The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၅)

အတာကူးသောလ

၁၄-ဧပြီ-၂၂၂၀  “နောက်နှစ်တွေ ဒီအချိန်ကျရင် မမ်မိုရီ ပြန်တက်လာဖို့ တင်လိုက်ပါတယ်”  “ဒီကာလမှာ ငါတို့တွေ ဒီလို ဖြတ်သန်းခဲ့ရတယ်ဆိုတာ တစ်ချိန်မှာ ပြန်ပြောပြရမယ်”  “ငါတို့အားလုံးအတူ ကျော်ဖြတ်နိုင်မှာပါ”  “ခြောက်ကပ်နေတဲ့ လမ်းမများ အမှတ်တရ”  “…………………”  သူတို့အဖွဲ့ ပတ်လည်ဝိုင်းကာ ကြည့်နေသော စာသားများ၊ ရုပ်ကြွပုံရိပ်များက တဖျပ်ဖျပ် ပြောင်းလဲနေသည်။ အခြား သက်ဆိုင်ရာ ဒေသအပိုင်းအခြားအလိုက် သုတေသန လုပ်နေကြသည့် အဖွဲ့အသီးသီးကဲ့သို့ပင် သူတို့အဖွဲ့၏ အင်အားမှာ ခြောက်ဦးရှိသည်။ နည်းပညာပါရဂူ၊ စိတ်ပညာပါရဂူ၊ ရှေးဟောင်းသုတေသနပါရဂူ၊ ယဉ်ကျေးမှုပါရဂူ၊ ဇီဝနှင့်ဥတုပါရဂူ နှင့် ဘူမိဗေဒပါရဂူ တို့ ဖြစ်လေသည်။  သူတို့ဆိုသည်မှာ ယခုရောက်နေသော ဂြိုဟ်ကမ္ဘာနှင့် ကြယ်စင်စုပေါင်းများစွာ ဝေးကွာလှသော နေရာမှ ရောက်ရှိလာသည့် အဆင့်မြင့်သက်ရှိများ ဖြစ်ကြ၏။  စိတ်ပညာပါရဂူက ပုံရိပ်များကို ကြည့်ရင်း […]

အတာကူးသောလ Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၃)

စောင်းကြိုးချိန်ညှိခြင်းနှင့် လူငယ်ကလောင်ပျိုတို့၏ ဒုက္ခများ  ကဲ… THE CORNER မဂ္ဂဇင်းကို စောင့်ဖတ်နေကြတဲ့ စာရေးဝါသနာအိုး လူငယ်လေးတို့ရေ…။ ဖုန်းတစ်လုံးနဲ့ ကမ္ဘာပတ်ပြီး ကိုယ့်ရဲ့ Idea တွေကို ချပြမယ့် Content Creator လား… ဒါမှမဟုတ် တစ်ခုခုဆိုတာနဲ့ အောက်ကနေ ‘ဆော်’ ဖို့ပဲ ချောင်းနေတဲ့ Keyboard Fighter ပဲ လုပ်ချင်တာလား။ တကယ်တော့လေ… အဲဒါတွေထက် ပိုပြီး အဆင့်ရှိတာက ကလောင်ပျို ‘Young Writer’ တစ်ယောက် ဖြစ်လာဖို့ပဲ။ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို စနစ်တကျ စာအဖြစ်ပုံဖော်ပြီး သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ Contributor (ဆောင်းပါးရှင်) အဖြစ် ပါဝင်တာက တကယ့်ကို ဂုဏ်ရှိတဲ့အလုပ်ဗျ။ Comment box ထဲမှာ ရန်ဖြစ်နေမယ့်အစား ကိုယ့်ရဲ့ အသိပညာကို လူတွေဆီ တရားဝင် ဖြန့်ဝေပေးနိုင်တဲ့ ဆောင်းပါးရှင် ကလောင်ပျိုတစ်ယောက် ဖြစ်လာရင် မင်းရဲ့ ‘Value’ (တန်ဖိုး) က အများကြီး တက်သွားမှာနော်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၃) Read More »

