The Corner

The Corner

cropped-Logo_round_grey-background.png

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ်

Share မယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို ပြဿနာဟောင်းတွေက ခြောက်လှန့်နေတယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှုကြီး  ပေါ်ပေါက်ခဲ့တာ  အခုဆို တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ရက်သတ္တပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီလူထု အုံကြွမှုကြီးမှာ လူပေါင်း တစ်ထောင် ကျော် သေဆုံးခဲ့ရတယ်။ လူအတော် များများ ထိခိုက် ဒဏ်ရာ ရခဲ့ကြတယ်။ ဖြုတ်ချ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟာ ၂ဝ၂၄ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီးတဲ့ နောက်မကြာခင်မှာဘဲ  နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ယာယီအစိုးရ နိုင်ငံ့ တာဝန်ကို ယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့တယ်။ ယာယီအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖြုတ်ချ ခံလိုက်ရတဲ့ အစိုးရခေတ်တုန်းက ဖျက်ဆီးပစ်ခဲ့တဲ့ ဒီမိုကရေစီ အဖွဲ့အစည်းများ ပြန်လည်ရှင်သန် လာစေရေးကို ကြိုးပမ်း ဆောင်ရွက် ပေးပါမယ်လို့ ကတိကဝတ် ပြုထားတယ်။

၂၀၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆန္ဒပြပွဲ မြင်ကွင်း တစ်ခု (Source: Wikimedia)

ဆယ့်တစ်လကျော်သာကြာသွားတယ် အစိုးရသစ် လျှောက်လှမ်းရတဲ့ ခရီးလမ်းကတော့ ကြမ်းတမ်း နေတုန်းပါပဲ။ လူထု ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတယ်။ နိုင်ငံရေးသမား အတော် များများက ရန်သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ရမယ့်အစား တံတားတွေ ဆောက်ဖို့ကို သာပိုပြီး စိတ်ဝင်စား နေကြပုံ ပေါ်တယ်။ ရှိတ်ဟာဆီနာ ရဲ့ အဝါမီ အဖွဲ့ချုပ်ကိုတော့ ပိတ်ပင်ထားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက အထောက်အပံ့တွေ ဖြတ်တောက် လျှော့ချခံရပြီး ကုန်သွယ်ခွန်တွေ တိုးမြှင့် ကောက်တာကို ခံလိုက်ရတာ ကလည်း  နိုင်ငံဖွံ့ဖြိုးရေး အတွက် အန္တရာယ် ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အကြီးဆုံး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး ကလည်း အကျပ်အတည်း ကြုံနေရတယ်။ လူဦးရေ ၁၇၄ သန်းကျော် နေထိုင်တဲ့ ဒီနိုင်ငံဟာ သစ်လွင်လန်းဆန်းမှုနဲ့ စတင် နိုင်ပါ့မလား။

မစ္စတာ ယူနွတ်ကတော့ သူ့နိုင်ငံရဲ့ လုပ်ငန်းစီမံကိန်းတွေဟာ အောင်မြင်မှုရမယ့် လမ်းကြောင်းမှန် အတိုင်း ခရီးဆက် နေတယ် လို့ဆိုတယ်။ အီကောနောမစ် စာစောင်က တလောတုန်းက သူနဲ့ တွေ့ဆုံမေးမြန်းရာမှာ အသက် (၈၄) နှစ် အရွယ် ခေါင်းဆောင်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံသူ နိုင်ငံသားတွေရဲ့  နက်ရှိုင်းတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်နိုင်ဖို့က အချိန်တော့ ယူရလိမ့်မယ် လို့ဆိုတယ်။ အနည်းဆုံးတော့ သူ့အစိုးရဟာ စီးပွားရေး ကဏ္ဍမှာ သတင်းကောင်း တွေရှိတယ်။ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ တွက်ချက်မှုအရဆိုရင် ဇွန်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်မှာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ စီပွားရေး တိုးတက်နှုန်းဟာ ၄ဒသမ၂ % ကနေ ၃ဒသမ၉ % ရှိလာမယ်လို့ ဆိုတယ်။ လွန်ခဲ့နှစ်က မှန်းတာနဲ့ စာရင် အကြီးအကျယ် မဟုတ်တောင် အနည်းငယ်တော့ အခြေအနေ ကောင်းလာတယ်လို့ သုံးသပ် နိုင်တယ်။ ငွေလွှဲ ပြောင်းပေးတာတွေ ရောက်လာတော့ အရန် နိုင်ငံခြားငွေ ပမဏဟာလည်း တိုးတက်လာခဲ့တယ်။ နှစ်စဉ် ငွေကြေး ဖောင်းပွမှုနှုန်းက ယမန်နှစ် ဇူလိုင်လတုန်းက ၁၂ ရာခိုင်နှုန်း နီးပါး အထိ ရှိရာကနေ ယခုနှစ် မေလမှာ ၉ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့တယ်။ အစိုးရဟာ ရက်ပေါင်း ကိုးဆယ်ထက် ကျော်ပြီး အတိုး မသတ်ထား နိုင်တဲ့ ဘဏ်ချေးငွေတွေကို ရှင်းပေးဖို့ ကြိုးပမ်းခဲ့တယ်။ အရင် အစိုးရ အဖွဲ့ဟောင်းက နိုင်ငံခြား တိုင်းပြည်တွေဆီကို ကဲ့ပို့ထားလို့ ယုံကြည်ရတဲ့ ငွေတွေကိုလည်း ပြန်ရအောင် စပြီး ကြိုးပမ်းနေတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ခေါင်းဆောင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ် (Source: The Munsif Daily)

