ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း
ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်ရှိန်မမြင့်ခင် နှစ်ရက်အလိုမှာ ကျွန်တော်တို့မိသားစုက ပေါင်မုန့်တွေ ဝယ်ခဲ့တယ် ။ ကျွန်တော်တို့မိသားစု အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပြီးတဲ့နောက် အဲဒီပေါင်မုန့်တွေ ပြန်ယူဖို့ရာ အိမ်ကို ကျွန်တော် ဘီးစီးသွားခဲ့တယ်။ (မိုးဆတ်အာဘူတိုးဟာ။ ၂၀၂၃ အောက်တိုဘာ ၂၀။ နယူးယော့ကာ မဂ္ဂဇင်း) အောက်တိုဘာလ ၁၂ ရက် ကြာသပတေးနေ့ကပေါ့ဗျာ။ စာရွက်ပိုင်းလေးတွေ ဘိတ်လားဟီယာမြို့ရဲ့ ကောင်းကင်ကနေ ကျလာတယ်။ ဘိတ်လားဟီယာက ဂါဇာကမ်းမြောင်မြောက်ခြမ်း၊ ကျွန်တော်တို့မိသားစုရဲ့ အိမ်ရှိတဲ့မြို့ပါ။ စာရွက်တိုင်းမှာ အစ္စရေးတပ်မတော်တံဆိပ်နဲ့အတူ သတိပေးချက် ပါလာတယ်။ ဟားမားစ်စစ်ရေးလှုပ်ရှားမှုနေရာတွေ၊ စစ်သွေးကြွတွေနဲ့ ဝေးဝေးနေဖို့ရယ်၊ မိမိနေအိမ်ကိုစွန့်ပြီး ချက်ချင်းလက်ငင်း ထွက်ခွာပေးဖို့ရယ် . . . ဒါပဲ။ ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းလာတဲ့အခါ မိဘနှစ်ပါးနဲ့အတူ ကျွန်တော့်အစ်ကိုနဲ့ နှမတွေ ပစ္စည်းထုပ်ပိုးနေတာ […]
ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း Read More »









