The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

အပယ်ရတနာ

ရတနာဆိုတဲ့အထဲမှာ သဘာဝထဲမှာရှိနေတဲ့ သက်မဲ့ကျောက်မျက်ရတနာတွေရှိသလို ဆင်ရတနာ၊ မြင်းရတနာ စသည်အားဖြင့် သက်ရှိ ရတနာတွေလည်းရှိကြတယ်။ သား၊ သမီးရတနာဆိုတဲ့အခေါ်အဝေါ် မျိုးလည်းရှိတယ်ပေါ့။ ရှားပါးလို့၊ အဖိုးထိုက်အဖိုးတန်ဖြစ်လို့၊ နှစ်သက်မြတ်နိုးစရာဖြစ်နေလို့ ရတနာဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့ကြတာလို့ဆိုတယ်။ ရှားပါးတာနဲ့ အဖိုးတန်တာက တိုက်ရိုက်မဟုတ်ပေမယ့် အတော်လေးတော့ ဆက်စပ်မှု ရှိနေပုံရပါတယ်။ ရတနာ မှန်သမျှ ရှားပါး နေကြတာ ကတော့ သေချာတယ်။ စိန်ကောင်း၊ ကျောက်ကောင်း တစ်ပွင့်ရဖို့၊ ရွှေကြော တစ်ခုတွေ့ဖို့ ကျောက်တူးသမားတွေ၊ ကုမ္ပဏီတွေ ဘယ်လောက် အထိ ခက်ခက်ခဲခဲ ရှာကြရသလဲ ဆိုတဲ့အချက်ကို ကြည့်ရင် ရှားပါးမှုရဲ့ သရုပ်သကန်ကို မြင်နိုင်တွေ့နိုင်မှာပါ။ ရတနာတွေ နောက်ကိုလိုက်ရင်း အခက်အခဲ အမျိုးမျိုးကြုံရ၊ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ကြရတဲ့အဖြစ်တွေလည်း များခဲ့ကြလှပြီပေါ့။ “လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး၊ […]

အပယ်ရတနာ Read More »

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား

(မူရင်း ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတိုင်း ဆေး သိပ္ပံအရ အငြင်းပွားဖွယ် ကုထုံး တစ်မျိုးဖြစ်တဲ့ Homeopathy (ဟိုမီယို ပက်သီ) လို့ပဲ ဒီဆောင်းပါးမှာ ဝေါဟာရတစ်ခုအဖြစ် တိုက်ရိုက်သုံးသွားပါမယ်။ Homeopathy (ဟိုမီယို ပက်သီ) ဟာ ၁၇ ရာစုလောက် ကတည်းက ပေါ်ခဲ့တဲ့ ကုထုံးတစ်ခုပါ။ Homeopathy (ဟိုမီယို ပက်သီ) ရဲ့ သဘောကတော့ အကြမ်းဖျင်း ပြောရရင် ကြက်သွန်နီ အစိမ်းက လူကောင်း တွေကို မျက်ရည်ကျစေ နှာမွှန်စေပါတယ်။ ဒါကို ကြည့်ပြီး Homeopathy (ဟိုမီယို ပက်သီ) ကုထုံးဆရာတွေက မျက်လုံးပူ နှာမွှန်ပြီး အဖျားရှိတဲ့ လူနာတွေကို ပမာဏ အလွန်နည်းတဲ့ ကြက်သွန်နီ အစိမ်း ထည့်ဖျော်ထားတဲ့ ဆေးကို ပေးပြီး

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား Read More »

အကောင်းဆုံးမိတ်ဆွေ

စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။ စာရေးခြင်းနဲ့

အကောင်းဆုံးမိတ်ဆွေ Read More »

အဖေ့ခြေမီတဲ့သား

အဂ္ဂါကီးရက် (၁၉၆၇-  )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။ “ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။ ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။ အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့

အဖေ့ခြေမီတဲ့သား Read More »