ဒီလို ဆောင်ရွက်ချက်တွေက အားပေးတာကြောင့် များမကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ ကရော အေဒီဘီ ခေါ်တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ကပါ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ငွေထုတ်ချေးဖို့ အတည်ပြု ခဲ့တယ်။ ဒီလို အမိအရ ယူနိုင်တာက အခု အချိန်အထိ အစိုးရ ရဲ့  ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ အလွယ်တကူ အောင်မြင်မှု ရနိုင်တဲ့ ရည်မှန်းချက် ပန်းတိုင် တွေကိုပဲ အဓိက အာရုံ စိုက်ထားလို့ ဖြစ်တယ်လို့ အေဒီဘီ အရာရှိ ချန်ဒန်းဆက်ပ်ကိုးတား ကဆိုတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အခု အချိန်အထိတိုင် အထည်အလိပ် တင်ပို့မှုပေါ်မှာပဲ အကြီး အကျယ် မှီခို အားထား နေရတယ်။ စီးပွားရေး အခြေခံ အဆောက်အအုံက အခြေအနေ အတော်ဆိုးပြီး ပြည်တွင်းက လူငယ်တွေ အတွက် အလုပ်အကိုင်တွေ လုံလောက်အောင် ဖန်တီး မပေးနိုင်ဘူး။ အမေရိကန် ပြည်ထောင်စုက အကောက်ခွန်နှုန်းတွေ တိုးမြှင့်တဲ့ စစ်ပွဲကို ဆင်နွှဲလိုက်တဲ့ အချိန်မှာတော့  လောလော လတ်လတ်ကို တက်လာတဲ့ ပြဿနာတွေနဲ့ ကြုံလာရပြီ။

တကယ်လို့ စီးပွားရေး ဆောင်ရွက်ချက်တွေဟာ နိုင်ငံခြား အလိုအတိုင်း ခေါင်းညိတ်ရမယ်ဆိုရင် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒ တွေဟာ အံ့အားသင့်စရာတွေ ဖြစ်လာမယ်။ မစ္စတာ ယူနွတ်ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ လူတိုင်း၊ နိုင်ငံတိုင်းနဲ့ အလုပ်လုပ်ဖို့ ကြိုးပမ်း နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူဟာ မတ်လတုန်းက သူ့ရဲ့ နှစ်နိုင်ငံ ပထမဆုံး ခရီးစဉ်ကြီးအဖြစ် တရုတ်နိုင်ငံကိုသွားခဲ့ပြီး အဲဒီမှာ သဘော တူညီချက် စာချုပ် အချို့ကို လက်မှတ် ရေးထိုးခဲ့တယ်။ သတင်းတွေရဲ့ အဆိုအရကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ တရုတ်ဆီကနေ  J10C နဲ့ JF17 ဂျက် တိုက်လေယာဉ်တွေ ဝယ်ယူခဲ့ဖွယ် ရှိတယ်လို့ ဆိုတယ်။ ဒီလေယာဉ် အမျိုးအစားတွေဟာ မေလတုန်းက အိန္ဒိယနိုင်ငံနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခမှာ ပါကစ္စတန်နိုင်ငံက အသုံးပြုခဲ့တဲ့ လေယာဉ် အမျိုးအစားတွေ ဖြစ်တယ်။ ဇွန်လ ၁၉ ရက်နေ့မှာ တရုတ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တို့ဟာ သူတို့ရဲ့ ပထမဆုံး သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြတယ်။

