ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး
ပညာရေးနယ်ပယ်မှာ သင်ယူခွင့် အခွင့်အလမ်းတွေ တဖြည်းဖြည်း ပိုများလာတာ ဝမ်းသာစရာပါ။ ဟိုနေရာ၊ ဒီနေရာ စသည်အားဖြင့် နေရာ အတော်များများမှာ အခွင့်အလမ်းတွေများလာတဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာစတဲ့သင်တန်းတွေတက်လိုသူတွေအတွက် အရင်ကထက် အခွင့်အလမ်း ပိုများလာတယ်လို့ ပြောရင် ရနိုင်မှာပါ။ ပညာရေး အဖွဲ့အစည်းတွေထူထောင်လာကြတာတွေရှိသလို ထူထောင်ထားတဲ့တက္ကသိုလ်၊ ကောလိပ် တွေမှာလည်း သင်တန်းအမျိုးအစားအသစ်တွေ တိုးတိုးဖွင့်ကြတာတာတွေရှိတာပေါ့။ ဒါ့ထက်ပိုတာက သင်ကြားမှု ပုံစံတွေပါ ပြောင်းလာကြတာပါ။ ဟိုအရင်ကတော့ တက္ကသီလာ မြကျွန်းသာဆိုတာ အဝေးသင် တက္ကသိုလ်တွေကလွဲလို့ ကျောင်းပရိဝုဏ်ထဲ ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါက်အောင် ဥဒဟိုသွားနိုင်မှ ကျောင်းတော်သားအဖြစ် ရောက်ရတာ မဟုတ်လား။ အခုနောက်ပိုင်းကျတော့ အခြေအနေအကြောင်းကြောင်း တွေရဲ့တွန်းပို့မှုအရ ရာနှုန်းပြည့် အွန်လိုင်းစနစ်နဲ့ ဖွင့်ပေးတာမျိုးတွေတောင် ရှိလာကြပြီ။ အွန်လိုင်းစနစ်ဆိုတာက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အလှမ်းကွာနေတဲ့ […]
ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး Read More »









