The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

မေတ္တာဖြင့် ကျော်ဖြတ်သော ကီလိုမီတာ ၃,၇၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးရှည်

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေအနေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ တင်းကျပ်တဲ့ အရေးယူမှုတွေကြောင့် အတော်လေးကို ပူပြင်း လောင်ကျွမ်း နေချိန်မှာပဲ၊ လိမ္မော်ရင့်ရောင် သင်္ကန်းတွေ ဆင်မြန်းထားတဲ့ ဗုဒ္ဓဘာသာရဟန်းတော် ၂၄ ပါးရဲ့ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း” (Walk for Peace) ခရီးစဉ်ဟာ ဝါရှင်တန်ဒီစီကို အင်္ဂါနေ့မှာ ရောက်ရှိ အဆုံးသတ်ခဲ့ပါတယ်။ သုံးလကြာ ခရီးကြမ်း ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၃ လကျော်က တက္ကဆက်ပြည်နယ်မှာ စတင်ခဲ့တာပါ။ သံဃာတော်တွေဟာ တက္ကဆက်၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေကို ဖြတ်သန်းပြီး ပြည်နယ် ၉ ခုမြောက်ဖြစ်တဲ့ ဝါရှင်တန်ဒီစီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ […]

မေတ္တာဖြင့် ကျော်ဖြတ်သော ကီလိုမီတာ ၃,၇၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးရှည် Read More »

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ

ဒေါ်နယ်ထရမ့်ဟာ လူလိမ်လား၊ သမ္မတရာထူးနဲ့ ထိုက်တန်သူ ဟုတ်ရဲ့လား။ ၂၀၂၆ ခုနှစ်ဆန်းချိန်ရဲ့ ထူးခြားချက်ကတော့ အမေရိကန်ပြည်သူအများစုကြီးခမျာ ကြီးမားလှတဲ့ နောင်တကို ရင်မှာ ပိုက်မိနေလျက်သား ဖြစ်နေခြင်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ (၄၇) ယောက်မြောက် သမ္မတအဖြစ် ‘ဒေါ်နယ်ထရမ့်’ ကို ဒုတိယအကြိမ် ထပ်မံရွေးချယ်မိခဲ့တဲ့အတွက် အကြီးအကျယ်မှားကြောင်း သိရှိလာကြပြီးနောက် အတော့်ကို နောင်တရနေကြရပြီ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးရာ မူဝါဒပြဿနာတွေနဲ့ နိုင်ငံခြားရေး မူဝါဒအလွဲတွေကို လေ့လာကြည့်ရင် ဒီမိုကရေစီစနစ် ဖြိုဖျက်ခံနေရတာ ထင်ရှားလာနေတယ်။ လက်သည်တရားခံက တခြားသူမဟုတ်၊ ‘ဒေါ်နယ်ထရမ့်’ ဖြစ်နေတာ တွေ့ရတယ်။ ထရမ့်ရဲ့ ရမ်းကားမှုတွေကြောင့် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အဓိက နိုင်ငံရေးပါတီကြီး ၂ ခု အကြားမှာလည်း ပဋိပက္ခတွေ

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈)

၂၀၂၆ မှာ ဒုက္ခရောက်နေကြသူတွေ အထဲ ကုလလည်းပါ ဦးမိုး – ဟေ့ ကိုတိုး ကျွန်တော် ဒီမှာဗျ။ ထိုင် ထိုင်။ ခင်ဗျား စားချင်တာသာ တန်းမှာလိုက်ပေတော့။ ကျွန်တော်တော့ မှာပြီးသွားပြီ။ ဦးတိုး – ကျေးဇူးပါပဲဗျာ။ အိမ်မှာ စီစဉ်စရာလေးတွေ စီစဉ်ပေးခဲ့ရတော့ နည်းနည်း နောက်ကျသွားတယ်။ ဦးမိုး – ရပါတယ်။ ခင်ဗျားကို မျှော်နေတာ။ မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း အရင်က မကြားဖူးတာတွေ ကြားလိုက်ရလို့။ ခင်ဗျားက နှံ့နှံ့စပ်စပ် ဆိုတော့ သိများသိမလားလို့။ ဦးတိုး – ပြောပါဦး ဘာလဲဗျ။ ဦးမိုး – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ဒုက္ခရောက်ကြသူတွေအထဲမှာ နောက်တစ်ယောက် တိုးလာတဲ့ ကုလသမဂ္ဂအကြောင်းလေ။ ဦးတိုး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈) Read More »