ဒီဆောင်ရွက်ချက်တွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အခိုင်မာဆုံး မဟာမိတ်နဲ့ ရှိတ်ဟာဆီနာကို ဘေးကင်းခိုလှုံရာ နေရာပေးခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးကို အင်အားလျော့နည်းစေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသူ နိုင်ငံသားတွေ ကတော့ ဒီအချက်ကို ဂရုမစိုက် ပါဘူး။ ၂ဝ၂၄ ခုနှစ်က စစ်တမ်း တစ်ခုမှာ ဘင်္ဂလားဒေ့ရှ် လူထုရဲ့ ၇၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို အပြုသဘော မြင်ကြတယ်။ ၁၁ ရာခိုင် နှုန်းလောက်ကပဲ အိန္ဒိယနိုင်ငံကို သဘောကျတယ်။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံကြီးတစ်နိုင်ငံနဲ့ ကင်းကွာ မိတ်ပျက်တာမျိုးဟာ  အတော်ကို အန္တရာယ် များတယ်။ ယခုနှစ် ဧပြီလမှာ အိန္ဒိယနိုင်ငံက တစ်ဆင့်ခံ ကုန်စည် ပို့ဆောင်ရေး အကူအညီ ပေးနေတာကို ဖျက်သိမ်းလိုက်တယ်။ အဲဒီစနစ်က အိန္ဒိယနိုင်ငံလေဆိပ် တွေကို အသုံးပြုပြီး နိုင်ငံရပ်ခြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်စည်တွေ တင်ပို့ခွင့်ပြုတာဖြစ်တယ်။ အခုလို ဖျက်သိမ်းလိုက်တော့ ကုမ္ပဏီတွေအတွက် စရိတ်စကတွေ တိုးလာပါလိမ့်မယ်။

တရုတ်နိုင်ငံနဲ့ ပလဲနံပသင့်အောင် ပေါင်းသင်းဆက်ဆံနေတာကလည်း အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်။ အမေရိကန်က နိုင်ငံခြား အထောက်အပံ့ ပေးတာတွေကို မဖြတ်တောက်ခင် ကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အမေရိကန်ရဲ့ အကျိုး ကျေးဇူးကို အများဆုံး ရရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ငွေကြေး အများစုကတော့ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၁ သန်းကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့  ပို့ကုန်တွေ အတွက် အကြီးဆုံး ဈေးကွက်ကြီး လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ယခုနှစ် ဇူလိုင်လ ၉ ရက်မှာ စတင် အကျိုးသက်ရောက်မယ့် အပြန်အလှန်အကောက် အခွန်တိုးမြှင့်မှု  ၃၇ ရာခိုင်နှုန်း ကိစ္စကို ရှောင်ရှား နိုင်ဖို့ ကြိုးပမ်းတဲ့ ဆောင်ရွက်ချက် အနေနဲ့ အခုနှစ် မေလတုန်းက ကုန်သွယ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ယခုချိန်ထိရင်ဆိုင်နေရတဲ့ အကြီးဆုံးပြဿနာက ဒီမိုကရေစီစနစ်ကို ဘယ်နည်းဘယ်ပုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ပြီး ဖော်ဆောင်နိုင်မလဲ ဆိုတာနဲ့ အဲဒီလို ဆောင်ရွက်နိုင်တဲ့ အောင်မြင်မှုတွေကို ဘယ်လောက် ရေရှည် တည်တံ့အောင် ဆောင်ရွက်နိုင် မလဲဆိုတဲ့ ကိစ္စပါပဲ။ မစ္စတာယူနွတ်က ရွေးကောက်ပွဲတွေကို ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဒါမှမဟုတ်ရင်  အနည်းဆုံးတော့ ဧပြီလထက် နောက်မကျဘဲ ကျင်းပပေးနိုင်ဖွယ် ရှိတယ်လို့ ရိုးတိုးရိပ်တိတ် ပြောထားတာရှိတယ်။ အဲဒီလို မကျင်းပခင်မှာ နိုင်ငံရေးသမား တွေဟာ “ဇူလိုင် ပဋိညာဥ် (July Charter)” လို့ ခေါ်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အခြေခံ စည်းမျဉ်းတွေပါဝင်ပြီး အနိုင်ရသူက အပြီးသတ် ထားတဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ ပါတဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုး ကြရမှာ ဖြစ်တယ်။ နိုင်ငံရေး သမားတွေက ဒီသဘောတူညီချက်ကို သဘောတူပါ့မလားဆိုတာကတော့ အခုချိန်အထိ ရေရေရာရာ မသိရသေးပါဘူး။   

