The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၀)

ယိမ်းတနွဲ့နွဲ့

“ကိုတိုးလှ ရှိပါသလား” အိမ်ရှေ့မှ ဧည့်သည်အသံကြောင့် ထမင်းအိုး ကမန်းကတန်းတည်ရင်း ထွက်လာခဲ့သည်။ ဖြူဖြူသွယ်သွယ် အနီမလေးနှင့် ခပ်တုတ်တုတ် အညိုရင့်မတို့ကို တွေ့ရသည်။ “ထိုင်ကြပါခင်ဗျ” အညိုရင့်မ၏ နှာခေါင်းရှုံ့ဟန်ကို ကြည့်လိုက်ရင်း တိုးလှ ပြုံးလိုက်မိသည်။ လောကွတ်စကားသာ ဆိုလိုက်ရ သော်လည်း နေရာထိုင်ခင်းက အဆင်သင့်မဖြစ်။ ဖရိုဖရဲနှင့် ပွဲပျက်နေသည်။ ခြင်ထောင်ကို ကမန်းကတန်း သိမ်းလိုက်ရင်း ခေါင်းအုံးပေါ် ပြီးစလွယ်တင်လိုက်သည်။ စောင်ကို လုံးထွေးကာ ခေါင်းရင်းဘက် ပစ်တင် လိုက်သည်။ တစ်လုံးတည်းသော ကုလားထိုင်ကို ခုတင်ခြေရင်းဘက် ဆွဲယူသည်။  “အခန်းကျဉ်းကျဉ်းလေးထဲမှာ နှစ်ယောက်တည်း ဖြစ်သလို နေကြတာမို့ ဧည့်သည်အတွက် နေရာထိုင်ခင်း အဆင်သင့် မဖြစ်တာ ခွင့်လွှတ်ပါ” “ရပါတယ်၊ ကျွန်မတို့ကလည်း ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကို ကြည့်ပြီး စောစောစီးစီး  လာဒုက္ခပေးရတာကိုး […]

ယိမ်းတနွဲ့နွဲ့ Read More »

ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး

ပညာရေးနယ်ပယ်မှာ သင်ယူခွင့် အခွင့်အလမ်းတွေ တဖြည်းဖြည်း ပိုများလာတာ ဝမ်းသာစရာပါ။ ဟိုနေရာ၊ ဒီနေရာ စသည်အားဖြင့် နေရာ အတော်များများမှာ အခွင့်အလမ်းတွေများလာတဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာစတဲ့သင်တန်းတွေတက်လိုသူတွေအတွက် အရင်ကထက် အခွင့်အလမ်း ပိုများလာတယ်လို့ ပြောရင် ရနိုင်မှာပါ။ ပညာရေး အဖွဲ့အစည်းတွေထူထောင်လာကြတာတွေရှိသလို ထူထောင်ထားတဲ့တက္ကသိုလ်၊ ကောလိပ် တွေမှာလည်း သင်တန်းအမျိုးအစားအသစ်တွေ တိုးတိုးဖွင့်ကြတာတာတွေရှိတာပေါ့။ ဒါ့ထက်ပိုတာက သင်ကြားမှု ပုံစံတွေပါ ပြောင်းလာကြတာပါ။ ဟိုအရင်ကတော့ တက္ကသီလာ မြကျွန်းသာဆိုတာ အဝေးသင် တက္ကသိုလ်တွေကလွဲလို့ ကျောင်းပရိဝုဏ်ထဲ ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါက်အောင် ဥဒဟိုသွားနိုင်မှ ကျောင်းတော်သားအဖြစ် ရောက်ရတာ မဟုတ်လား။ အခုနောက်ပိုင်းကျတော့ အခြေအနေအကြောင်းကြောင်း တွေရဲ့တွန်းပို့မှုအရ ရာနှုန်းပြည့် အွန်လိုင်းစနစ်နဲ့ ဖွင့်ပေးတာမျိုးတွေတောင် ရှိလာကြပြီ။ အွန်လိုင်းစနစ်ဆိုတာက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အလှမ်းကွာနေတဲ့

ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး Read More »

