The Corner

The Corner

cropped-Logo_round_grey-background.png

မောင်လူထွန်း

မောင်လူထွန်း

ကပ်ဘေးများအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ – မောင်လူထွန်း

“အလျင်လို လမ်းအိုလိုက်” ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အလုပ်ခွင်မှာ မကြာခဏ ကြားရတာ ကတော့ “copy with pride” လို့လည်း ခေါ်ပါတယ်။ တစ်စုံတစ်ယောက်က အားထုတ် ပြုစုပြီးသား ရှိလျှင် အတုယူပြီး လုပ်လိုက်တာမျိုး ကိုခေါ်ပါတယ်။ နောက်ပြီး “you don’t need to reinvent the wheel” လို့လည်း ပြောလေ့ပြော‌ထ‌ ရှိပါတယ်‌။ “ဘီးကို အသစ်ကစလို့ ပြန်ပြီး တီထွင်စရာမလိုဘူး” လို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပါတယ်။ ဆိုလိုရင်းကတော့ ဖြစ်ရပ်များအားလုံးအတွက် လမ်းအသစ် ဖောက်စရာ မလိုဘူးဆိုတာ ပြောချင်တာပါ။ လမ်းသစ် ထွင်ကြတာ ကောင်းပါတယ်၊ ကြိုဆိုရမှာပါ။ သို့သော် အခြား နိုင်ငံများ လူများ လုပ်ဆောင်ပြီး အောင်မြင်ပြီးသားဆိုလျှင် အချိန်ကုန်ခံပြီး တီထွင် […]

ကပ်ဘေးများအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ – မောင်လူထွန်း Read More »

ဒီနေ့ ယူကရိန်း မနက်ဖြန် ထိုင်ဝမ်လား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ယူကရိန်းကို ဥပေက္ခာပြုသွားတဲ့ အကျိုးဆက်ဟာ အက်တလန္တတစ် မဟာမိတ်များနဲ့ ဆက်ဆံရေးမှာ ငလျင်တစ်ခုလှုပ်သွားသလို အတော် လှုပ်ခတ် ရိုက်ခတ်သွားပါတယ်။ အာရှဖက်က မဟာမိတ်များနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်က ဗိုလ်ချုပ်များနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိများတက်ရောက်နေကြတဲ့ ဟိုနိုလူလူက ကာကွယ်ရေးဖိုရမ်မှာပါ ယူကရိန်းကိစ္စဟာ ပိစိဖိတ် ဒေသဖက်ကိုပါ အဖျားခတ် ရိုက်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက တက်ရောက်လာတဲ့ အရာရှိကြီးတစ်ဦးက ရုရှားနဲ့ အပေးအယူ လုပ်လို့ အောင်မြင်သွားမယ်ဆိုရင် အမေရိကန်အနေနဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန့်သွားအောင် လုပ်နိုင်မလား ဆိုတဲ့ အယူအဆတစ်ရပ်ကို ပြောသွားခဲ့ပါတယ်။  အာရှဖက်က နိုင်ငံများဟာ လောလောဆယ် ဘာသိဘာသာ နေနေကြတဲ့အတွက် အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ အခြေအနေဟာ ငြိမ်ငြိမ်သက်သက်ပဲလို့ ထင်ရပါတယ်။ ဒီလို နေကြတာက

ဒီနေ့ ယူကရိန်း မနက်ဖြန် ထိုင်ဝမ်လား Read More »

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ

လတ်တလောမှာ ကင်ဆာဝေဒနာအတွက် ကီထရူဒါ (Keytruda) လို့ အမည်ရတဲ့ဆေး ဟာ စျေးကွက်မှာ ရောင်းအား အကောင်းဆုံး ဆေးတစ်မျိုးပါ။ ၂၀၁၄ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး အမေရိကန် ဆေးကုမ္ပဏီကြီး Merck က ဒီဆေးနဲ့ ဒေါ်လာ ၁၃၀ ဘီလီယံ ရောင်းချပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်း မှာတင် ၂၉.၅ ဘီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ထပ် ဆေးသစ် တစ်မျိုးကို စတင်စမ်းသပ်ခဲ့ရာမှာ အရင်က မရခဲ့ဖူးတဲ့ ရလဒ်ကောင်းတွေကို ရခဲ့ကြောင်း သိရှိရပါတယ်။  small cell ဆိုတဲ့ အဆုတ်ကင်ဆာ တစ်မျိုးရဲ့ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကင်ဆာ ဝေဒနာရှင်များကို ကီထရူဒါဆေး ပေးမယ်ဆိုရင် ကင်ဆာလူနာတွေရဲ့ အသက်ကို ၅.၈ လလောက်

