အနှောင့်အယှက်တွေရှိနေပြီလား
စီမံခန့်ခွဲသူတွေအနေနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ အရှိန်အဟုန် ဘယ်လောက်နဲ့ ရွေ့နေသလဲဆိုတာကို အမြဲသတိပြုနေဖို့ လိုပါတယ်။ အရှိန်အဟုန် ကောင်းကောင်းနဲ့ မောင်းနှင်လည်ပတ်နေတာ ဟုတ်ရဲ့လား၊ ရှေ့ကို ရောက်သင့်သလောက် ရောက်နေရဲ့လား ဆိုတာကို ကြည့်နေဖို့ လိုပါတယ်။ ဒီလိုလေ့လာသုံးသပ်နေရင်းနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်ငန်းယန္တရား လည်ပတ်မှုကို အဟန့်အတား၊ အနှောင့်အယှက်ပြုနေတဲ့ အရာတွေ၊ လုပ်ရပ်တွေ၊ အရှိန်အဟုန် ပျက်သွားအောင် ပြုနေတဲ့ အရာတွေ၊ လုပ်ရပ်တွေကိုပါ တစ်ပါတည်း ကြည့်နိုင်မြင်နိုင်၊ ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ လုပ်ငန်းခွင် တစ်ခုအတွက် ရင်ဆိုင်ကြုံတွေ့ရတဲ့ အနှောင့်အယှက် အဟန့်အတားလို့ ဆိုရာမှာ ကိုယ့်အဖွဲ့အစည်း တိုးတက်အောင်မြင်သွားမှာကို မလိုလား၊ မရှုစိမ့်နိုင်တဲ့သူတွေဆီက လာတဲ့ ပြင်ပ ပယောဂ တွေ ပါနိုင်သလို အတွင်းစည်းထဲက ကိုယ့်အဖွဲ့အစည်းဝင်တွေ ကိုယ်၌က […]
အနှောင့်အယှက်တွေရှိနေပြီလား Read More »









