The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင် […]

အရောင်တွေကို ငါမြင်ပါတယ် Read More »

ဘယ်သွားမလဲ မောင်ရင်ရယ် ဂျပန်နိုင်ငံသွားမယ်ဆို

တစ်နေ့တစ်နေ့ ပတ်ဝန်းကျင်တွင်မရိုးအောင်ကြားနေရသည်က “ဂျပန်သွားမလို့ ကျွန်တော် ဂျပန်စာ သင်နေတယ်” ဆိုသည့်စကားပင်ဖြစ်သည်။ အထူးသဖြင့် ငွေရေးကြေးရေ အနည်းငယ်ချောင်လည်သည့် မိသားစုဝင်များမှ လူငယ်အားလုံးလိုလို၏ ပါးစပ်ဖျားတွင် တွဲခိုနေသည်။ ကိုယ့်အပေါင်းအသင်းများ တွင်လည်း “ သားကို ဂျပန်ပို့မလို့ကွာ” “သမီးကို ဂျပန်ပို့မလို့ကွာ”။ ကိုယ့်ဆွေမျိုးများထဲတွင်လည်း ထိုနည်း လည်းကောင်း။ ကိုယ့်ရပ်ကွက်များထဲတွင်လည်း ထိုနည်းနှင်နှင်။ တချို့လူနိုင်များကဆိုလျင် “ဟေ့ကောင် မင်းမှာ အဆက်အသွယ်လေး ဘာလေးမရှိဘူးလား။ ငါ့သားကွာ သွားမလို့လုပ်နေတာ ကြာနေပြီ။ အခုထိကိုမထွက်ရသေးဘူး” ကတစ်ဖုံ။ “ အေဂျင်စီတွေက အင်တာဗျူး ဆိုလို့ ဗျူးလိုက်တာပဲကွာ။ ဒါပေမယ်လို့ ငွေကိုအရင်တောင်းနေတယ်ကွ။ အဲဒါ စိတ်ချရပါ့မလား” ဟူ၍တသွယ်။ သြော် ဒုက္ခ..  ဒုက္ခ.. ။ ကျွန်တော့်ဘာသာ အေးအေးနေပေမင့် စာရေးဆရာကြီးဆိုပြီး ဒီကောင်တော့ သိနိုင်မယ်ထင်ပြီး

ဘယ်သွားမလဲ မောင်ရင်ရယ် ဂျပန်နိုင်ငံသွားမယ်ဆို Read More »

ဒရာဗီ Dharavi သို့မဟုတ် ဆင်းရဲသားသူဌေးမှသည်

မကြာခင်ကလေးက The Corner Online Magazine ဆောင်းပါးတွေထဲက ဆရာဝင်းထွဋ်ဇော်ရဲ့ အိန္ဒိယ နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ဖတ်မိသဖြင့် တစ်ချိန်ကစိတ်ဝင်စားခဲ့ဖူးသည့်အကြောင်းအရာကိုပြန် အမှတ်ရမိသည်။ ထိုအကြောင်းကို တစ်ကမ္ဘာလုံးသိသည်။ ၂၀၀၈ ခုနှစ်တွင် ဆုပေါင်းများစွာ သိမ်းပိုက်ဖူးသည့် Slumdog Millionaire ဆိုသည့် ရုပ်ရှင်ဇာတ်ကားပင်ဖြစ်သည်။ ဇာတ်အိမ်တည်ရာ နယ်မြေဖြစ်သည့် ဒရာဗီသည်က ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ဆိုလျင် လူအတော်များများက ပွန်းပွန်းတီးတီး နေလေ့မရှိ။ ကျွန်တော်က ထိုသို့မဟုတ်။ ငယ်စဉ်ကတည်းက ဆင်းရဲသားများ တစ်နည်း လက်လုပ်လက်စားများနေသည့် နေရာနားတွင် ကြီးပြင်း လာသူဖြစ်၍ သူတို့ နှင့် ပေါင်းသင်းနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်က တစ်ချိန်က ဆန်စက်ကြီးများ အများဆုံး ရှိ၍ ထိုစက်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားများအများစုမှာ စက်ဝန်းကျင်တွင်သာနေထိုင်ကြ သည်။ ဂရန်မရှိ

ဒရာဗီ Dharavi သို့မဟုတ် ဆင်းရဲသားသူဌေးမှသည် Read More »