ဇူလိုင် ၂၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေး တစ်ခုမှာ နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ကြားဖြတ် ခေါင်းဆောင် မစ္စတာ ယူနွတ်ကို ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ (Source: Indian Community)

နိုင်ငံရေး ပါတီပေါင်း ၁၅ဝ နီးပါး  ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့  မှတ်ပုံတင်ထားတာမို့ အရင်တုန်းက ကျင်းတဲ့ ရွေးကောက်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီအရေအတွက်ထက် နှစ်ဆကျော် ပိုတယ်။ ပါတီသစ်တွေထဲမှာ သပိတ်မှောက် လူထုဆန္ဒပြပွဲတွေ ကနေ ပေါ်ထွန်းလာတဲ့  ကျောင်းသားတွေ ခေါင်းဆောင်တဲ့ အုပ်စု အမျိုးသား  နိုင်ငံသူ နိုင်ငံသားများ ပါတီ (National Citizen Party  – NCP) ပါဝင်တယ်။ ယာယီအစိုးရက မျိုးဆက်သစ် နိုင်ငံရေးသမား တွေကို ဂရုတစိုက် ပျိုးထောင် အားပေးဖို့ စိတ်အား ထက်သန်တယ်။ အဲဒါ မျှော်လင့်ချက် ရှိတဲ့ သတင်းကောင်းပါပဲ။ ပြဿနာက ဒီလို မထင်ရှားတဲ့  ပါတီသစ်ကလေးတွေဟာ ကောင်းကောင်း အလုပ်ဖြစ်မယ်ပုံ မရှိတာဘဲ။ သူတို့ ဘယ်သူ့ကို မဲပေးမယ်လို့ သန္နိဋ္ဌာန် ချပြီးတဲ့ မဲဆန္ဒရှင်တွေ ကြားမှာတော့ ၅ ရာခိုင်နှုန်း လောက်ကပဲ NCP ကိုမဲပေးဖို့ ရွေးချယ် ဆုံးဖြတ်ပြီးဖြစ်မယ်လို့ ရွေးကောက်ပွဲ အကြိုစစ်တမ်း တစ်ခုက ဆိုတယ်။ ဝါရင့် သမ္ဘာရင့် နိုင်ငံရေးပါတီ ဟောင်းကြီးတွေ ကတော့ သူတို့ထက် အများကြီး ပိုအလုပ်ဖြစ်မယ်။ BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ဝါဒီ ပါတီ (Bangaldesh Nationalist Party ) က သေချာတဲ့ မဲဆန္ဒရှင်တွေက ၄၂ ရာ ခိုင် နှုန်းထောက်ခံမှုရတယ်။ အစ္စလာမ္မစ် ဝါဒီအုပ်စုတစ်ခုဖြစ်တဲ့  ဂျမ်မတ်အီအစ္စလာမီ ပါတီက ၃၂ ရာ ခိုင် နှုန်းရမယ်လို့ အကြို စစ်တမ်းက ဖော်ပြတယ်။ လစ်ဘရယ် ပါတီ တွေကတော့ အစ္စလာမ္မစ်ဝါဒီ တွေ ဟာ ဘာသာရေး အစွန်းရောက် သမားတွေကို အလိုလိုက် အကြိုက်ဆောင် သွားမှာကို စိုးရိမ် နေကြတယ်။ BNP ပါတီအတွက်ကတော့ မကြာသေးခင်ကမှ နိုင်ငံရေး အာဏာရနေရာကနေ ဖယ်ရှားခဲ့ရတဲ့ ငွေမျက်နှာ လိုက်ပြီး အကျင့်ပျက်ခြစားမှုတွေ ရှိတယ် ဘာမှစိုးရမ်စိတ်မရှိဘူး သူတို့ ဘာသာ အားရ ကျေနပ်နေတဲ့ ပါတီလို့ ဘင်္ဂလားဒေ့ရှ် ပြည်သူ အတော်များများက ထင်မြင်ယူဆကြတယ်။