တစ်ကွက်တည်းသော ဘဝနေနည်း

“ကျွန်တော်က သိုင်းကွက်အများကြီး ကစားတတ်တဲ့သူထက်စာရင် သိုင်းတစ်ကွက်တည်းကို ထပ်ခါတလဲလဲ လေ့ကျင့်ထားတဲ့သူကို ပိုကြောက်တယ်”။  ထိုစကားကို ပြောခဲ့သူမှာ တစ်ချိန်က ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီး ဘရုစ်စလီ (Bruce Lee) ပင်ဖြစ်သည်။ ထိုစဉ်က ဤစကားကို သိပ်ပြီး သဘောမပေါက်ခဲ့ပေ။ မည်သည့်ပညာကိုပဲသင်သင် တစ်ခုတည်းကိုသာ သင်ယူ၍မရဟု ထင်ခဲ့မိသည်။ ကွန်ဖူးဆိုလျှင်လည်း ကွန်ဖူးသိုင်းကစားကွက်ပေါင်းများစွာကို ပြည့်စုံအောင် သင်ကြရသည် မဟုတ်ပါလား။ မည်သူမျှ “တစ်ကွက်တည်းသင်ပေးပါ” ဟုလည်း မပြောကြချေ။ ကျောင်းသားဘဝကဖြစ်၍ “အင်း… ဘရုစ်စလီကိုခေါ်ပြီး ကျောင်းတွေမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သင်ပေးဖို့ ပြောဦးမှ” ဟုပင် နောက်ပြောင်ခဲ့ ကြသေးသည်။  သို့သော်လည်း ဘရုစ်စလီ ပြောလိုသည်မှာ သင်ယူခြင်းသက်သက်နှင့်မဆိုင်။ သင်ယူသည့်ကိစ္စတွင် မည်သည့် ပညာရပ်ကို မဆို သင်ယူနိုင်သည်။ သို့သော် ဘဝရပ်တည်ရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ ထိုသင်ယူခဲ့သည့် ပညာရပ်များထဲမှ “တစ်ကွက်” သာလျှင်

တစ်ကွက်တည်းသော ဘဝနေနည်း Read More »

ပေါ်သစ်၊ ခင်ဝမ်းနှင့် ဂါးနီးကား 

ဂွာရာနီကာလား၊ ဂွာယာနီးကားလား၊ ဂါးနီးကားလား  စပိန်လူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီး ပတ်ဘလိုပီကာဆိုအကြောင်းပြောလျှင် ဂွာရာနီကာနှင့် ငြိမ်းချမ်းရေးချိုးဖြူငှက်အကြောင်းက အမြဲလိုလိုပါသည်။ တစ်ခုက စစ်ဆန့်ကျင်ရေးပန်းချီကား၊ တစ်ခုက ငြိမ်းချမ်းရေးသရုပ်ဖော်ပန်းချီ။ စပိန်နိုင်ငံမြောက်ပိုင်း ဂွာရာနီကာရွာ၏အဖြစ်အပျက်ကို ဖတ်ရှုခံစားပြီး ခြယ်မှုန်းထားသည့်အတွက် ဒီပန်းချီကားက ဂွာရာနီကာအမည်တွင်သွားတာ ဖြစ်သည်။ စပိန်နိုင်ငံမြောက်ပိုင်းနှင့် ပြင်သစ်နိုင်ငံ အနောက်တောင်အစပ်တွင် ဘတ်စ်ခ် (Basque) လူမျိုးတို့ နေထိုင်ရာ Basque Country (ဘတ်စ်ခ်နယ်မြေ) ရှိသည်။ ဂွာရာနီကာက ထိုနယ်ထဲက တောမကမြို့မကျ မြို့ငယ်လေး။ စစ်ရေးအရ မည်သို့မျှအရေးပါအရာရောက်သည့်ရွာ မဟုတ်လေ။  Guernica ကို ဂွာရာနီကာ / ဂွာယာနီးကားဟု ရေးကြ၊ ဖတ်ကြတာများသည်။ ဒီနာမည်ကို ဘတ်စ်ခ် (Basque) လို၊ စပိန်လို ဘယ်လိုအသံထွက်သလဲ။ သူတို့အသံထွက်ကို မိမိနားထောင်ကြည့်သော်လည်း အသံကိုသေချာဖမ်း၍မရ။ အင်္ဂလိပ်အသံထွက်ကတော့ လွယ်သည်။ ဂါးနီးကား / ဂဲရ်နီးကား

ပေါ်သစ်၊ ခင်ဝမ်းနှင့် ဂါးနီးကား  Read More »