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ

ဒီခရီးစဉ်က အမေရိကန်ပြည်ထောင်စုတစ်ခွင်ကို ဖြတ်သန်းသွားတဲ့ တကယ့်ကို ရှည်လျားလှတဲ့ ခရီးစဉ်တစ်ခုပါ။ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ်မြို့မှာရှိတဲ့ Huong Dao ဝိပဿနာရိပ်သာက ဗုဒ္ဓဘာသာရဟန်းတော်တွေကနေပြီး ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ရေး သတင်းစကားတွေကို ဖြန့်ဝေဖို့အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကတည်းက ခရီးစဉ် စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂,၃၀၀ ကျော်လောက်  (၃,၇၀၀ ကီလိုမီတာ) ခြေကျင် လျှောက် ကြွကြရမှာပါ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဝါရှင်တန်ဒီစီကို ရောက်ဖို့ ရည်မှန်း ထားကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေသလို အဖွဲ့ထဲမှာ Aloka လို့ခေါ်တဲ့  ခွေးလေးတစ်ကောင်ကလည်း အမှတ်တရအနေနဲ့ အတူတူလိုက်ပါလာတာမို့ ပြည်သူတွေ အံ့ဘနန်းစောင့်စားကြည့်ရှုနေကြပါတယ်။ ငြိမ်းချမ်းရေး

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ Read More »

နာမည်ထဲ ဘာရှိသလဲ

“သူ့ကို ‘လီးလ်’ ဒါမှမဟုတ် ‘နာနာ’ လို့ခေါ်ဖို့ ငါတို့ပြောပြ။ သူ့လူနာ မှတ်တမ်းထဲ ဒီနာမည်တွေမပါဘူးတဲ့။ ဒီလိုနဲ့ သူမရဲ့ နောက်ဆုံးအချိန် ဝိုးတဝါးရက်သတ္တပတ်တွေမှာ သူမဟာ တစ်ဖန်တစ်ကျော့ အီလိုင်ဇာဖြစ်သွားခဲ့ရပေါ့။” (နာမည်များ။ ဝင်ဒီကုတ်ပ်) လူနာဆောင်ထဲ ကျွန်တော်‘ရောင်းလှည့်’ကြည့်ဖို့ကျန်တဲ့လူနာက ဒေးဗစ်ဖော်စတာဖြစ်ပါတယ်။ သူက လူနာအသစ်ပါ။ သူ့ကိုမကြည့်ခင် သူဆေးရုံရောက်စ အခြေအနေကို သိချင်လို့ လူနာမှတ်တမ်းထဲ ရှာကြည့်လိုက်တယ်။ “အသက် ၈၈။ ခေါင်းခဲဝေဒနာကောက်ခါငင်ခါရ။ ဦးခေါင်းတွင်းသွေးယိုခြင်းဟု စီတီဓာတ်မှန်အဖြေထွက်။ ခွဲစိတ်ရန်မလိုအပ်။ သတိကောင်းကောင်းရ။ ဂျီစီအက်စ်* ၁၅ မှတ်အပြည့်။” ကျွန်တော်သူ့ ခုတင်ဆီလျှောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ပဋိသန္ဓာရ စကားဆို၊ ပြီးတော့ သူသတိ ဘယ်လောက်ကောင်း / မကောင်းဆိုတာဆန်းစစ်ဖို့ပါ။ “မင်္ဂလာပါ မစ္စတာ ဖော်စတာ” လူနာကမလှုပ်ဘူး။ သူ့ကိုစောင့်ကြည့်နေတဲ့သူနာပြုက

နာမည်ထဲ ဘာရှိသလဲ Read More »

AI ကို ဘယ်သူတာဝန်ယူမှာလဲ

ကျွန်တော့်ရဲ့ ပြင်သစ်စကား စွမ်းရည်က စိတ်ပျက်စရာကောင်းလောက်အောင် တော်တော် သံချေး တက်နေပြီ။ ပြင်သစ် တီဗီ ဇာတ်လမ်းတွဲတွေကြည့်ရင် အောက်က စာတန်းထိုး (subtitles) ပါရင် တောင် မနည်းလိုက်ဖတ်နေရတဲ့ အဆင့်လောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ဘာသာပြန် ညံ့တာတွေကို တွေ့ရင် စိတ်တိုတတ်လောက်တဲ့အထိတော့ တတ်နေပြီ။ အဲဒီလို ဘာသာပြန်အမှားတွေက ဇာတ်လမ်း ကြည့်ပြီးသွားတဲ့အထိ ကျွန်တော့်ခေါင်းထဲမှာ တော်တော်ကြာတဲ့အထိ စွဲကျန်နေတတ်တယ်။ ဥပမာပြောရရင် Amazon မှာကြည့်ခဲ့တဲ့ နာမည်ကျော် Baron Noir ဇာတ်လမ်းတွဲထဲက စာတန်းထိုး တချို့ဆိုရင် ခေတ်နောက်ကျနေတဲ့ ကွန်ပျူတာတစ်လုံးက ဘာသာပြန်တာ ဟုတ်ချင်ဟုတ် ဒါမှမဟုတ် ရင်လည်း အရမ်းပျင်းတဲ့ လူတစ်ယောက်က ဘာသာပြန်ထားတာ ဖြစ်ရမယ်။ ဒါ့အပြင် ကျွန်တော် အဖြေရှာမရဘဲ စဉ်းစားနေမိတဲ့ ဘာသာပြန်တာတွေလည်း