သင့်အချိန်ပိုမှာ

၁၉၅၁ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကဘွဲ့ခဲ့ရတဲ့ကျောင်းသူကျောင်းသားတွေရဲ့ အနှစ် ၆၀ ပြည့်စိန်ရတုပွဲအတွက် တက္ကသိုလ်က ကျောင်းသား ကျောင်းသူဟောင်းတွေကို မေးခွန်းလွှာတွေပို့ပါတယ်။ ကျွန်မလည်းတစ်ခုရတယ်။ ဟုတ်ပ။ ကျွန်မတက်ခဲ့တဲ့ကောလိပ်က ရက်ကလစ်ဖ်လေ။ အဲဒီအချိန်က ကျွန်မတို့ကောလိပ်က ဟားဗတ်တက္ကသိုလ်ရဲ့နှီးနွှယ်ကောလိပ်လို့ဆိုပေတဲ့ ဟားဗတ်တော့မဟုတ်ဘူးတဲ့ရှင်။ အကြောင်းကတော့ အဲဒီအချိန်ကျွန်မတို့ကောလိပ်က အမျိုးသမီးများအတွက်ကောလိပ်ဖြစ်ပြီး ဟားဗတ်က ပုရိသတွေချည်းလက်ခံတဲ့ကျောင်းဖြစ်နေလို့ပါတဲ့။ ဒါပေမဲ့ စင်မြင့်ပေါ်ရောက်နေတဲ့ ဟားဗတ်လူကြီးမင်းတွေက ဒီလိုအသေးစိတ်အချက်အလက်တွေကို လျစ်လျူရှုပြီးသကာလ ကျွန်မတို့ ကောလိပ်ကို သူ့အောက်ထဲ လုံးထည့်လိုက်တာ။ ဘယ်လိုပဲဖြစ်ပစေ မေးခွန်း လွှာဖြေရာမှာ အမည်နာမထည့်စရာမလိုဘူး။ ဒါကြောင့် လိင်ခွဲခြားခြင်း မရှိဘူးလို့ ယူဆရတဲ့အပြင် စိတ်ဝင်စားစရာလည်းကောင်းလို့ ကျွန်မဖြေစမ်းကြည့်လိုက်တယ်။ ဒီမေးခွန်းလွှာဖြေမယ့်သူက အသက် ၈၀ တန်းတွေဖြစ်မှာ။ မျက်လုံးတောက်တောက်နဲ့ ဘွဲ့ရပြီးကာစ ပျိုရွယ်လူးတစ်ဦးတစ်ယောက်အဖို့ နှစ်ပေါင်း ၆၀ ကာလဆိုတာ အဖြစ်အပျက်ပေါင်းစုံ ဖြစ်ပွားဖို့ရာအတွက်လုံလောက်တဲ့အချိန်လို့ ဆိုရမှာပေါ့ရှင်။

သင့်အချိန်ပိုမှာ Read More »

အာဂအမေ

(၁) ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သူ့တစ်ဦးတည်းသောသားကိုမြင့်ဇံတို့ဆက်ဆံရေးက စိတ်ဝင်စားဖို့  ကောင်းသည်။ မာမီကြီးကသားကွယ်ရာမှာကိုမြင့်ဇံဘယ်လိုတော်ကြောင်း၊ ဘယ်လိုစာဖတ်ကြောင်း၊ ဖတ်ထားသမျှဘယ်ပုံမှတ်မိကြောင်း မကြာမကြာပြောတတ်သည်။ ဒီအချိန်မှာ မာမီ့မျက်နှာက သားချစ်စိတ်နှင့်နူးညံ့နေသည်။ သို့ပေမဲ့ သားအမိချင်း မျက်နှာချင်း ဆိုင်လိုက်လို့ကတော့ သို့ကလိုမဟုတ်  တော့ပြီ။ ဒီသားအမိက အကြောင်းအရာတစ်ခုခုစပြောလိုက်ကတည်းက ခွန်းကြီးခွန်းငယ် အပြန်အလှန်ပြောကြတော့တာ။ စစချင်းတော့ ပုံမှန်အသံပါပဲ။ နောက်ပိုင်းကျတော့ အမေရော သားပါ အသံ volume တက်လာသည်။ နှစ်ဦးစလုံးက ဘာအကြောင်းအရာကိုမဆို တတ်သိနားလည်သူတွေ။ ပြီးတော့ နှစ်ဦးစလုံးကငြင်းရတာခုံရတာ ဝါသနာထုံသူတွေ။ မာမီကြီးက ငြင်းခုံရတာကို ဉာဏ်ကစားခြင်း တစ်မျိုး (Intellectual exercise) ဟုလက်ခံထားသူ။ ကိုမြင့်ဇံက ရှေ့နေ / ဥပဒေပညာရှင်။ မန္တလေးကို သားအမိနှစ်ဦးလာလည်စဉ်တုန်းက ကြုံရတာတစ်ခုကို မှတ်မိနေသည်။  မာမီက အရင်လာပြီး ကိုမြင့်ဇံက

အာဂအမေ Read More »

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ်

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး Read More »

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

“ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်“ အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့်

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ Read More »

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား

တလောက နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက်ဖိုင်းမင် (Richard Feynman) ၏ “Surely You’re Joking, Mr. Feynman!” (ဧပြီ၊ ၁၉၈၉။ Bantam trade edition) ဖတ်ရသည်။ မြန်မာပြည်မှာ ဆရာကိုတာကြောင့် လူသိများလာတဲ့ ရူပဗေဒပညာရှင်။ ယင်းစာအုပ်ထဲမှ Alfred Nobel’s Other Mistake ဆိုသည့်အခန်းကို ကောက်နုတ်ပြန်ဆိုပါသည်။ (၁) ကျွန်တော့်သူငယ်ချင်း မက်ဆင်းစ်က “အဲလ်ဖရက်နိုဘယ်၏ ဒုတိယအမှား” ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ရေးဖို့ တစ်ချိန်က ကြံစည်ခဲ့ဖူးသည်။ နိုဘယ်ဆု ကြေညာသည့် ရာသီရောက်လာတိုင်း ဘယ်သူများရလေမလဲဟု နှစ်အတော်ကြာကြာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူးသည်။ အဲသည်နောက်ပိုင်း နိုဘယ်ရာသီ ရောက်ပြီ၊ မရောက်ပြီ ကျွန်တော်အာရုံမထားမိတော့ပြီ။ ထို့ကြောင့် တစ်မနက်ခင်း စောစောစီးစီး

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား Read More »

အရောင်ကမ္ဘာထဲမှ အရောင်များသို့

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက်

အရောင်ကမ္ဘာထဲမှ အရောင်များသို့ Read More »

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့်

တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်‌ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။ ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော်

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့် Read More »