The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အီရန် ပြိုနိုင်သလား

(၁) အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမ ဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ် နေပြီ ဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။ ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ် လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထား လိုက်ပြီ ဆိုတဲ့ အတွက် ကမ္ဘာကြီးက စိတ်လှုပ် ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာတယ်။ အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ (၂၈) ရက်မှာ […]

အီရန် ပြိုနိုင်သလား Read More »

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ

တောင်ကိုးရီးယား သမ္မတက မြောက်ကိုရီးယား နဲ့ တင်းမာမှုတွေကို လျှော့ချချင်နေပါတယ် တောင်ကိုးရီးယားနိုင်ငံသား “ကင်ချမ်းဝှမ်” (Kim Chang Hwan) ဟာမြောက်ကိုးရီးယားနယ်စပ်အနီးမှာရှိတဲ့ ဒေဒေါင်းရီ (Daedong-ri) ရွာကသူ့အိမ်မှာ ညအိပ်ရာဝင်တိုင်းအသံတွေ မကြားရအောင် တပ်ထားတဲ့ နားဆို့ပလတ် (earplugs) တွေနဲ့ နားနှစ်ဖက်ကို ဆို့ပိတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီး တောင်ကိုးရီးယား အာဏာပိုင် တွေဟာ မြောက်ကိုးရီးယား နယ်စပ်တစ်လျှောက်မှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကြီးတွေကနေ တစ်ဆင့် တောင်ကိုးရီးယား ခေတ်ပေါ် ကေပေ့ါ (K- pop) သီချင်းတွေနဲ့ သတင်းတွေကို မြောက်ကိုးရီးယားဘက်ကို ထုတ်လွှင့် နေပါတယ်။ မြောက်ကိုးရီးယားကလည်း နယ်စပ် တစ်လျှောက်မှာ အလားတူ အသံချဲ့စက်တွေ တပ်ဆင်ပြီး တိရစ္ဆာန် မျိုးစုံရဲ့ အော်သံတွေ ကျောချမ်းစရာ တဝီဝီမြည်သံတွေကို

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ Read More »

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား

ပါတီတွေဟာ အခမဲ့ ကမ်းလှမ်းမှုတွေနဲ့ မက်လုံးပေးပြီး ဖေဖော်ဝါရီ (၈) ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြတယ် ကလေး တစ်ယောက် မွေးလာရင် ဒေါ်လာ နှစ်ထောင် ထောက်ပံ့ပေးမယ်၊ ပြည်သူတွေမှာ တင်နေတဲ့ အကြွေးတွေ အားလုံးကိုလည်း လျှော်ပစ်ပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကိုတွေ ကို တစ်လကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၆,၃၀၀ ဖိုး ငွေသားနဲ့ ကူညီမယ်လို့ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကာလမှာ နည်းလမ်းမျိုးစုံနဲ့ မဲပေးကြမယ့် ပြည်သူတွေကို ကမ်းလှမ်း မဲဆွယ်နေကြပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်၊ စီးပွားရေးက နှေးကွေးပြီး ရပ်လုမတတ် ဖြစ်နေချိန်မျိုး ဖြစ်တဲ့အတွက် ဒီလို

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား Read More »

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား

ဒီဖြစ်ရပ်ဟာ ထိုင်ဝမ်အတွက်ကတော့ လမ်းပြနမူနာ တစ်ရပ်မဟုတ်ပေမယ့် တရုတ်ရဲ့ ကမ္ဘာ ဩဇာအာဏာ ဖြန့်ကြက်မှုကို တကယ်ကန့်သတ်လိုက်တာပါပဲ။ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မှာ နီကိုလတ်စ် မာဒူရို အစီအစဉ်မရှိဘဲ ရုတ်တရက်တွေ့ဆုံ လိုက်ရတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ မဆုံခင် သမ္မတ မာဒူရိုနဲ့ တွေ့ဆုံဖို့ နောက်ဆုံး ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ ကတော့ တရုတ် ဝါရင့် သံတမန်တွေပဲ ဖြစ်ပါတယ်။ မစ္စတာ မာဒူရို ဟာ သူ့အိပ်ခန်းထဲကနေ ရုတ်တရက် ဆွဲပြီး ခေါ်သွားမခံရခင် နာရီပိုင်းအလို အချိန်လေးမှာတင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်တင် အမေရိက‌ ဒေသဆိုင်ရာ အထူး သံတမန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ “တရုတ်ပြည်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေ စည်းလုံး

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား Read More »