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ Read More »

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ

မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလဲ ဖေဖော်ဝါရီလထဲက ပြီးသွားခဲ့သလို ဟောလိဝုဒ်က Biggest night လို့ တင်စားကြတဲ့ ၉၇ ကြိမ်မြောက် အကယ်ဒမီ ပေးပွဲကြီးလဲ မတ်လ နှစ် ရက်နေ့ (ကျွန်တော်တို့ အာရှဖက်မှာတော့ မတ်လ သုံးရက်နေ့ မနက်စောစော) မှာ ပြီးသွားပါပြီ။ အားလုံးက ခေါ်သလို အော်စကာပေးပွဲလို့ ဘာလို့ ခေါ်မှန်း မသိခဲ့ပါဘူး။ သူတို့ရဲ့ official name ကလဲ အကယ်ဒမီဆု Academy Award of Merit ပါပဲ။ ဒီဆုကို Academy of Motion Picture Arts and Sciences လို့ခေါ်တဲ့ အဖွဲ့က ချီးမြှင့်တာပါ ။ ဒီအဖွဲ့ကြီးကို ၁၉၂၇ ခုနှစ်က

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ Read More »

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို)

Aftermath လို့ခေါ်တဲ့ ကိစ္စတစ်ခု ကြီးကြီးကျယ်ကျယ် ဖြစ်ပီးတဲ့နောက်မှာ နောက်ဆက်တွဲတွေ ရှိတတ်ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညမှာ CNN သတင်းထောက် ကိတ်လန် ကောလင်းစ် (Kaitlan Collins) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ယူဘီယို (Marco Rubio) တို့ တွေ့ဆုံမေးမြန်ခန်း CNN က ထုတ်လွှင့်သွားခဲ့ပါတယ်။ Interview အပြည့်အစုံပါ။ CNN။       ။ ဒီည ကျွန်မတို့ CNN သတင်းဌာနကနေ တွေ့ဆုံမေးမြန်းမယ့်သူကတော့ အခု စတူဒီယိုထဲကို ရောက်နေပြီဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ယူဘီယိုဖြစ်ပါတယ်။ ဝန်ကြီး ယူဘီယိုရှင့် အခုလို ကျွန်မတို့ဆီ လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သမ္မတ

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို) Read More »

ဇာတ်လမ်းတို စီးပွားရေး

ဒါရိုက်တာက “ကဒ်” လို့ အော်လိုက်ပြီးတာနဲ့ လော့စ်အိန်ဂျလိစ်က ရုပ်ရှင်စတူဒီယိုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သရုပ်ဆောင်တွေက နောက်တစ်ခန်းအတွက် အဝတ်အစား ကမန်းကတန်း ပြေးလဲကြသလို ရိုက်ကွင်းထဲက ဝန်ထမ်းတွေကလဲ ဆက်တင် နောက်တခု အပြေးအလွှားနဲ့ တပ်ဆင်ကြလေသည်။ ဇာတ်လမ်းရိုက်ကူးချိန် နှစ်ရက်တာ အချိန်အတွင်းမှာ တစ်ပတ်လောက် အလုပ်တွေကို တက်သုတ်ရိုက် လုပ်နေကြသည်။ တရုတ်နိုင်ငံတွင် ခေတ်စားလာသော ဇာတ်လမ်းတိုများကို စက်နှင့်လှည့်ထုတ်သကဲ့သို့ မြန်မြန် ရိုက်ကူးထုတ်လုပ်ရသလို ကြည့်ရှုဖို့ အချိန်ကလည်း သိပ်မလိုပေ။ ဇာတ်ညွှန်းဆရာတစ်ဦး “ဒီအလုပ်က သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေကို စတီးရွိုက် ထိုးထည့်ပြီး မြန်သွားအောင် လုပ်နေသလိုပါပဲ” လို့ ရှင်းပြသည်။  နက်ဖလစ် (Netflix) က ဇာတ်လမ်းလောက်လဲ မရှည် တစ်တော့ (Tiktok) ဗီဒီယိုကလစ်တွေ လောက်လဲမတိုတဲ့ မဲပြာပုဆိုး