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ

ဒရုန်း (Drones) များသည် စစ်ပွဲ၏ စံနှုန်းမီလက်နက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ လက်တလောတွင် ယူကရိန်း စစ်မြေပြင်၌ အသေးစား ကွာ့ဒ်ကော့ပတာ (Quadcopters) ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေသည့် အဓိကလက်နက်များ ဖြစ်နေပြီး မကြာသေးခင် သီတင်းပတ်များအတွင်းကလည်း အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများ၊ လေဆိပ်များနှင့် ရေနံ ထုတ်လုပ်ရေး အဆောက်အအုံများပေါ်သို့ ပိုမိုကြီးမားသည့် ဒရုန်း ထောင်ပေါင်း များစွာကို မိုးရွာသကဲ့သို့ ကျရောက်စေခဲ့သည်။  သို့သော် ဒရုန်းများစွာနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အလားအလာ မည်မျှပင်ကြီးမားစေကာမူ အသုံးပြုရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပါသည်။ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းမျိုး မဟုတ်ပါက အသေးဆုံးဒရုန်းတစ်စင်းကိုပင် ထိန်းချုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လူခြောက်ဦးအထိ လိုအပ်နိုင်သည်။ အကယ်၍ ထိုအချိုးအစားကို ပြောင်းပြန်လှန်လိုက်နိုင်လျှင် —ဆိုလိုသည်မှာ လူတစ်ဦးတည်းက ဒရုန်းအများအပြားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ ဒရုန်းတစ်စင်းချင်းစီကလည်း ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်ရန်

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ Read More »

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

လွန်ခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ် (Gazipur) ခရိုင်၊ ကာလီယာကဲလ် (Kaliakair) မြို့နယ်ထဲက ဘာမွန်ဂိုနာ (Bamonghona) ကျေးရွာရဲ့ လယ်ကွင်းပြင်တွေမှာ စပါးစိုက်တဲ့ အလုပ်တွေ ပြီးစီးသွားခဲ့ပါပြီ။  ဒီကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ (Dhaka) နဲ့ အကွာအဝေးအရ ကြည့်ရင် သိပ်မဝေးလှဘူး ဆိုပေမဲ့ ကဏ္ဍတော်တော်များများမှာတော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျေးရွာကနေ ဒေသတွင်းစျေးကို ဆက်သွယ်ပေးမယ့် ကောင်းမွန်တဲ့ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာခင်းထားတဲ့ လမ်းမျိုးတောင် အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့် ရွာကလူတွေ အနေနဲ့ ဆေးကုသခွင့်ရဖို့၊ ပညာရေးနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် ခက်ခဲနေရပြီး အထူးသဖြင့် မိုးရာသီဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်ကြရပါတယ်။  အခုအချိန်မှာတော့ လယ်ကွင်းပြင်နဲ့ ခြံတွေထဲမှာ

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး Read More »

ဒေါ်နယ်ထရမ့်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နေတဲ့ အီရန်စစ်ပွဲ

လူကြိုက်မများတဲ့ စစ်ပွဲနဲ့ တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီစျေးနှုန်းတွေက သမ္မတဒေါ်နယ်ထရမ့်ရဲ့ နောင် အနာဂတ်ကို ကိုင်လှုပ်နေပါပြီ။  ထရမ့်က ရီပတ်ဘလစ်ကန်တွေ “ဘယ်တော့မှ မထိတ်လန့်ကြနဲ့ (NOPANICANS!)” လို့ မတ်လ ၁၄ ရက်နေ့က တွစ်တာမှာ ရေးသားခဲ့တယ်။ ဒါပေမယ့် ထိတ်လန့်တုန်လှုပ်နေတဲ့ လက္ခဏာတွေကို ရီပတ်ဘလစ်ကင်တွေမှာ မြင်တွေ့နေရဆဲပါ။  သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ “အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည် ၁၀၀% စလုံးကို ဖျက်ဆီးပစ်လိုက်ပြီ” လို့ ပြောဆိုထားပေမဲ့ ကျန်ရှိနေသေးတဲ့ ၀% ဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၁၀-၁၅% ခန့်ကို ပိတ်ဆို့ဖြတ်တောက်ပြီး ကမ္ဘာ့စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ထရန့် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဒီစစ်ပွဲဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေထက် အမေရိကန်မဲဆန္ဒရှင်တွေကြားမှာ ပိုပြီး လူကြိုက်နည်းနေပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အကြီးအကျယ်

ဒေါ်နယ်ထရမ့်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နေတဲ့ အီရန်စစ်ပွဲ Read More »