Good အရေးအခင်း

မင်နီယားပိုးလစ်စ်နဲ့ စိန့်ပေါ မြို့ညီနောင်ဟာ မင်နီဆိုးတား ပြည်နယ်ထဲမှာ ရှိပါတယ်။ မင်နီဆိုးတားဆိုတာ ရေကန်ပေါင်း ၁၀,၀၀၀ ရှိတဲ့မြေ လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီကန်ကြီးတွေထဲမှာ နာမည်ကျော် မစ္စစ္စပီမြစ်ကြီး မြစ်ဖျားခံရာ ကန်ကြီးလည်းပါပါတယ်။ ကနေဒါနဲ့ ထိစပ်နေတဲ့ မြို့ညီနောင် မင်နီးယားပိုးလစ်စ် နဲ့ စိန့်ပေါတို့ဟာ နိုင်ငံရပ်ခြားက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးပြီး နွေးထွေးစွာ ကြိုဆိုတဲ့နေရာမှာ နာမည်ကျော်ပါတယ်။ ၂၀၁၇ လောက်မှာဆိုရင် မြန်မာပြည်က ပြောင်းရွှေ့ အခြေချ လာတဲ့ ကရင် မိသားစု ၆,၀၀၀ လောက်ရှိပါတယ်။ အခြေချ နေထိုင်သူတွေထဲမှာ ဆိုမာလီယာနိုင်ငံက ဆိုမာလီလူမျိုးတွေ လည်းများပါတယ်။ မကြာသေးခင်က ဆိုမာလီယာ အမျိုးသမီး တစ်ယောက် ပြည်နယ်လွှတ်တော်မှာ အမတ်ဖြစ်လာပြီး ရွေးကောက်ခံရတဲ့ စိန့်ပေါ မြို့တော်ဝန် ဆိုရင် လည်း

Good အရေးအခင်း Read More »

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးဝါဒ”

၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မည်လား။ နှစ်ရဲ့ အစမှာတင် ခရစ်နှစ် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မယ်လို့ ဆိုရမယ့် အခင်းအကျင်းတွေ စတင်မြင်နေရ ပြီဖြစ်တယ်။ ၂၀၂၆ ခုနှစ်ဟာ စဖွင့်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲပြဿနာ၊ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အီရန်-အစ္စရေး ပြဿနာတွေကို အမွေဆက်ခံခဲ့ရတယ်။ အီရန် ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန် စွက်ဖက်မယ်လို့ ထရမ့်သတိပေးနေမှုကလည်း မြွေပူရာ ကင်းမှောင့်ဆိုသလို ဖြစ်နေတယ်။ အခြားတစ်ဖက်မှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ အကြား အင်ဒို-ပစိဖိတ် ဒေသအတွင်း ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြဿနာကလည်း စိုးရိမ်စရာ ဖြစ်နေ တယ်။ စိုးရိမ်စရာအကောင်းဆုံး ကိစ္စကတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒကို လက်ရဲဇက်ရဲ ကျူးလွန်လာနေမှု ဖြစ်တယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးဝါဒ” Read More »

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆)

လိုချင်ရင် အကုန်ယူမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဦးမိုး – ဟေ့ ကိုတိုး လာဗျ။ ဒီနေ့တော့ ကျွန်တော် နည်းနည်း စောတယ်။ ဦးတိုး – ကျေးဇူးပါဗျာ။ ဒီရက်ထဲ နေရ ထိုင်ရာတာ အေးနေတော့ နောက်ကျမှပဲ လမ်းလျှောက်ထွက်ဖြစ်တယ်။ ခင်ဗျားကတော့ တယ်ပြီး ဝီရိယ ကောင်းသကိုးဗျ။ ဦးမိုး – ဒီလိုလည်း မဟုတ်ပါဘူးဗျာ။ မနက်စောစော ထတာ အကျင့်ပါနေတော့ စောစောထ တရားလေးထိုင် ပုတီးစိပ် လုပ်ပြီးတာနဲ့ တန်းထွက်လာလိုက်တာ။ လူရှုပ်တာ မကြိုက်တဲ့ ကျွန်တော့်အတွက် စောစောထွက်တာ ပိုကောင်း သလိုပဲ။ သြော် ဒါနဲ့ ခင်ဗျားအတွက် လက်ဖက်ရည် နဲ့ မနက်စာ မမှာရသေးဘူး။ အေးကုန်မှာစိုးလို့။ ခင်ဗျား စားချင်တာ

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆) Read More »

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင်

အရောင်တွေကို ငါမြင်ပါတယ် Read More »

