The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ

တစ်ချိန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့သည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးတည့်သည်ဟု သဘောမထားကြတော့ပေ တိုက်ခိုက်ရေး ရဲမေတွေနဲ့ ဂုဏ်ယူခဲ့ရတဲ့ ကာ့ဒ်လူမျိုးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဟာ ယူဖရေးတီး မြစ်ကမ်းပါးမှာပဲ ဆွဲချ ခံလိုက်ရပါတယ်။ အမေရိကန်က ထောက်ပံ့ ကူညီပေးထားတဲ့ သူတို့ရဲ့ ဟမ်းဘီး ကားတွေကိုလည်း လမ်းဘေးမှာပဲ စွန့်ပစ် ထားခဲ့ ကြတယ်။ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (Islamic State – IS)ကို တိုက်ခိုက်ရာမှာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ရခဲ့တဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces – SDF) ဟာ ရက်ပိုင်း အတွင်းမှာပဲ ပြိုကွဲ သွားခဲ့ရတယ်။ ဆီးရီးယားမှာ […]

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ Read More »

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ

ပြီးခဲ့တဲ့နှစ် ကုန်ခါနီးလောက်က နီပေါနိုင်ငံက နာမည်ကြီး နိုင်ငံရေးသမား သုံးယောက် ယှဉ်တွဲပြီး လမ်းလျှောက်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့တယ်။ အဲဒါကို ကြည့်ပြီး လူတွေက မကြာခင်လာတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် သူတို့တွေ နိုင်ငံရေး မဟာမိတ် အသစ်ဖွဲ့လိုက်ကြပြီလားဆိုပြီး ထင်ကြေးတွေပေး ဝိုင်းပြီးတော့ ခန့်မှန်း ခဲ့ကြတာပေါ့။ ဒါပေမဲ့ အပြင်မှာ ဗီဒီယိုထဲကလို သူတို့သုံးယောက် ဆုံတွေ့ခဲ့ကြတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြောချင်တာက အဲဒီဗီဒီယိုက အေအိုင်နဲ့ လုပ်ထားတာ ဖြစ်နေတဲ့ အတုကြီးပါ။ အဲဒီဗီဒီယိုထဲမှာပါတဲ့သူတွေကတော့ ရက်စထရီယာ ဆွာတန်ထရာ (Rastriya Swatantra)၊ ပါတီခေါင်းဆောင် ရာဘီ လာမီချ်ဟန်း (Rabi Lamichhane)၊ ခတ္တမန္ဒူမြို့တော်ဝန်ဟောင်း ဘလန်ဒရာ ရှား (Balendra Shah)

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ Read More »

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ

“အာရှ အလယ်ပိုင်း ဒေသရဲ့ အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုလုံးဟာ စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူနဲ့ပဲ အလုပ်လုပ် တတ်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန်သမ္မတကြီး ထရမ့်ရဲ့ မျက်နှာပေးတာ ခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာပါ” ထရမ့်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုတာ ဘာလဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ဆိုတာကြီးက အတိအကျ ဘာလုပ်မှာလဲဆိုတာ အခုထိတော့ ဝေဝေဝါးဝါးပါပဲ။ ဒါပေမဲ့ ဒါကို ဂရုမစိုက်ဘဲ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ လက်မှတ်ထိုးဖို့ အပြေးအလွှား တက်ကြွ နေကြတယ်။ မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) အတွင်း သီးခြား အစီအစဉ်တစ်ခုအဖြစ် ကျင်းပတဲ့

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ Read More »

