင်းချက်တွေ တွေ့မှသာ ငွေလွှဲမှုတွေကို ပုံမှန်အားဖြင့် အရေးယူ လေ့ရှိပါတယ်။ အမေရိကန်ဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်များစွာအပေါ် ဖိအား တိုးပေးတာက ဆိုးကျိုး လည်း ရှိနိုင်တယ်လို့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီထဲမှာ တီဟီရန်ရဲ့ ဘဏ္ဍာရေးလှုပ်ရှားမှုတွေကို သိမြင်နိုင်တဲ့ အရေးကြီးလမ်းကြောင်းတစ်ခု ပျောက်သွား၊ ပိတ်သွား နိုင်တာလည်း ပါပါတယ်။
ဒါတောင်မှ ထရမ့်အစိုးရက ဘဏ် အရာရှိတွေနဲ့ သီးသန့် အစည်းအဝေးတွေမှာ အီရန်ပိုင်ငွေတွေ စီးဆင်းမှုတွေကို အထူးစောင့်ကြည့်ဖို့ အမေရိကန်အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာနကလည်း ကမ္ဘာ့ပေါ်က ဘဏ်တွေအတွက် သတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီး အမည်ခံ ကုမ္ပဏီတွေဟာ အမေရိကန် ဦးဆောင်ထားတဲ့ ဘဏ္ဍာရေးစနစ်ကို အသုံးချပြီး အီရန်အတွက် အလုပ်လုပ်ပေးနေနိုင်တယ်ဆိုတဲ့ လက္ခဏာရပ်တွေကိုလည်း ရှင်းပြထားပါတယ်။
ရှုပ်ထွေးတဲ့ ပြဿနာ
ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းက ကမ္ဘာအရပ်ရပ်က ချိတ်ဆက်ထားတဲ့ ဘဏ်တွေရဲ့ လုပ်ငန်းစဉ် ပါပဲ။ ကမ္ဘာ့ ဘယ်နေရာကဖြစ်ဖြစ် ဒေါ်လာ အခြေခံတဲ့ ငွေလွှဲမှုတိုင်းဟာ နောက်ဆုံးမှာ အမေရိကန်ဘဏ် တစ်ခုမဟုတ် တစ်ခုကနေ နောက်ဆုံးလုပ်ပေးမှာသာ အောင်မြင်စွာ လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဝါရှင်တန်အနေနဲ့ နိုင်ငံတကာက လွှဲပြောင်းနေတဲ့ ဒေါ်လာငွေလွှဲမှု အများစုကို စောင့်ကြည့်နိုင်ပြီး လိုအပ်ရင် အသုံးပြုသူတွေရဲ့ အမေရိကန် ဒေါ်လာ သုံးခွင့်ကို ဖြတ်တောက် နိုင်ပါတယ်။ အဲဒီလိုဖြတ်တောက်လိုက်ရင် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုကို အကြီးအကျယ် ထိခိုက်စေနိုင်တာပေါ့။
အီရန်က အဲဒီစောင့်ကြည့်မှုကနေ ရှောင်ရှားနိုင်ဖို့ တရုတ်ယွမ်ငွေ ဒါမှမဟုတ် ခရစ်တိုငွေနဲ့ စီးပွားရေး လုပ်ဖို့ နည်းလမ်းတွေ ရွေးချယ်လာပေမယ့် ကုန်သွယ်ရေးလုပ်ဖို့၊ အရှေ့အလယ်ပိုင်းက မဟာမိတ်တွေ ကို ထောက်ပံ့ဖို့၊ စစ်ရေးအရ ကန့်သတ်ထားတဲ့ နည်းပညာနဲ့ အစိတ်အပိုင်းတွေ ဝယ်ဖို့ အမေရိကန် ဒေါ်လာကို တစ်ခါတစ်ရံမှာ သုံးနေရဆဲပါ။
အဲဒါလုပ်နိုင်ဖို့ အီရန်ဟာ ဟောင်ကောင် နဲ့ ဒူဘိုင်းလိုနေရာတွေမှာ အမည်ခံ ကုမ္ပဏီတွေ၊ နိုင်ငံခြား ငွေလဲလှယ်တဲ့လုပ်ငန်းတွေ ပါတဲ့ ရှုပ်ထွေးတဲ့ မြေအောက်ဘဏ်စနစ် ကွန်ယက် တစ်ခုကို တည်ဆောက် ထားတယ်လို့ အမေရိကန်အရာရှိတွေနဲ့ သုတေသီတွေက ပြောပါတယ်။