ဒီလို ဖွဲ့စည်းထားပုံ အခြေအနေမှာ အဝါမီ အဖွဲ့ချုပ်ပါတီကတာ့ ပါဝင်လိမ့်မယ် မဟုတ်ဘူး။ တခြား ပါတီတွေက ဖိအား ပေးပြီးတဲ့ နောက် လနဲ့ချီပြီးအကြာ မေလအတွင်းမှာ  ကြားဖြတ်အစိုးရက နိုင်ငံတော် လုံခြုံရေး အတွက် စိုးရိမ်မကင်းစရာ ရှိတယ်လို့ အကြောင်းပြ ချက်နဲ့  ဒီပါတီကို နိုင်ငံရေး လှုပ်ရှား မှုမှန်သမျှ မဆောင်ရွက်ဖို့ တားမြစ် ပိတ်ပင်ထားခဲ့တယ်။ သဘောတရား ကတော့ စီရင်ထုံးတွေက ယာ ယီပဲ၊ တရားရုံး ရောက်နေတဲ့ အမှုတွေကို ဆိုင်ငံ့ထားတယ်။ ဒါပေမဲ့ တရား ဥပဒေကြောင်းအရ အမှုစွဲဆို ထားတာတွေ ကတော့ နှစ်နဲ့ချီပြီး ကြာကောင်းကြာမယ် ဆိုတာပါပဲ။ အန္တရာယ် ကတော့ ဘင်္ဂလားဒေ့ရှ် မဲဆန္ဒရှင်အများစုက ဒီဆုံးဖြတ်ချက်ဟာ သူတို့ကို မဲရုံမှာ မှန်ကန်တဲ့ ရွေးချယ်မှု မလုပ်ဆောင် နိုင်အောင် ဖန်တီးတာပဲလို့ဆုံးဖြတ်ကြမယ့်အရေးပဲဖြစ်တယ်။ အဝါမီ အဖွဲ့ချုပ် ပါတီဟာ အံ့သြရလောက်အောင် ယခုအချိန်အထိ လူကြိုက် များတုန်းပါပဲ။ ပထမဆုံး ဦးးစားပေးပြီး သေချာ ပေါက်မဲပေးမယ်လို့ ဆုံးဖြတ် ထားတဲ့ မဲဆန္ဒရှင် ၁၄ ရာ ခိုင်နှုန်း ရှိတယ်။ ဒီ ကိန်းဂဏန်းဟာ လျှော့ပြထားတဲ့ ကိန်းဂဏန်း ဖြစ်တာ သေချာတယ်။ (ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အတော်များများက အခုအချိန် အထိ သူတို့အဝါမီ အဖွဲ့ချုပ် ကို ထောက်ခံတယ် ဆိုတာကို ဝန်မခံချင်ကြဘူး။) အဝါမီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မိုဟာမက် အာရာ ဖတ်က နိုင်ငံ့ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခုချိန်ထိ တိုင်အောင်  သူတို့ပါတီကို စာနာမှု ရှိနေကြတယ်လို့ အခိုင်အမာဆိုတယ်။

ယမန်နှစ်က တော်လှန်ရေး ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ပါတီဝင်နဲ့ သူတို့ပါတီကို ထောက်ခံသူ  ၂၄ ယောက်ဟာ ဖမ်းဆီးခံထားရချိန် အချုပ်ထဲမှာတင် သေဆုံးခဲ့ရတယ်လို့ အဝါမီ အဖွဲ့ချုပ်က ဆိုပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကတော့ ကြားဖြတ် အစိုးရဟာ အဝါမီပါတီ ထောက်ခံသူတွေကို အရင်အစိုးရခေတ်က နိုင်ငံရေး အတိုက်အခံတွေ ကို ကြမ်းကြမ်း တမ်းတမ်း နှိမ်နင်း ဖြိုခွင်းတဲ့ နည်းလမ်းမှာ ပါဝင်ခဲ့တဲ့သူတွေလို့ တွက်ပြီး စိတ်ကူးပေါက်သလို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲ ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသူ နိုင်ငံသားတွေကို စည်းလုံး ညီညွတ်စေပြီး ပြစ်ဒဏ်တွေ မချမှတ်ဖို့အရေးမှာ တာရှည်ခံမယ့် အပြောင်းအလဲတော့ လိုအပ်လိမ့်မယ်လို့  လန်ဒန် ဘောဂဗေဒကျောင်းက တရား ဥပဒေပညာရှင် အာရာဖတ်ခန်းက ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း တောင်အာဖရိကနိုင်ငံက နယ်လ်ဆင်မင်ဒဲလား ပြန်လာသလို အချိန်ကလေး တစ်ချိန် ဖြစ်လာဖို့ အတော့်ကို အရေးတကြီး လိုအပ်နေပါပြီလို့ သူက ဆိုပါတယ်။

စာကိုး – “The more things to change”, The Economist, June  2025

Click to rate this post!
[Total: 0 Average: 0]