ကမ်းမမြင် လမ်းမမြင်

“ပြောရမှာတော့ အားနာပါတယ် သားရယ်၊ တကယ်တော့ မျိုးရိုးဗီဇဆိုတာ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရဘူး မဟုတ်လား၊ သားရဲ့ ကံကြမ္မာကလည်း လူ့ဘဝ ရောက်လာကတည်းက ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိလျက်သား ဖြစ်သွားတာကိုး၊ သားရဲ့ အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ ဒါပေမဲ့ သားအတွက်က မပြေးသော်ကံရာရှိဆိုတာလို ဖြစ်နေတယ်လေ” ကျောင်းအမကြီး၏ စကားသံက ကြမ်းတမ်းခက်ထန်မှု မရှိသော်လည်း စိမ်းဆတ်ခါးသီးစွာ ကြားလိုက် ရသည်။ တကယ်တော့ မောင်ဖြိုးဝေ လာတွေ့တာက ကျောင်းအမကြီးမဟုတ်။ ခါတိုင်းဆို “သမီးရေ.. မောင်ဖြိုးဝေ လာတယ်ဟေ့” ဆိုပြီး အလိုက်သိသိ ဧည့်ခန်းမှ ထွက်သွားနေကျ။  ခုတော့  သူနားမလည်သော ဘာသာစကားကို ရေရွတ်ပြောဆိုသလိုမျိုး ကြားနေရသည်။ လုံးစေ့ပတ်စေ့ နားမလည်သော်လည်း “ကျောင်းအမ ကြီး၏ စကားနောက်ဆွယ်တွင် ကံကြမ္မာ အရိပ်မည်းကြီးသည် ထက်ကြပ်မကွာ

ကမ်းမမြင် လမ်းမမြင် Read More »

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ

ယနေ့ကာလမှာ  တစ်ကိုယ်တော် အောင်မြင်အောင် လုပ်ကိုင်တဲ့  စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်  (“Solopreneur”)  တွေ ပေါ်ထွက်လာနေပါတယ်။ အရင်က ကုမ္ပဏီကြီးတစ်ခု ဖြစ်ဖို့ဆိုရင် ဝန်ထမ်းတွေ အများကြီး လိုပါတယ်။ ဒါပေမဲ့  AI ခေတ်မှာတော့ လူတစ်ယောက်တည်းက ဝန်ထမ်းရာဂဏန်း လုပ်ရမယ့်အလုပ်တွေကို AI နဲ့ ခိုင်းပြီး ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ (Unicorn) ကုမ္ပဏီအထိ ဖြစ်အောင် တည်ဆောက်လာနိုင်တာကို ဆိုလိုတာပါ။ စီးပွားရေးလောကမှာ Unicorn Startup  ကုမ္ပဏီ ဆိုတာ တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တဲ့ ကိုယ်ပိုင် စီးပွားရေး (Startup) ကုမ္ပဏီကို ခေါ်တာပါ။ ဒီလိုမျိုး အောင်မြင်ဖို့က အလွန် ခဲယဉ်းတဲ့အတွက် Unicorn လို့ တင်စား ခေါ်တာ ဖြစ်ပါတယ်။ Startup

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ Read More »

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု

လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ တကယ့် အံ့ဖွယ်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ခင်ဗျား ထင်သလိုတော့ မဟုတ်ပါဘူး။ လိပ်ပြာတောင်ပံသက်ရောက်မှုကို ရုပ်ရှင်တွေ၊ စာအုပ်တွေ နဲ့ လူမှုကွန်ရက် မီဒီယာ ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေက သိပ္ပံပညာရှင်တွေ အနာဂါတ်ကို ခန့်မှန်းတဲ့နေရာမှာ သုံးတာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အမ်အိုင်တီ (MIT) မိုးလေဝသပညာရှင် အက်ဒဝပ်ဒ် လောရန့်ဇ် က ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ ပရိုဂရမ် တစ်ခုရေးဆွဲခဲ့တယ်။ သူ့ရဲ့ နမူနာ မော်ဒယ်ထဲမှာ ကိန်းရှင်တွေ ဒါဇင်ချီ သုံးရပြီး အဲဒီထဲက တန်ဖိုး တစ်ခုက ၀.၅၀၆၁၂၇ ဖြစ်တယ်။ သူက ကွန်ပျူတာထဲက မော်ဒယ်ကို နောက်တစ်ခါ ထပ်တွက်ခိုင်းတဲ့အခါမှာ တန်ဖိုးကို ၀.၅၀၆