ပုံမှန်အားဖြင့် အဲဒီအဖွဲ့အစည်းတွေက အမေရိကန်ဘဏ်တွေမှာ တိုက်ရိုက် အကောင့်ဖွင့်တာ မလုပ်ဖို့ ရှောင်ကြပါတယ်။ အမေရိကန်ဘဏ်တွေက သူတို့ရဲ့ လုပ်ငန်းကို လက်ခံပြီး ဘဏ်အကောင့် ဖွင့်ပေး ဖို့လည်း မဖြစ်နိုင်လို့ပါ။ အဲဒီအစား တရုတ်၊ ယူအေအီးတို့လို ဒါမှမဟုတ် တခြားနေရာတွေမှာ အမေရိကန်ဘဏ် တွေနဲ့ ချိတ်ဆက်ထားတဲ့ ကြားဘဏ်တွေကို အသုံးချကြတယ်လို့ အမေရိကန် အရာရှိတွေနဲ့ သုတေသီတွေက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေက အီရန်ရဲ့ အမည်ခံကုမ္ပဏီတွေအတွက် ငွေတွေ ရွှေ့ပြောင်းတာတွေ လုပ်ပေးပြီး တီဟီရန်နဲ့ သူတို့ရဲ့ ဆက်နွယ်မှုကို မဖော်ပြဘဲ လုပ်ဆောင်ကြပါတယ်။ တကယ့် ငွေလွှဲမှုတွေကိုတော့ အမေရိကန်ဘဏ်တစ်ခုက အပြီးသတ် လုပ်ပေးတာပါ။
တရုတ်ကတော့ ဝါရှင်တန်ရဲ့ “တစ်ဖက်သတ် ပိတ်ဆို့မှုတွေကို” ဆန့်ကျင်တယ်လို့ ပြောထားပြီး၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ Operation Economic Outcast စတင်ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စီးပွားရေးစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
ဟောင်ကောင်အစိုးရကတော့ United Nations ကုလသမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု တွေကို တင်းတင်းကျပ်ကျပ် အကောင်အထည် ဖော်တယ်လို့ ပြောထားပေမယ့် တစ်နိုင်ငံတည်းက တစ်ဖက်သတ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုတော့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ် လို့ ဆိုပြီး မလိုက်နာဘူးလို့ ပြောပါတယ်။
အီရန် အရာရှိတွေကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့တာတွေကို မတုံ့ပြန်ခဲ့ပါဘူး။ ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အလားတူပါပဲ ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။
နိုင်ငံခြားဘဏ်တစ်ခုကို အမေရိကန် ဘဏ်စနစ်ထဲကနေ ဖြတ်တောက်လိုက်တာဟာ ပစ်မှတ် ထားခံရတဲ့ အဲဒီ နိုင်ငံခြားအဖွဲ့အစည်းကို အလုံးစုံပျက်စီးသွားစေခဲ့တဲ့အထိ အတိတ်မှာ ဖြစ်ခဲ့တဲ့ ဥပမာ ရှိဖူးပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ဘဏ်တွေကို အပြစ်ပေးတာက သူတို့ရဲ့ ကမ္ဘာပေါ်က ဆက်စပ်နေတဲ့ ဘဏ်တွေရဲ့ ပူးပေါင်း လှုပ်ရှားမှုတွေကို လျှော့ချစေနိုင်ပါတယ်။
နှစ်ခုစလုံးက နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တဲ့အပြင် နိုင်ငံခြားဘဏ်တွေကို မှီခို နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုဖြစ်စေ၊ ဘဏ္ဍာရေးစနစ်ကြီးကိုဖြစ်စေ ထိခိုက်စေနိုင်ပါတယ်။
“အဲဒါကြောင့် သူတို့က အားလုံးကို တစ်ချိန်တည်း တင်းတင်းကျပ်ကျပ် လုပ်လို့မရတာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီလိုလုပ်ရင် ထရမ့် အစိုးရက ရရှိချင်တဲ့ ရလဒ်နဲ့ ဆန့်ကျင်တဲ့ ထိခိုက်မှုတွေ ဖြစ်လာ နိုင်လို့ပါ” လို့ ဘဏ္ဍာရေး ပိတ်ဆို့မှုတာတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ အရာရှိဟောင်း ဂျေဆင် ပရင့်စ်က ပြောပါတယ်။
ကိုးကား – How Billions in Iranian Money Passes Through U.S. Banks – ၂၀၂၆ခုနှစ် စက်တင်ဘာထုတ် ဝေါစထရိဂျာနယ်မှာ ထုတ်နှုတ် တင်ပြသည်။