အလှူဒါန ဘယ်လောက်ပြုရပါ့

ဆင်ခြင်တုံတရား အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာတာကို အားပေးတဲ့ ဘာသာရပ်အဖြစ် ဘောဂဗေဒအပေါ် ရှုမြင်ကြတယ်။ ဒါကြောင့် အများအတွက် လှူတယ်ဆိုတဲ့ သဘောတရားကို ဘောဂဗေဒအရ ဘယ်လိုအမြင်သစ်မျိုး ပေးနိုင်မလဲ။ အစွန်းအထင်း မရှိတဲ့ ပရဟိတဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် အလှူအတန်းလုပ်တာတွေ ဘာတွေ အပါအဝင် အရာရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ဖို့ပဲ ဖြစ်နေမလား။ ၁၉၂၈ ခုနှစ်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင်၊ သင်္ချာပညာရှင် နဲ့ ဒဿနပညာရှင်လည်းဖြစ်တဲ့ ဖရန့်ပီ ရမ်းဆေး (၁၉၀၃-၃၀) က “စံပြပရဟိတ” ဆိုတဲ့ အတွေးအခေါ်ကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တယ်။ စီမံကိန်းတစ်ခုက ကျွန်တော်တို့ရဲ့ပိုက်ဆံကို တကယ် လိုအပ်တယ်လို့ ကျွန်တော်တို့ရင်ထဲမှာ ခံစားမိတဲ့အခါ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဆီကို လှူဒါန်း သင့်တယ်တဲ့။ ဥပမာ ရေကောင်း

အလှူဒါန ဘယ်လောက်ပြုရပါ့ Read More »

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ”

“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊ “ညိန်း” ဆိုသည်က ကိုစောညိန်း၊ “ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။ ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊ ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။ မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ” Read More »

အကာလ မရဏ

လူသားတွေ ကွယ်လွန်အနိစ္စရောက်ခြင်း သို့မဟုတ် သေဆုံးခြင်းနဲ့ ပတ်သက်တဲ့ မရဏတရား လေးပါးရှိပါတယ်။ ထိုလေးမျိုးကတော့ (၁) အာယုက္ခယမရဏ သို့မဟုတ် သက်တမ်းကုန်ဆုံး၍ သေရခြင်း၊ (၂) ကမ္မက္ခယမရဏခေါ် ကံအစွမ်းကုန်၍ သေရခြင်း၊ (၃) ဥဘယက္ခယ မရဏခေါ် သက်တမ်းရော ကံပါ နှစ်မျိုးစလုံးကုန်၍ သေရခြင်းနဲ့ (၄) ဥပ‌စ္ဆေဒက မရဏ သို့မဟုတ် သက်တမ်းမကုန်တဲ့အပြင် နေမယ်ဆိုရင် ဆက်လက်အသက်ရှင်နိုင်သေးပေမယ့် ကံဆိုးဖြတ်ခြွေလို့ သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။  အာယုက္ခယမရဏခေါ် လူ့သက်တမ်းကုန်ဆုံးလို့ ကွယ်လွန်ကြရတဲ့အဖြစ်မျိုးကတော့ လူတိုင်း ကြုံရမယ့်အဖြစ်ပါ။ ရှေးခေတ်တုန်း ကတော့ လူ့သက်တမ်းဟာ နှစ်ပေါင်းရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ခြောက်ဆယ့်ငါး လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် အသက်ခုနစ်ဆယ်

အကာလ မရဏ Read More »

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ

ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။ သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ Read More »