ဇာတ်လမ်းတို စီးပွားရေး Read More »

ထရမ့်နေးဒိုး

သင်္ဘောပဲ့ထိန်းတစ်ယောက်ဟာ မုန်တိုင်းထန် လှိုင်းလေကြီးချိန် တက်မ ကျိုးသွားလို့ ဘာမှ ဆက်လုပ်လို့မရတော့တဲ့ အချိန်မှာ မုန်တိုင်းမြန်မြန်စဲသွားဖို့နဲ့ ကမ်းကို အန္တရာယ်ကင်းကင်း ရောက်နိုင်ဖို့ ဆုတောင်းရုံကလွဲလို့ အခြားလုပ်စရာ သိပ်မရှိတော့ပါဘူး။ အတူတူပါပဲ ဒီမိုကရေစီဟာ နိုင်ငံရေး မုန်တိုင်းထန်ထန်ထဲမှာ ရောက်မိနေပြီဆိုရင် တည်ငြိမ်အေးဆေးမှုဆီကို ပြန်လည်ရောက်ရှိဖို့ လမ်းသစ်တွေ ဖောက်ဖို့ အလုပ်လုပ်ကြရမှာဖြစ်တယ်။   စီးပွားရေး ကလည်း အဆင်မပြေ၊ မဲပေးသူပြည်သူများကလည်း ခေါင်းဆောင်တွေကို စိတ်တိုင်းမကျမချင်း ဆန္ဒမဲတွေနဲ့ ပြောင်းပစ်၊ မနီးမဝေးမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် တည်ငြိမ်မှုမရတာ သုံးနှစ်တောင် ရှိပါရော့လား…။ ဒီကြားထဲ နောက်ထပ် စိုးရိမ်ကြောင့်ကြစရာ အကြီးကြီးတခုက လာနေသေးတယ်။ ထရမ့်နေးဒိုး လို့ခေါ်တဲ့ မုန်တိုင်းကြီးတခုဟာ ခနော်နီ ခနော်နဲ့ ပျက်လုလုသင်္ဘောဆီ ဦးတည်လာနေပါပီ။ အားလုံးကြိုးစားပြီးတော့ အပျက်အစီး နည်းနိုင်သမျှ နည်းအောင်

ထရမ့်နေးဒိုး Read More »

A small plant sprouts in soil inside a light bulb, symbolizing eco-friendly and sustainable growth.

တိုးတက်လာတဲ့ တရုတ်နိုင်ငံမှ စွမ်းအင် ဖန်တီးမှုများ

သည် အီကောနောမစ် တရုတ်ပြည် သတင်း‌ထောက် ဂါဘရီရယ် ခရော့စလေ ရေးသားသည့် post-solar war ကို မြန်မာဘာသာသို့ ပြန်ဆိုသည်။ မကြာသေးခင်နှစ်များအတွင်းက တရုတ်နိုင်ငံမှာ သဘာဝနဲ့ လိုက်လျောညီထွေမှုရှိမယ့် နည်းပညာများ ဆန်းသစ်တီထွင်မှုတွေ လုပ်ခဲ့ပါတယ်။ အစိုးရကနေ လုံလောက်တဲ့ ငွေကြေး‌ထောက်ပံ့မှုရယ် အပြိုင်အဆိုင် တွေပိုများလာတာကြောင့် တရုပ်ကုမ္ပဏီတွေဟာ နေရောင်ခြည်စွမ်းအင် ထုတ်ရာမှာ သုံးတဲ့ ဆိုလာပြားတွေ၊ ဘက်ထရီတွေနဲ့ လျှပ်စစ်ကား စတာတွေကို ပိုမိုကောင်းမွန်အောင် ထုတ်လုပ်နိုင်လာကြတဲ့အပြင် စျေးချိုချို နဲ့ ရောင်းချနိုင်ခဲ့ကြပါတယ်။ ခုဆိုရင် တရုတ်နိုင်ငံကထုတ်တဲ့ အဆိုပါ ထုတ်ကုန်သုံးမျိုးဟာ ကမ္ဘာ့စျေးကွက်အထိကို စျေးကွက် ချဲ့ထွင် နိုင်ခဲ့ပီ။ ပေါချောင်ကောင်းလို့ သတ်မှတ်ထားတဲ့ တရုတ် နည်းပညာ လုပ်ငန်းတွေဟာ ကမ္ဘာပေါ်က အခြားနေရာတွေဆီ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိ နေရာယူလာကြပီး

