အဖေ့ခြေမီတဲ့သား
အဂ္ဂါကီးရက် (၁၉၆၇- )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။ “ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။ ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။ အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့ […]









