နာမည်ထဲ ဘာရှိသလဲ
“သူ့ကို ‘လီးလ်’ ဒါမှမဟုတ် ‘နာနာ’ လို့ခေါ်ဖို့ ငါတို့ပြောပြ။ သူ့လူနာ မှတ်တမ်းထဲ ဒီနာမည်တွေမပါဘူးတဲ့။ ဒီလိုနဲ့ သူမရဲ့ နောက်ဆုံးအချိန် ဝိုးတဝါးရက်သတ္တပတ်တွေမှာ သူမဟာ တစ်ဖန်တစ်ကျော့ အီလိုင်ဇာဖြစ်သွားခဲ့ရပေါ့။” (နာမည်များ။ ဝင်ဒီကုတ်ပ်) လူနာဆောင်ထဲ ကျွန်တော်‘ရောင်းလှည့်’ကြည့်ဖို့ကျန်တဲ့လူနာက ဒေးဗစ်ဖော်စတာဖြစ်ပါတယ်။ သူက လူနာအသစ်ပါ။ သူ့ကိုမကြည့်ခင် သူဆေးရုံရောက်စ အခြေအနေကို သိချင်လို့ လူနာမှတ်တမ်းထဲ ရှာကြည့်လိုက်တယ်။ “အသက် ၈၈။ ခေါင်းခဲဝေဒနာကောက်ခါငင်ခါရ။ ဦးခေါင်းတွင်းသွေးယိုခြင်းဟု စီတီဓာတ်မှန်အဖြေထွက်။ ခွဲစိတ်ရန်မလိုအပ်။ သတိကောင်းကောင်းရ။ ဂျီစီအက်စ်* ၁၅ မှတ်အပြည့်။” ကျွန်တော်သူ့ ခုတင်ဆီလျှောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ပဋိသန္ဓာရ စကားဆို၊ ပြီးတော့ သူသတိ ဘယ်လောက်ကောင်း / မကောင်းဆိုတာဆန်းစစ်ဖို့ပါ။ “မင်္ဂလာပါ မစ္စတာ ဖော်စတာ” လူနာကမလှုပ်ဘူး။ သူ့ကိုစောင့်ကြည့်နေတဲ့သူနာပြုက […]