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား

ခရစ္စမတ်အတွက် လက်ဆောင်ပစ္စည်း ဝယ်ရတာ စိတ်ဖိစီးစရာပါပဲ။ ကုန်ကျစရိတ်များပြီး ဘာ‌ရွေးရမလဲ သိဖို့ခက်တာကိုး။ ဒါပေမဲ့ အဖြေက ကိုယ့်လက်ထဲမှာ ရှိပါတယ်။ စီးပွားရေးဆိုင်ရာ စဉ်းစားပုံတမျိုးအရ ခရစ္စမတ် လက်ဆောင်ဝယ်တာဟာ အရင်းအမြစ်တွေကို ထိရောက်မှုမရှိဘဲ ခွဲဝေသုံးစွဲခြင်း ဖြစ်တယ်။ ပိုက်ဆံပဲ ပေးလိုက်တာက ပိုကောင်းပြီး အားလုံးအတွက် အလုပ်ရှုပ်သက်သာတယ်လို့ အဲဒီသဘောတရားက ဆိုတယ်။ ဒီလို စဉ်းစားပုံ စဉ်းစားနည်းတွေ ခေတ်စားလာနိုင်ပါသလား။ ၁၉ ရာစုမှာ အဲလ်ဖရက်ဒ် မာရှယ် ဟာ အနားသတ်အသုံးဝင်မှု  နဲ့ အနားသတ်ကုန်ကျစရိတ် ဆိုင်ရာ နိယာမကို အကျဉ်းချုံး ဖော်ပြခဲ့ပါတယ်။ စားသုံးသူတွေဟာ ဆင်ခြင်တုံတရားရှိမယ်။ ကိုယ်ဝယ်မယ့်ပစ္စည်း အကြောင်းကို လည်း ကောင်းကောင်းသိမယ် ဆိုပါစို့။ အဲဒီပစ္စည်းဆီကရမယ့် ကျေနပ်မှုဟာ အနားသတ်ကုန်ကျစရိတ်နဲ့ အတူတူ ဒါမှမဟုတ် ပိုများမယ်ဆိုရင်

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား Read More »

မိတ်ဆက်စာ

(ဆရာကြီးသိပ္ပံစိုးလှသို့အမှတ်တရ) (၁) ကျွန်တော်သတိရနိုးထလာတဲ့အချိန်က နေ့လယ်ခင်း၊ နေရာက ကျွန်တော်မသိတဲ့ဆေးရုံကအဆောင်တစ်ခုထဲမှာဖြစ်သည်။ အဖြစ်အပျက်တွေ ကို ဆက်စပ်ကြည့်နိုင်သွားသည်နှင့် ချက်ချင်းလိုပဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ပြန်အမှတ်ရသွားသည်။ (ဟိုတယ်တစ်ခုမှာ ညစားပွဲထိုး လုပ်ရင်း သတိလစ်ပြီးလှေကားပေါ်ကနေ အောက်ကိုတလိမ့်ခေါက်ကွေးကျခဲ့တာ) အခု ဆန်တာမာရီယာ နူအိုဗာဆေးရုံက ပါမောက္ခဖရူဂိုနီရဲ့ ဖျားနာဆောင်မှာရောက်နေတဲ့အကြောင်း ခုတင်အနီးရောက်လာတဲ့ စစ္စတာ (သူနာပြုဆရာမကြီး) တစ်ယောက်ထံကသိရသည်။ စစ္စတာက သူ့ဂျူတီချိန်မှာ ကျွန်တော့်ကိုလာကြည့်တာဖြစ်သည်။ လူနာမှတ်တမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ကျွန်တော့်ကို စကားဆက် မပြောရန် သတိပေးသည်။ အလုပ်သင်ဆရာဝန်လေး ခုတင်ဘေးရောက်မလာမီအထိ ခုတင်ပေါ်လဲလျောင်းရင်း မဟုတ်ကဟုတ် ကအတွေးတွေ ကျွန်တော် တွေးနေမိသည်။ ဆရာဝန်လေးက ကျွန်တော့်ကိုရောဂါရာဇဝင်မေးသည်။ သူမေးပြီးသည်နှင့် ကျွန်တော်က စတုတ္ထနှစ် ဆေးကျောင်းသား ဖြစ်ကြောင်းသူ့ကိုပြောပြလိုက်သည်။ ဆရာဝန်လေးက အံ့သြသောမျက်နှာပေးနှင့် ကျွန်တော့်ဆေးမှတ်တမ်းကိုဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး ကျွန်တော့်ခေါင်းကို သူ့လက်နှင့်စမ်းကြည့်သည်။

မိတ်ဆက်စာ Read More »