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု Read More »

လက်ခုပ်တီးခြင်း အနုပညာ

များသောအားဖြင့် “Got Talent” ဟုခေါ်သည့် တစ်ဦးချင်း (သို့) အုပ်စုလိုက် စွမ်းရည် ပြိုင်ပွဲများ မျိုးစုံကို ကြည့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသည့် အချိန်မျိုးတွင်ဖြစ်သည်။ ထိုပြိုင်ပွဲပေါင်းများစွာသည် youtube ပေါ်တွင် အများကြီး ရှိပါသည်။ နာမည်ကြီးသည့် Britain’s Got Talent နှင့် America’s Got Talent – AGT ဟုခေါ်သည့် စွမ်းရည်ပြိုင်ပွဲများကို ကျွန်တော် ကြည့်ဖြစ်သည်။ ထိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သူ၊ အကဲဖြတ်ဒိုင်လူကြီး၊ အားပေး သည့်ပရိသတ် စသည့်အားလုံးကို သဘောကျမိသည်။ Got Talent အစီအစဥ်ကို စီစဥ်သူ ဆိုင်မွန် ကောင်ဝဲလ် (Simon Cowell) က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို “Got Talent”

လက်ခုပ်တီးခြင်း အနုပညာ Read More »

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ

A Midsummer Night’s Dream Act 5, Scene 1 သူရူး၊ ချစ်သူနှင့် ကဗျာဆရာ Lovers and madmen have such seething brains, Such shaping fantasies, that apprehendMore than cool reason ever comprehends.The lunatic, the lover, and the poetAre of imagination all compact.One sees more devils than vast hell can hold—That is the madman. The lover, all as frantic,Sees Helen’s beauty

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ Read More »

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ

အင်းသား တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေး ကန် အတွင်း၌ အများဆုံး နေထိုင်ကြပါသည်။ အင်းသားတို့သည် တိဗက် – မြန်မာ ဘာသာစကား အုပ်စုဝင်များဖြစ်ပြီး အင်းသားတို့၏ စာပေမှာ ပုဂံခေတ် မြန်မာစာပေနှင့် များစွာတူညီ၍ ထားဝယ် စကားနှင့် နီးစပ်ပါသည်။ မိမိတို့ကိုယ်ကို “အဲင်းဆား” ဟု ခေါ်ကြပါသည်။   အင်းသားတို့၏ ဝတ်စား ဆင်ယင်မှုမှာ အမျိုးသားများ သည် ပင်နီရောင် တိုက်ပုံ၊ အတွင်း၌ ရှပ်အင်္ကျီအဖြူနှင့် ရှမ်းဘောင်းဘီကို ဝတ်ဆင်၍ ပန်းရောင်ခေါင်းပေါင်းကို ပေါင်းကာ အင်းတိုင်းရင်းသား အလံပုံပါရှိသော လွယ်အိတ်ကို လွယ်ကြပါသည်။ အမျိုးသမီးများမှာ ပင်နီရောင် ရင်ဖုံး၊ ရင်စေ့ အင်္ကျီနှင့် အင်းရိုးရာပတ်လည်စင်း ပါရှိသော ထဘီတို့ကို ဝတ်ဆင် ကြပါသည်။

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ Read More »

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ

၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ် စတင်ချိန်ကစပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အရာရှိတွေ နဲ့ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် (အမေရိကန်-ရုရှား-ယူကရိန်း) အစည်းအဝေးမတိုင်ခင်မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအနေနဲ့ သူတို့တောင်းဆိုထားသလို နယ်မြေဆိုင်ရာ တောင်းဆိုမှုတွေကို မလိုက်လျောခဲ့ရင် ယူကရိန်းအပေါ် စစ်ဆင်မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အထူးသံတမန် စတိဝစ်ကော့ နဲ့ သမ္မတထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျရက်ကူရှ်နာတို့ကို “နယ်မြေ ဆိုင်ရာ ပြဿနာကို မဖြေရှင်းပဲနဲ့ ရေရှည်ဖြေရှင်းချက်ကို မျှော်လင့် နေတာဟာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုခဲ့တာကို ရုရှား အကြီးတန်း အရာရှိ တစ်ဦးက ပြန်ပြော ခဲ့ပါတယ်။ သမ္မတ ပူတင်ရဲ့ နိုင်ငံခြားရေး

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ Read More »