တိုးတက်လာတဲ့ တရုတ်နိုင်ငံမှ စွမ်းအင် ဖန်တီးမှုများ Read More »

lantern, hoian, light, travel, culture, vietnam, asia, city, color, colorful, vietnamese, night, go, unesco, tourism, old, famous, historic, lunar new year, lantern, lantern, travel, culture, culture, culture, vietnam, vietnam, vietnam, vietnam, asia, color, color, colorful, colorful, colorful, colorful, colorful

ရုပ်ရှင် အသစ်များ

သည် အီကောနောမစ် ယဥ်ကျေးမှု အယ်ဒီတာ အယ်လက်ဇန်းဒရား ဆုချ် ဘက်စ်၏ Films based on video games are the next big thing ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုသည်။ ဘုရားသခင်က ကမ္ဘာကို ၆ရက်ထဲနဲ့ ဖန်ဆင်းခဲ့ပုံရတယ်။ ဆွီဒင်က ကွန်ပြူတာဂိမ်းများ ရေးသားသူ မားကူစ် ပါစင် လဲ ထို့အတူပါပဲ၊ မိုင်းခရပ် (Minecraft) ကွန်ပြူတာဂိမ်းကို ၆ရက်ထဲနဲ့ ရေးဆွဲခဲ့ပါတယ်။ မိုင်းခရပ်ဂိမ်းမှာ ကစားတဲ့ သူတွေဟာ မိမိရဲ့ ကိုယ်ပိုင် ကမ္ဘာလေးကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး အခြား ကစားဖော်များ ဖန်တီးထားတဲ့ ကမ္ဘာတွေဆီကိုလဲ သွားလည်ပတ်နိုင်ပါတယ်။ ဒီ ဂိမ်းထွက်လာတော့ ကွန်ပြူတာဂိမ်းလောကမှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခု ဖြစ်ခဲ့ပီး ခုဆိုရင် ဒေါ်လာသန်း ၃၀၀ကျော် ရောင်းချခဲ့ရပီး

ရုပ်ရှင် အသစ်များ Read More »

pylon, nature, electricity, sun, power, grid, infrastructure, industrial, landscape, sky, cloudscape, perspective, height, scale, electricity, electricity, electricity, electricity, electricity, grid, infrastructure, industrial