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော်

သူ့နာမည်ကသည်ပင်လျှင်အငြင်းပွားစရာဖြစ်သည်။ နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားနိုင်ငံက အုပ်စိုးသူ အသိုက်အဝန်းတွေဟာ သူတို့နိုင်ငံက ထာဝရ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း နဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မပုပ်မသိုးအောင် ဆေးစီရင်ထားတဲ့ ရုပ်ကလာပ်တွေ ထားရှိရာ ပြုံယမ်းမြို့တော်ရှိ ခမ်းနားထည်ဝါလှတဲ့ အာဇာနည် ဗိမာန်ကြီးမှာ စုဝေး ခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင်နဲ့ ခေါင်းဆောင်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ကင်မိသားစုရဲ့ တတိယမြောက်မျိုးဆက် ကင်ဂျုံအန်းက သူရှေ့က ဆက်ခံခဲ့ရတဲ့သူတွေကို လာရောက် အလေးပြုတာ ဖြစ်တယ်။ သူ့ရဲ့ ညာဘက် ဘေးမှာ ရပ်နေတာက မိန်းခလေးငယ် တစ်ယောက်ဖြစ်ပြီး သီးသန့် အလေးအမြတ်ထားတဲ့ နေရာတစ်ခုအပေါ်က နေပြီး လူထုပရိသတ် ရှေ့မှောက်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ထွက်ပြတာလည်း ဖြစ်တယ်။ ဒီ ဆယ်ကျော်သက် အရွယ် မိန်းခလေးကတော့ မြောက်ကိုရီးယား

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော် Read More »

တရုတ်ပြည်က အသံများ

ဒီရက်အတွင်း တရုတ်ပြည်က အသံတွေ ကြားလာရတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားက အာဏာလွန်ဆွဲပွဲ သတင်းအစအနတွေပါ။ သိကြတဲ့အတိုင်း ကွန်မြူနစ်ပါတီတွေဟာ အင်မတန် လျှို့ဝှက် သိုသိပ် တတ်ကြပါတယ်။ ပါတီတွင်း ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာ အပြင်ကလူတွေ ဘယ်လိုမှ ဂဃနဏ မသိနိုင်ကြဘူး။ မှန်းဆချက်နဲ့ ပြောတာ။ ပုံကြီးချဲ့ပြောတာ။ လိုသလို ပြောတာ စတဲ့ အချက်အလက်အလွဲတွေဟာ အပြင်ကို ရောက်လာလေ့ ရှိကြတယ်။ ဒါပေမဲ့ မီးမရှိဘဲ မီးခိုး မထွက်ဘူး ဆိုသလို တကယ် မဖြစ်ဘဲလည်း အပြင်ကို သတင်းတွေ စိမ့်ထွက် လာစရာ အကြောင်းမရှိဘူး။ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အနီးကပ်ဆုံး လက်ရုံးလည်းဖြစ်။ မိတ်ဆွေလည်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားကို ရာထူးကဖယ်ရှားပြီး

တရုတ်ပြည်က အသံများ Read More »

I.C.E ရဲ့ ကျည်ဆန် ထရမ့်ကိုမှန်

ဗီဒီယိုကို မြင်လိုက်လိုက်ရခြင်းမှာ သမင်တစ်ကောင်ကို ခွေးအတွေ ဝိုင်းဆွဲနေ ကြတဲ့ Animal Planet ထဲက မြင်ကွင်းလို့ ထင်လိုက်မိပါတယ်။ သေချာကြည့်တော့မှ လူတစ်ယောက်ကို ယူနီဖောင်းဝတ် အခြား လူခြောက်ယောက်လောက်က ဝိုင်းဆွဲထိုးနှက်နေကြတာပါ။ အဲဒီလူ လဲကျ သွားခါနီးမှာ သေနတ်သံ ၁၀ ချက်လောက် ကြားလိုက်ရပြီး ဝိုင်းအုံနေတဲ့ယူနီဖောင်းဝတ်တွေက ပစ္စတိုတွေ အသင့်အနေအထားနဲ့ တဖြည်းဖြည်း နောက်ကို ဆုတ်သွားချိန်မှာ ခုနလူက ပက်လက်လန် လဲကျနေတာကို တွေ့လိုက်ရပါ တယ်။ ဘေးနားက အသံတွေမှာ “နင်တို့ဘာလုပ်တာလဲ၊ နင်တို့ ဘာလုပ်လိုက်ကြတာလဲ” ဆိုတဲ့အသံ တွေကြားနေရပါတယ်။ အစကနေ ပြန်ကြည့်လိုက်တဲ့အခါ ခေါင်းစွပ်ဆောင်းထားတဲ့ လူတစ်ယောက်က ဖုန်းကို လက်တစ်ဖက် နဲ့ကိုင်ရင်း ဗီဒီယိုရိုက်နေပါတယ်။ ကျန်လက်တစ်ဖက်က လာနေတဲ့ကားကို ဆက်လာဖို့ လက်ပြနေပါ တယ်။

I.C.E ရဲ့ ကျည်ဆန် ထရမ့်ကိုမှန် Read More »

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား

၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ သန်းခေါင်ကျော် လင်းအားကြီးအချိန်မှာ အမေရိကန်စစ်လေယာဥ် ၁၅၀ကျော်ဟာ ကရာကက်(စ)မြို့ကို လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သလို အရပ်သားတွေနဲ့ လူနေအိမ် အဆောက်အအုံများစွာလည်း မီးလောင်ပျက်စီးပြီး အရပ်သားအများအပြားလည်း သေဆုံးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်စစ်သား ၂၀၀နီးပါးဟာ ကရာကက်(စ)မြို့တွင်းကို ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်(စ)မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာဖလော်ရက်(စ)တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးခဲ့ရာမှာ ထရမ့်က အကြောင်းပြချက်ပေးရာမှာတော့ သမ္မတ မာဒူရိုနဲ့ ဗင်နီဇွဲလားကို အုပ်ချုပ်နေသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေ လုပ်နေတယ်၊ မူးယစ်ဆေးတွေကို အမေရိကန်နိုင်ငံအတွင်းကို ခိုးသွင်းနေတယ်၊ သူ့ပြည်တွင်းမှာလည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်နေတယ်၊ အဂတိ လိုက်စားမှုတွေ ကျူးလွန်နေတယ်စတဲ့ အကြောင်းပြချက်တွေကို ပေးခဲ့ပါတယ်။ သို့ပေမဲ့ သိပ်မကြာမီမှာပဲ အမေရိကန်သမ္မတထရမ့်က သူရဲ့အဓိကရည်မှန်းချက်ကို ထုတ်ဖော်ပြောခဲ့တယ်။ ထရမ့်အစိုးရက

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား Read More »

‘ဒေါ်နယ်ထရမ့်’ လက်ချက်နဲ့ ကွဲအက်စပြုနေတဲ့ ကမ္ဘာကြီး

အမေရိကန်တွေ သမ္မတရွေးချယ်မှု အမှားဒဏ် တစ်ကမ္ဘာလုံး ခံနေရ ကမ္ဘာကြီးဟာ အသည်းအသန် နာမကျန်းဖြစ်နေပြီ ဖြစ်တယ်။ ပြဿနာခပ်သိမ်းရဲ့ အဓိက လက်သည်ကတော့ အမေရိကန်ပြည်ထောင်စုက ‘ဒေါ်နယ်ထရမ့်’ကို သမ္မတအဖြစ်ရွေးချယ်ခဲ့လို့ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ စူပါ-ပါဝါ နိုင်ငံကြီးဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုအတွက် ပဓာနကျတဲ့ ဆုံချက်လိုဖြစ်နေတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး-စီးပွားရေးတည်ငြိမ်မှုဟာ ကမ္ဘာကြီး တစ်ခုလုံးအတွက် အရေးပါနေခဲ့တာ ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ဗဟိုပြုစဉ်းစားတဲ့ ‘ဒေါ်နယ်ထရမ့်’ လို လက်ယာအစွန်း ရောက် ‘အမေရိကန်-ပထမ’ အယူဝါဒသမားကို သမ္မတအဖြစ်ရွေးချယ်ခဲ့ခြင်းဟာ အလွန်ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြ တာဖြစ်တယ်။ အမေရိကန် ပြည်သူတွေက ဒေါ်နယ်ထရမ့်ကို ရွေးချယ်ခဲ့တာဖြစ်ပေမယ့် အဲဒီ အမှားရဲ့ ဒဏ်ဟာ လက်ရှိ အခြေအနေမှာ

