စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ
လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်က ပန်းချီစာအုပ်ဆို၍ လက်ချိုးရေရလောက်အောင် နည်းပါးလှသည်။ ထိုအထဲကမှ တရှိုက်မက်မက်ဖတ်ဖြစ်ခဲ့သည့်စာအုပ်က ဂျီလှမောင်ရေးသော ကမ္ဘာပန်းချီသိ မြန်မာပန်းချီသိစာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ယနေ့အချိန်အထိ စိတ်ထဲစွဲကျန်နေရစ်သည့် ပန်းချီဆရာတစ်ယောက်ရှိခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်ဖြစ်သည်။ ဆရာကြီးဦးစံလွင်က ဘုန်းကြီးပျံမှသည် ဧည့်ခန်းဆောင် မရောက်မီကြားကာလ၌ ပန်းချီဆရာများ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို စကားလုံးနည်းနည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ “ကြက်ငှက် အစာကောက်သလို ကျောက်ခဲတွေလည်းမျိုရ၊ စပါးတွေလည်း စားရ၊ ထမင်းတွေလည်းဟပ်ရသလို တွေ့ရာအလုပ် ရရာဈေးနဲ့ ဘဝလမ်းကြောင်းကိုထိန်းကွပ်ရတဲ့အလုပ်ဆိုရင် (ပန်းချီဆရာတွေပဲကွ)။ အိမ်ဆေး သုတ်သင့်လည်း သုတ်လိုက် ရတာပဲ၊ ဆိုင်းဘုတ်ရေးချင်တဲ့သူနဲ့တွေ့လည်းရေးပေးလိုက်ရတာပဲ၊ အဲဒီလိုအဓိဋ္ဌာန်နဲ့ စိတ်ကိုလူလုံးဘယ်ဘဝရောက်ရောက် ပန်း ချီဆရာဆိုတဲ့ နာမည်ကြီး ထမင်းငတ်ဘဝကို ဇောက်ချ လုပ်ကိုင်ရင်း ကြီးလေငတ်လေပေါ့ကွာ၊ ဦးထွန်းလှကိုကြည့် […]
စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ Read More »