မိုးကထာ

မိုးသည် တစိမ့်စိမ့်ဖြင့်။ တက်လန်းစဉ်အခါက ဤအချိန်မျိုးတွင် စာအုပ်တစ်အုပ်ဖတ်နေခြင်း စည်းစိမ်က မြိန်လှသည်။ ယခု မဟုတ်။ ကော်ဖီခါးခါးသာမက ကော်ဖီမှုန့်ကိုချည်းဝါးစားနေပြီး စာအုပ် တစ်အုပ် ဖတ်မည် ဆိုလျှင်လည်း မျက်လုံးကချော့သိပ်နေသည့်အလား။ အပြင်ထွက်ရန်ကလည်း မိုးရေကာပစ္စည်းများက အပြည့်အဝ အကာအကွယ် မပေးနိုင်ကြ။ အိမ်ထဲ၌လည်းကိုယ်လုပ်ချင်တာ ကိုလုပ်မရ။ ကြာလျှင် အိပ်ခြင်း ဘူတာဆီသို့သာ ဆိုက်ရောက်ချေမည်။ ဆိုးသည်ကလေဖိအားနည်း ရပ်ဝန်းကြောင့်ရွာသောမိုးဖြစ်၍ ထိုလေဖိအားနည်း ရပ်ဝန်းအား မလျော့မချင်း ရွာနေ ဦးမည်။ လက်တွေ့တွင် ကိုယ့်အတွက် ကယောင်ချောက်ချား ဖြစ်စေသော်လည်း ဦးကြီးများက ဝမ်းသာပျော် ရွှင်နေ လိမ့်မည်။ ထိုမိုးရေမှ မရလျှင် မိုးစပါး မည်သို့ စိုက်မည်နည်း။ ကိုယ်ကလေဖိအားနည်းရပ်ဝန်း ကိုအပြစ်တင်နေ သလောက် ဦးကြီးတို့ကလက်ဆွဲနှုတ်ဆက်နေလိမ့်မည်။ ဟုတ်သည်။ ယနေ့တွင် သိသိသာသာ အနောက်တောင်

မိုးကထာ Read More »

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ 

Find something outside yourself that is yourself. Then devote yourself to it with all your heart. – Bob Walker သင့်ခန္ဓာပြင်ပက သင့်ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့အောင်ရှာ။ ပြီးလျှင်ထိုအရာကို သင့်နှလုံးသားနှင့်သိမ်းကျုံးပူဇော်ပါ။ – ဘော့ပ်ဝေါ်လ်ကာ တဆောင်းလုံးမိုးစွေခဲ့သမို့ ကျွန်မတို့ခြံနောက်ဘေးကွက်လပ်မှာ ပေါင်းပင်တွေဟီးထနေသည်။ နွေဦးပေါက်လာ သည်နှင့် သူတို့တစ်တွေထိုးထိုးထောင်ထောင် အပြိုင်းအရိုင်းဖြစ်လာသည်။ ကျွန်မ တစ်ခုခုလုပ်ရတော့မည်။ မဟုတ်လျှင် ဒီပေါင်းပင်တွေက ကျွန်မတို့ ဥယျာဉ်တစ်ခုလုံး စုံးစုံးမြုပ် ပစ်ရော့မည်။ လက်အိတ်တစ်စုံ စွပ်ပြီး ပေါင်းပင်တွေ ကျွန်မ စ ရှင်းသည်။ တစ်နာရီခန့်ကြာသွားချိန်မှာ ဒီအလုပ်ကြီးနှင့် နေကုန်နေခန်း တိုင်တော့မည် ဆိုတာ ကျွန်မသိလိုက်ပြီ။ တစ်နေကုန်ပြန်တော့ ဒီအလုပ်က သုံးရက်လေးရက်ပိုပိုသာသာ သို့တည်း မဟုတ် တစ်ပတ်ထိ တိုင် ကြာသွားနိုင် ကြောင်းကျွန်မသိ   လိုက်ရပြီ။ ဒါမှမဟုတ် တစ်သက်တာလုံးကြာသွားနိုင်သည်။ ဒီပေါင်းတွေကို တစ မကျန်ရှင်းလင်းဖို့ရာက ကျွန်မအတွက်ကပ်ကမ္ဘာတစ်ခုဖြစ်သွားနိုင်သည်။

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ  Read More »