‘ဒေါ်နယ်ထရမ့်’ လက်ချက်နဲ့ ကွဲအက်စပြုနေတဲ့ ကမ္ဘာကြီး Read More »

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၇)

နောက်လာတဲ့ မောင်ပုလဲများ ဦးမိုး – လာဗျ လာပါဗျ ခင်ဗျား မျက်နှာလည်း ပြုံးဖြီးဖြီးကြီးနဲ့ ဘာဖြစ်လာတာတုံးဗျ။ ဦးတိုး – ကျွန်တော်တို့ ဒီတစ်ခါပဲ တစ်ပြိုင်နက် လက်ဖက်ရည်ဆိုင်ကို ရောက်ကြတယ်နော်။ ခင်ဗျား မြင်သလို ကျွန်တော့်မျက်နှာ ဖြစ်နေတာက တခြား ဟုတ်ရိုးလားဗျာ။ အခုပဲ မနက်စောစော ကမ္ဘာ့သတင်းတွေ ဖတ်ပြီး ထွက်လာတာ။ ဘာပြောရမှန်း မသိရလောက်အောင်ကို ဖြစ်တယ်ဗျာ။ အမှန်ကတော့ ပြုံးနေတာ မဟုတ်ပါဘူး။ ဘယ်လိုထားရမှန်း မသိလို့ကို ဒီလိုဖြစ်နေတာ နေမှာ။ ဦးမိုး – ခင်ဗျား ဘာပြောချင်တယ်ဆိုတာကိုတော့ သိသလိုလိုပဲ။ အတူတူပါပဲဗျာ။ ကျွန်တော်လည်း ဒီရက်ပိုင်း သတင်းတွေ ဖတ်မိပါတယ်။ ၂၀၂၆ ခုနှစ်အစကတည်း စလိုက်တဲ့ ပြဿနာတွေဆိုတာ ကမ္ဘာတစ်လွှား နည်းရော့လားဗျ။ ဦးတိုး

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၇) Read More »

ယိမ်းတနွဲ့နွဲ့

“ကိုတိုးလှ ရှိပါသလား” အိမ်ရှေ့မှ ဧည့်သည်အသံကြောင့် ထမင်းအိုး ကမန်းကတန်းတည်ရင်း ထွက်လာခဲ့သည်။ ဖြူဖြူသွယ်သွယ် အနီမလေးနှင့် ခပ်တုတ်တုတ် အညိုရင့်မတို့ကို တွေ့ရသည်။ “ထိုင်ကြပါခင်ဗျ” အညိုရင့်မ၏ နှာခေါင်းရှုံ့ဟန်ကို ကြည့်လိုက်ရင်း တိုးလှ ပြုံးလိုက်မိသည်။ လောကွတ်စကားသာ ဆိုလိုက်ရ သော်လည်း နေရာထိုင်ခင်းက အဆင်သင့်မဖြစ်။ ဖရိုဖရဲနှင့် ပွဲပျက်နေသည်။ ခြင်ထောင်ကို ကမန်းကတန်း သိမ်းလိုက်ရင်း ခေါင်းအုံးပေါ် ပြီးစလွယ်တင်လိုက်သည်။ စောင်ကို လုံးထွေးကာ ခေါင်းရင်းဘက် ပစ်တင် လိုက်သည်။ တစ်လုံးတည်းသော ကုလားထိုင်ကို ခုတင်ခြေရင်းဘက် ဆွဲယူသည်။  “အခန်းကျဉ်းကျဉ်းလေးထဲမှာ နှစ်ယောက်တည်း ဖြစ်သလို နေကြတာမို့ ဧည့်သည်အတွက် နေရာထိုင်ခင်း အဆင်သင့် မဖြစ်တာ ခွင့်လွှတ်ပါ” “ရပါတယ်၊ ကျွန်မတို့ကလည်း ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကို ကြည့်ပြီး စောစောစီးစီး  လာဒုက္ခပေးရတာကိုး

ယိမ်းတနွဲ့နွဲ့ Read More »