AI ကို ဘယ်သူတာဝန်ယူမှာလဲ Read More »

ဆင်းမ်ကတ် (SIM Card) မှသည် eSIM ဆီသို့

ဆင်းမ်ကတ်ဆိုတာ ကျွန်တော်တို့တွေရဲ့ ဖုန်းထဲမှာထည့်ပြီး ကိုယ်ပိုင်ဖုန်းနံပါတ်တွေနဲ့အတူ ကမ္ဘာကြီးကိုဆက်သွယ်ဖို့ လိုအပ်တဲ့ လက်သည်းခွံအရွယ် နည်းပညာဆိုင်ရာကတ်လေးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက အဲဒီ ဆင်းမ်ကတ် တွေက ခရက်ဒစ်ကတ်အရွယ်အစားလောက်ရှိခဲ့ပါတယ်။ ဆင်းမ်ရဲ့ အရှည်ကောက်က (Sim – Subscriber Identity Module) ဆိုပြီးဖြစ်ပါတယ်။ ဆင်းမ်ကတ် တွေဟာ ငွေပေးချေတဲ့ကတ်/ခရက်ဒစ်ကတ် အရွယ်အစားကနေ တဖြည်းဖြည်း သေးငယ်လာခဲ့ပြီး အခုနောက်ဆုံး ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာတော့ ထိတွေ့ကိုင်တွယ်လို့ မရတော့တဲ့ ခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာတွေ အသုံးပြုထားတဲ့ eSIM အထိ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ဆင်းမ်ကတ် (Physical Sim Card) များ ပြောင်းလဲလာပုံ ၁၉၉၁ ခုနှစ်မှာ ဂျီအက်စ်အမ် (GSM) ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ခရက်ဒစ် ကတ်အရွယ်အစား

ဆင်းမ်ကတ် (SIM Card) မှသည် eSIM ဆီသို့ Read More »

နာမည်ကျော် စျေးကြီးတဲ့ လက်ကိုင်အိတ်တွေက ကောင်းတယ် ဟုတ်စ….

အရည်အသွေးနဲ့ ပတ်သက်ပြီး တိုင်တန်းချက်တွေ တစ်စတစ်စ များလာခြင်းက ရှနယ် (Chanel)၊ ပရာဒါ (Prada) စတဲ့ နာမည်ကြီး ကုန်အမှတ် တံဆိပ်တွေအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာနေတယ်။ ဒီနှစ် ခရစ္စမတ်မှာ စျေးအင်မတန်မှကြီးတဲ့ ဒီဇိုင်နာ ကုန်ပစ္စည်းတွေ လက်ဆောင်ရတဲ့ ကံကောင်းသူ လူအများစု ကတော့ ဒီပစ္စည်းတွေကို မပျက်မစီးရအောင် ကြိုးစားထိန်းသိမ်းကြမှာပါပဲ။ ဒါပေမဲ့ လူကြိုက်များတဲ့ အွန်လိုင်း ဗီဒီယို တစ်ခုမှာတော့ အဲဒီတန်ဖိုးကြီး ပစ္စည်းတွေကို တစ်စစီ ဖြုတ်ခွာကာ ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ဗီဒီယိုတွေကို ပြနေပါတယ်၊ ဒီဗီဒီယိုတွေကိုလည်း လူတွေ သဘောကျ နေကြပါတယ်။ တာနာ လယ်သာစတိန်း Tanner Leatherstein နဲ့ ဖဘရီကိတ်တာရီယာလစ် Fabricateurialist စတဲ့ ဗီဒီယို ဖန်တီးသူတွေ ကတော့

