The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၆)

မပြတ်မသား ဖြစ်နေသေးတဲ့ အစ္စရေး ရွေးကောက်ပွဲ အလွန် – ကိုတင်

အောက်တိုဘာလ (၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အစ္စရေး ရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ သို့သော်လည်း ပြည်သူအများ အင်တိုက်အားတိုက်ပေးခဲ့ကြသည့်တိုင် မဲများကို ပြီးဆုံးအောင် ရေတွက်ဖို့ကတော့ ရက်အနည်းငယ် ကြာမြင့်ပါဦးမယ်။ ရလဒ်များ ပြတ်ပြတ်သားသား ပေါ်ထွက်မလာခင်အထိ အစ္စရေးနိုင်ငံဟာ မရေရာ မသေချာတဲ့ ကာလတစ်ခုကို ဖြတ်သန်း နေရဦးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။ မဲပေးအပြီး ပြန်ထွက်လာသူများကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လက်ရှိ ဝန်ကြီးချုပ် ဘင်းဂျမင် နေတန်ယာဟုရဲ့ လက်ယာယိမ်း ပါတီနဲ့ အလားတူ ပါတီများ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကို တခဲနက်ထောက်ခံမှု မရတာကတော့ အသေအချာပင်။ နေတန်ယာဟုကို စိန်ခေါ်သူ ဂါဒီ အိုင်စင်ကော့ရဲ့ ပါတီ အုပ်စုများ ကလည်း ပြတ်ပြတ်သားသား အနိုင်မရပါ။ သို့သော် ဒါက စစ်တမ်းတွေရဲ့ ပြောပြချက်ပဲ […]

မပြတ်မသား ဖြစ်နေသေးတဲ့ အစ္စရေး ရွေးကောက်ပွဲ အလွန် – ကိုတင် Read More »

အကျပ်အတည်း ပိုမိုကြုံတွေ့လာရသည့် ဆော်ဒီအာရေဗျ –  ဖိုးစု

ယီမင်သူပုန်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ဆော်ဒီအာရေဗျနိုင်ငံသည် ထိရောက်သည့် ရွေးချယ်စရာ နည်းလမ်းကောင်း မရှိသည့် အခြေအနေဆိုက် ယီမင်နိုင်ငံသည် ၂ဝ၁၄ ခုနှစ်ကတည်းကစ၍ ပြည်တွင်းစစ်နွံအတွင်းသို့ ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနှင့် မျှော်လင့်ချက်အမဲ့ဆုံး နေရာများအနက် တစ်ခုဖြစ်လာခဲ့သည်။ ယင်းနိုင်ငံတွင် လူတစ်ဦးကျစီ၏ စုစုပေါင်း ပြည်တွင်းထွက်ကုန် (GDP) တန်ဖိုးမှာ မှာ ၅၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး မိသားစုအများစုမှာလည်း နိုင်ငံခြားက ကူညီထောက်ပံ့မှုများ မရရှိဘဲရှင်သန် ရပ်တည် နိုင်ခြင်းမရှိတော့ပေ။ အသက် ငါးနှစ်အောက် ကလေးငယ် နှစ်သန်းကျော်မှာ အာဟာရချို့တဲ့လျက်ရှိကြ သည်။ သို့သော်လည်း ဒေသတွင်း ပဋိပက္ခ၏ တစ်ဖက်တွင်ရှိပြီး အီရန်နိုင်ငံက ထောက်ခံ အားပေးထားသည့် ဟူသီ သူပုန်များသည် ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် တိုင်းပြည် အုပ်ချုပ်ရေးကို

အကျပ်အတည်း ပိုမိုကြုံတွေ့လာရသည့် ဆော်ဒီအာရေဗျ –  ဖိုးစု Read More »

ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် တောတွင်း ဥပဒေ – မောင်လူထွန်း

(ပုံစာ) ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် နာဗီ ပိလေး (အလယ်) သည် ၁၉၄၅ မှ ၁၉၄၆ ခုနှစ်အထိ ညူရင်ဘတ် စစ်ဆေးစီရင်မှုများ ပြုလုပ်ခဲ့သည့် ညူရင်ဘတ် တရားရုံး၌ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ဥက္ကဋ္ဌဟောင်း ဆဲလ်ဗီးယား ဖာနန်ဒက်ဇ် ဒီ ဂါမန်ဒီ (ဝဲ)၊ ညူရင်ဘတ် အပြည်ပြည်ဆိုင်ရာ မူဝါဒများ အကယ်ဒမီ၏ ဒါရိုက်တာ ခရစ္စတော့ဖ် ဆာဖာလင်း (ယာ) တို့နှင့်အတူ တွေ့ရစဉ်။ တောင်အာဖရိကနိုင်ငံမှ ဝါရင့်ဥပဒေပညာရှင် နာဗီ ပိလေးသည် “ညူရင်ဘတ် ဖိုရမ် ၂၀၂၆” ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း သူမ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်

ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် တောတွင်း ဥပဒေ – မောင်လူထွန်း Read More »

ဂျပန်-တရုတ် တင်းမာမှုနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပြဿနာ – ဇင်လင်း

ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိ စက်တင်ဘာ ၂၂၊ ၂၀၂၆ ရက်နေ့က  နယူးယောက်မြို့ရှိ   ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ဂျပန်နိုင်ငံကို ဒုတိယကမ္ဘာစစ် ပြီးစကတည်းက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ကျန်ရှိနေဆဲ ဖြစ်သော “ရန်သူနိုင်ငံ” (enemy state) အဖြစ် ရည်ညွှန်းထားချက်များကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။  ဂျပန်နိုင်ငံသည် စစ်ရှုံးပြီး ၁၁ နှစ်အကြာ ၁၉၅၆ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။  တာကာအိချိ က ဂျပန်သည် “ငြိမ်းချမ်းရေးကို မြတ်နိုးသော နိုင်ငံ” ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ခြင်းအပေါ်

ဂျပန်-တရုတ် တင်းမာမှုနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပြဿနာ – ဇင်လင်း Read More »