လျှပ်စစ်စွမ်းအင်

သည် အီကောနောမစ် ကမ္ဘာ့စွမ်းအင်နှင့်ဥတုဆိုင်ရာ အယ်ဒီတာ ဗီဂျေး၏ Energy’s next big thing ဆောင်းပါးကို မြန်မာပြန်သည်။ မကြာခင်မှာဘဲ ပမာဏများတဲ့ လျှပ်စစ်ကို သိုလှောင်နိုင်မယ့် နည်းလမ်း အသစ်တွေ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA – International Energy Agency) ရဲ့ ခန့်မှန်းချက်အရ လျှပ်စစ်ကို သိုလှောင်ထိန်းသိမ်းနိုင်မယ့်နည်းပညာသစ်ဟာ စွမ်းအင်ဆိုင်ရာ တီထွင်မှုများစွာထဲက အလျင်အမြန် တိုးတက်လာနေတဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပါတယ်။၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျှပ်စစ် သိုလှောင်နိုင်စွမ်းဟာ ၂၀၂၁ ခုနှစ်ကထက် ရှစ်ဆ ပိုမိုလာပြီး ၈၀ ဂီဂါဝပ်အား အထိ သိုလှောင်ထားနိုင်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်စွမ်းအား ပမာဏ ကြီးကြီးမားမားကို သိုလှောင်နိုင်မှု နည်းပညာများ မြင့်မားလာတာဟာ အကြောင်းခြင်းရာ လေးခု ပေါ်မူတည်ပြီး ဖြစ်လာတာပါ။ ပထမ တစ်ခုကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ သဘာဝက တစ်လှည့်စီ ပေးနေတဲ့ နေစွမ်းအင် လေစွမ်းအင် ထုတ်လုပ်မှုများတိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင် ထုတ်ယူသုံးစွဲ နေကြတုန်းမှာတော့ သိပ်မသိသာပေမယ့် အခုဆို တချို့နေရာတွေမှာ လိုအပ်ချက်ထက် ထက်ဝက်မက ပိုထုတ်လာနိုင်တဲ့ အတွက်  လျှပ်စစ် မီးပေးတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ မိုးအုံ့တဲ့နေ့တွေ၊ လေငြိမ်တဲ့ နေ့တွေမှာတောင် ခေါင်းကိုက်နေကြရပါပီ။ လျှပ်စစ် ဓါတ်အားလိုင်းတွေမှာပိုလျှံနေတဲ့ လျှပ်စစ်အားတွေကို သိုလှောင်ပြီး လိုအပ်ရင် ပြန်ဖြန့်ဖြူးနိုင်ဖို့ အားကောင်းတဲ့ ဘက်ထရီကြီးတွေ တပ်ဆင်ထားရပါတယ်။  အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA) ရဲ့ အဆိုအရ နေစွမ်းအင်က ထုတ်လုပ်လို့ရတဲ့ လျှပ်စစ်စွမ်းအင်ကိုဘက်ထရီနဲ့ သိုလှောင်ပြီး တဆင့် ပြန်လည်သုံးစွဲခြင်းဟာ တရုတ်ပြည်မှာဆို ကျောက်မီးသွေး၊ အမေရိကန်မှာဆို ဓာတ်ငွေ့ကထုတ်လုပ်တဲ့ လျှပ်စစ်အတွက် ကုန်ကျစရိတ်တွေထက် သက်သာ လာမယ်လို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ တရုတ်ပြည်ဖြစ် လစ်သီယံ ဘက်ထရီ ထုတ်လုပ်မှုဟာ ဝယ်လိုအားထက် အဆမတန် များပြားလာတဲ့ အချက်ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီကို လက်ပ်တော့ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနဲ့ အခုနောက်ပိုင်း လျှပ်စစ်ကားတွေမှာပါ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်နေစလို့ ခုချိန်ထိ ဆိုရင် လစ်သီယံ ဘက်ထရီစျေးဟာ ၉၇% ထိုးကျသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ရောက်တော့ လမ်းတစ်ဝက်ကနေ ပေါ်လာတဲ့ လျှပ်စစ်ကား (EV) သုံး ဘက်ထရီဟာလည်း သမိုင်းတလျှောက်မကြုံစဖူး စျေးတွေထိုးကျလာလို့ ခုဆို တစ်ကီလိုဝပ်နာရီ ($/kWh) စျေးဟာ အတူတူလောက် ဖြစ်သွားပါတယ်။ လျှပ်စစ်ကားထုတ်လုပ်မှုကလည်း ခုချိန်မှာ အရှိန်တန့်သွားလို့ လစ်သီယံ ဘက်ထရီတွေက စျေးကွက်ထဲမှာ ဖောချင်းသောချင်း ဖြစ်လို့နေပါပီ။အကျိုးဆက်က အာရှဘက်ခြမ်းက ဘက်ထရီ ထုတ်လုပ်သူတွေဟာ စျေးကွက်အသစ် ဖောက်သည်အသစ်တွေကို ရှာနေကြရပါပြီ။ သမိုင်းမှာ ပထမဆုံးအကြိမ် လျှပ်စစ်စွမ်းအားသိုလှောင်နိုင်မယ့် ဘက်ထရီ စျေးကွက်ဟာဆိုရင် အိမ်သုံး လျှပ်စစ်ပစ္စည်းဘက်ထရီ စျေးကွက်ထက် ကြီးလာပါပြီ။ လုပ်ငန်းရှင်တွေ အနေနဲ့ လေအားနဲ့ နေစွမ်းအင် လျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် လျှပ်စစ်စွမ်းအား သိုလှောင်နိုင်မယ့် ဘက်ထရီတွေ မရှိမဖြစ် ထားဖို့လိုအပ်တယ်ဆိုတဲ့ မူဝါဒ တစ်ခု ကို တရုတ်နိုင်ငံက ချမှတ်လိုက်လို့နောက်ထပ် စျေးကွက် ကျယ်ပြန့်လာဖို့ပဲ ရှိတော့တာပေ့ါ။ ဆိုဒီယမ် ဘက်ထရီဟာ နောင်ဖြစ်လာနိုင်မယ့် အစားထိုး နည်းပညာသစ် တစ်ခုပါ။  တတိယ အချက် ကတော့ ဉာဏ်ရည်တု (Artificial Intelligent – AI) သုံးစွဲမှု မြင့်မားလာြခင်းနဲ့အတူ လျှပ်စစ်စွမ်းအင်အများအပြားလိုအပ်မှု ကြောင့် ဖြစ်ပါတယ်။ ဂိုးလ်ဒ်မန်း ဆက်ချ်စ် (Goldman Sachs) ဘဏ်ကြီး ရဲ့ အဆိုအရတော့အချက်အလက်သိုလှောင်ဌာန (Data Center) တွေမှာ လိုအပ်မယ့် စွမ်းအင်ဟာ ၂၀၂၀တုန်းက ၂၄၀ တယ်ရာဝပ် နာရီ (တစ် တယ်ယာဝပ်နာရီမှာ မီဂါဝပ်နာရီ တစ်သန်း ရှိပါတယ်) ရှိရာကနေ ၂၀၂၅မှာ ၆၀၀ တယ်ရာဝပ် နာရီ ထိ လိုအပ်မှာပါ။ သို့သော်လည်းနည်းပညာ ကုမ္ပဏီများ ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်တဲ့ စွမ်းအင်ကို သုံးစွဲကြဖို့နဲ့သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ လုပ်ကိုင်ကြဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လို့ ကျောက်မီးသွေး (သို့) သဘာဝဓာတ်ငွေ့ထုတ် စွမ်းအင်တွေ ဘက် ပြန်လှည့်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့ ဒီကုမ္ပဏီကြီးတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတ ဖြစ်တဲ့ ပြန်ပြည့်မြဲ စွမ်းအင် (renewable energy) ကို သူတို့လုပ်ငန်းတွေအတွက် အမြဲတမ်း သုံးကြရတော့မှာ ဖြစ်ပါတယ်။ စတုတ္ထနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ လစ်သီယံ ဘက်ထရီထက် ပိုကောင်းမယ့် စွမ်းအင် သိုလှောင်နိုင်မယ့် အဆင့်မြင့်နည်းပညာ ဖြစ်ပါတယ်။ အခုဆို ဒီနည်းပညာကို စတင်လေ့လာနေပြီးအတော်လဲ ခရီးရောက်နေပါပီ။ ဆိုဒီယမ် ဘက်ထရီဟာ နောင်ဖြစ်လာနိုင်မယ့် အစားထိုး နည်းပညာသစ် တစ်ခုပါ။ စျေးသက်သာပြီး မီးလောင်နိုင်တဲ့ အန္တရာယ်လည်း နည်းပါတယ်။ ဒါဟာ အချက်အလက် သိုလှောင်ရာ ဌာန (Data Center) လုပ်ကိုင်နေသူတွေအတွက် မီးလောင်လွယ်တဲ့ လစ်သီယံ မသုံးတော့တဲ့ အတွက် အာမခံ ပရီမီယံ သက်သာ လာပါလိမ့်မယ်။ ဘလွန်းဘက် အန်န်အီးအက်ဖ် (BloombergNEF) အဆိုအရ တရုတ်နိုင်ငံက ဟိန (HiNa) ဦးဆောင်တဲ့ ဆိုဒီယမ် ဘက်ထရီ ထုတ်လုပ်သူများက ၂၀၂၅မှာလျှပ်စစ် သိုလှောင်ဖို့ ဘက်ထရီ အများအပြား ထုတ်လုပ်နိုင်ကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်မှာတော့ စျေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ ဖောင်မ် အင်န်နာဂျီ (Form Energy) ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမတည်ထားပီး စျေးသက်သာတဲ့ ဘက်ထရီတွေကို သံ-လေ (Iron-Air) နည်းပညာကနေ ထုတ်လုပ်ဖို့ ကြံစည်နေပါပြီ။ ၂၀၂၅မှာ ကယ်လီဖိုးနီးယားနဲ့ မင်နီဆိုးတား

လျှပ်စစ်စွမ်းအင် Read More »