နာမည်ကျော် စျေးကြီးတဲ့ လက်ကိုင်အိတ်တွေက ကောင်းတယ် ဟုတ်စ…. Read More »

ကမ္ဘာပေါ်မှာ တသဲသဲ

သရေး နောက်ပစ် သဲပဲဖြစ်ဖြစ် သရေး ညသတ်သည်းပဲ ဖြစ်ဖြစ် ထိုသဲ၊ သည်းများနှင့် ပတ်သက်ပြီး အတော်လေး ရုန်းကန်ခဲ့ဖူးသည်။ သဲက ငယ်စဉ်ကျောင်းသားဘဝကဖြစ်ပြီး သည်းကတော့ ပျံတတ်သည့် အရွယ်ရောက်မှဖြစ်သည်။ ထိုသဲ နှစ်မျိုးတွင် ငယ်စဉ်ကကြုံခဲ့ရသည့် သဲကရိုးသားသည်ဟု ပြောရမည်ထင်သည်။ ညသတ် သည်းကဖြင့် အတော်မာယာများသည်။ တခြားမကြည့်နှင့် စာရေးကြရာတွင် အသည်းအသက် ဟုရေးသည်။ အသဲအသက် ဟူ၍ မရေး။ သို့သော်လည်း အသဲလေးဆို ပြန်လျှင် နောက်ပစ် သဲသွားပြန်သည်။ မည်သူမှ အသည်းလေးဟု မရေးကြပြန်။ ထိုကြောင့် သက်ဆိုင်သူများမဆိုနှင့် စာရေးကြရာတွင်ပင် မူမမှန်၍ လွမ်းခဲ့ ဆွေးခဲ့ရစေသလားမသိ။ ဤအကြောင်း အရာကို သည်လောက်နှင့်ပင်ရပ်ထားသည်က ပို၍အဆင်ပြေမည်ထင်သည်။ ကျွန်တော် ကိုယ်တိုင်ကလည်း ငုတ်မိသဲတိုင် မလုပ်ချင်သည်က ပို၍မှန်မည်ထင်သည်။ သက်ရှိလူတွေ

ကမ္ဘာပေါ်မှာ တသဲသဲ Read More »

အီရန် ပြိုနိုင်သလား

(၁) အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမ ဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ် နေပြီ ဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။ ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ် လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထား လိုက်ပြီ ဆိုတဲ့ အတွက် ကမ္ဘာကြီးက စိတ်လှုပ် ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာတယ်။ အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ (၂၈) ရက်မှာ

အီရန် ပြိုနိုင်သလား Read More »

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ

တောင်ကိုးရီးယား သမ္မတက မြောက်ကိုရီးယား နဲ့ တင်းမာမှုတွေကို လျှော့ချချင်နေပါတယ် တောင်ကိုးရီးယားနိုင်ငံသား “ကင်ချမ်းဝှမ်” (Kim Chang Hwan) ဟာမြောက်ကိုးရီးယားနယ်စပ်အနီးမှာရှိတဲ့ ဒေဒေါင်းရီ (Daedong-ri) ရွာကသူ့အိမ်မှာ ညအိပ်ရာဝင်တိုင်းအသံတွေ မကြားရအောင် တပ်ထားတဲ့ နားဆို့ပလတ် (earplugs) တွေနဲ့ နားနှစ်ဖက်ကို ဆို့ပိတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီး တောင်ကိုးရီးယား အာဏာပိုင် တွေဟာ မြောက်ကိုးရီးယား နယ်စပ်တစ်လျှောက်မှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကြီးတွေကနေ တစ်ဆင့် တောင်ကိုးရီးယား ခေတ်ပေါ် ကေပေ့ါ (K- pop) သီချင်းတွေနဲ့ သတင်းတွေကို မြောက်ကိုးရီးယားဘက်ကို ထုတ်လွှင့် နေပါတယ်။ မြောက်ကိုးရီးယားကလည်း နယ်စပ် တစ်လျှောက်မှာ အလားတူ အသံချဲ့စက်တွေ တပ်ဆင်ပြီး တိရစ္ဆာန် မျိုးစုံရဲ့ အော်သံတွေ ကျောချမ်းစရာ တဝီဝီမြည်သံတွေကို

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ Read More »