အမေရိကန်နဲ့ အီရန်စစ်ပွဲ အချိန်တိုတိုနဲ့ ပြီးနိုင်မယ်ထင်သလား

လက်ရှိ ဖြစ်ပေါ်နေတဲ့ အမေရိကန်-အီရန်စစ်ပွဲဟာ မတ်လကုန်ရင် တစ်လပြည့်မှာဖြစ်တယ်။ အခု ရက်သုံးဆယ် မပြည့်ခင်မှာပဲ စစ်ရပ်စဲရေး ကြိုးပမ်းမှုမှန်သမျှ သဲထဲရေသွန်ဖြစ်နေတာ တွေ့ရတယ်။ တကယ်တော့ ဒီစစ်ပွဲဟာ ရှောင်ရှားနိုင်ပါလျက်နဲ့ အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်တွေရဲ့ အာဃာတတွေ၊ မာနတွေကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ ဆိုနိုင်တယ်။ စစ်ပွဲကို ဖန်တီးသူတွေက နိုင်ငံခေါင်းဆောင်ဆိုတဲ့ လူကြီးတွေ ဖြစ်ပေမဲ့ တကယ်တမ်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက် သေဆုံးကြရသူတွေက အိပ်မက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်တွေ ဖြစ်နေတယ်။ ဒီအပြင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ အဟောသိကံ ဖြစ်ကြရတယ်။ လတ်တလော ရက်သုံးဆယ် မပြည့်ခင်မှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ စစ်ပွဲရဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ခံနေကြရပြီဖြစ်ရုံမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့ ဆိုးကျိုးသက်ရောက်မှုဒဏ် ခံနေကြရပြီဖြစ်တယ်။ ရေနံပြဿနာကြောင့် စစ်ပွဲကြာလာတာနဲ့အမျှ နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်စစ်ပွဲ အချိန်တိုတိုနဲ့ ပြီးနိုင်မယ်ထင်သလား Read More »

အီရန်ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်များ

အီရန်အစိုးရ၏ အလားအလာကို ခန့်မှန်းရ ပိုမိုခက်ခဲလာခြင်း  အီရန်ခေါင်းဆောင်ပိုင်းမှ ဝါရင့်ထိပ်တန်းပုဂ္ဂိုလ်များ တဖြည်းဖြည်း လျော့နည်းလာနေသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ပထမညမှာပင် ဗိုလ်ချုပ်ကြီးအတော်များများ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံ၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီတို့ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။ ယခုရက်သတ္တပတ် အတွင်း၌လည်း အဆိုပါ ကနဦး လေကြောင်းအလုံးအရင်းနှင့် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် အီရန်နိုင်ငံကို ဦးစီးဦးကိုင်ပြုနေသူဟု ယူဆရသည့် ပုဂ္ဂိုလ်ဖြစ်သော အလီလာရီဂျာနီသည်လည်း အလားတူအခြေအနေမျိုးနှင့် ကြုံတွေ့ရပြီး သေဆုံးခဲ့ရသည်။  ပြည်တွင်းအတိုက်အခံများကို နှိမ်နင်းရာတွင် အသုံးချသည့် လက်နက်ကိုင်တပ်ဖွဲ့ ‘ဘာဆစ်ဂျ်’ (Basij) ကို ဦးဆောင်နေသူ ဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် ထောက်လှမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့သည်လည်း ထိုနည်းတူပင် သေဆုံးခဲ့ရသည်။ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် (ယခင်အဓိပတိကြီး၏သား) မော့ဂျ်တာဘာ ခါမေနီ သည်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ၎င်းအား တာဝန်အပ်နှင်းချိန်မှစ၍

အီရန်ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်များ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁)

စုံ-မ ပြဿနာ အဖြေရှာ ဦးမိုး – လာဗျ လာဗျ။ ခင်ဗျား ဒီနေ့ နောက်ကျတယ်နော်။ ဘာလဲ၊ ဆီသွားတန်းစီနေတာလား။  ဦးတိုး – မဟုတ်ရပါဘူးဗျာ။ အိမ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကြာသွားလို့ပါ။  ဦးမိုး –  ဪ ဟုတ်လား၊ မသိပါဘူးဗျာ။ ခေတ်မီအောင်များ ဆီသွားတန်းစီနေသလားလို့ မေးတာပါ။  ဦးတိုး – ပုံမှန်အခြေအနေမှာကတည်းက ကျွန်တော်က ကားကို ဆီအပြည့်ဖြည့်ထားလေ့ရှိတယ်။ ကားကလည်း ဟိုနားသည်နား အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း သုံးတာဆိုတော့ ခရီးဝေးဝေးလည်း မသွားဖြစ်ပါဘူးဗျာ။ သွားဖြစ်ရင်လည်း တိုင်ကီအပြည့် ပြန်ဖြည့်တဲ့အကျင့်ကို လုပ်ထားတော့ အခုအချိန်မှာ ဆီဆိုင်မှာ တန်းသွားစီရင်တောင် သူတို့ရောင်းပေးတဲ့ ၁၅ လီတာတောင် ရမှာမဟုတ်ဘူး။  ဦးမိုး – အေးဗျာ။ ခင်ဗျားလိုလူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ တစ်ရက်ခြားပဲ ကားတွေကို မောင်းခွင့်ပေးထားသေးတယ်လို့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁) Read More »