The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

စင်္ကာပူက အပြိုင်အဆိုင် လောင်းကစားရုံ နှစ်ရုံ

မလေးရှားရဲ့ Genting က သူ့ရဲ့ လောင်းကစားလိုင်စင် သက်တမ်းတိုးရမယ့်အချိန် နီးလာတာနဲ့အမျှ Las Vegas ပြိုင်ဘက်ဆီက ငွေကြေးအမြောက်အမြား လောင်းကစားသူတွေကို ဆွဲခေါ်နိုင်ဖို့ ဖိအားများနေပါတယ်။ ဒီဆောင်းပါးကို အစမှာ နောက်ခံအဖြစ် စာရှုသူကို သိစေချင်တာက စင်္ကာပူမှာ ကာစီနိုတွေ ဘယ်လို တရားဝင်လုပ်ကိုင်ခွင့်ရလာလဲဆိုတာ နည်းနည်း ပြောချင်ပါတယ်။ စင်္ကာပူအစိုးရက ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေလုပ်ငန်းတွေကို မြှင့်တင်ဖို့ ၂၀၀၅ ခုနှစ်မှာ ပေါင်းစပ်အပန်းဖြေစခန်းပုံစံ ကာစီနိုနှစ်ခု ဖွင့်မယ့်မူဝါဒကို ကြေညာခဲ့ပါတယ်။ နောက်တစ်နှစ်မှာ Casino Control Act နဲ့ လိုင်စင်စနစ်ကို ပြဋ္ဌာန်းခဲ့ပြီး၊ Genting Singapore ရဲ့ Resorts World Sentosa နဲ့ Las Vegas Sands ရဲ့ Marina Bay […]

စင်္ကာပူက အပြိုင်အဆိုင် လောင်းကစားရုံ နှစ်ရုံ Read More »

အချည်းနှီးဖြစ်သွားသည့် ညှိနှိုင်းခြင်းက ရလိုက်သည့် သင်ခန်းစာ

စကားဖြင့် အပြန်အလှန် အနိုင်ယူကြသည်။ စီးပွားရေးအခြေခံ တောင့်တင်းသည့်နိုင်ငံများပီပီ မဟာဗျူဟာကျသည့် ကုန်သွယ်မှုကို သေးသိမ်အောင် ပြုလုပ်ကြရင်း အချင်းချင်း မသင့်မြတ်ကြ။ နောက်ဆုံးတွင် ညှိနှိုင်းရေး ပျက်ပြားသွားပြီး အားလုံးအချည်းနှီး ဖြစ်ကြရလေပြီ။ လတ်တလော ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးညှိနှိုင်းမှုများ ဆိုးရွားစွာ ပျက်ပြားသွားခြင်းသည် ထရမ့် ဦးဆောင်နေသည့် အမေရိကန်အစိုးရနှင့် မည်သည့်နည်း ပုံစံဖြင့်မဆို ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခြင်းသည် မဆွေးနွေးခင် ကတည်းက မအောင်မြင်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို သတိပေးချက် တစ်ရပ်အဖြစ် သင်ခန်းစာတစ်ခု အဖြစ် လေ့လာ သင့်ပေသည်။ ဤမကြာသေးမီက အိမ်နီးချင်းနှစ်နိုင်ငံ၏ ဖြစ်ရပ်က မျှတသော သဘောတူညီချက် တစ်ရပ် ရှာဖွေခြင်းသည် အချည်းနှီးဖြစ်ကြောင်း ပြသနေသည်ဟု လေ့လာသူများက ဆိုကြသည်။ အွန်တေးရီယိုရှိ မက်ခ်မတ်စတာတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ

အချည်းနှီးဖြစ်သွားသည့် ညှိနှိုင်းခြင်းက ရလိုက်သည့် သင်ခန်းစာ Read More »

မဟာမိတ် တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှုကို ရုတ်ခြည်း လျော့ချလိုက်တဲ့ ဒေါ်နယ်ထရမ့်

ထိုသို့ လုပ်ဆောင်ခြင်းက အမေရိကန်၏ မဟာမိတ်နိုင်ငံများကိုယုံကြည်မှုကို ပိုမိုလျော့ကျသွားစေခဲ့ သည်။ အူလ်ချီ ဖရီးဒမ်းရှီးလ်ဒ် (Ulchi Freedom Shield) ဟုနာမည်ပေးထားသော နှစ်ပတ်လည်စစ်ရေး လေ့ ကျင့်မှု တစ်ရပ်မှာ အမေရိကန်နှင့်တောင်ကိုရီးယား တပ်ဖွဲ့ဝင် ထောင်သောင်းချီပါဝင်ပြီး မြောက်ကိုရီး ယား၏ ခြိမ်း‌ခြောက်မှုအန္တရာယ်ကိုလက်တုံ့ပြန်ရန် ပူးတွဲလေ့ကျင့်မှုဖြစ်သည်။ ယခုနှစ်နွေရာသီ၏ပုံမှန် ဆောင်ရွက်မှု အစီအစဉ်ကို ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင်ခဲ့သည်။ ဒရုန်းစစ်ပွဲ ကဲ့သို့ ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် တိုက်ခိုက်မှုများ ကို မြောက်ကိုရီးယားစစ်သည်များ လေ့ကျင့်ဆည်းပူး ရယူနိုင်သည့် စစ် ရေး စွမ်းရည်သစ်များကို တုံပြန့်ရန် မဟာမိတ်နှစ်နိုင်ငံက စီစဉ်ထားခဲ့သည်။ သို့ရာတွင် ထိုစစ်ရေးလေ့ကျင့် မှုမစတင်မီညမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်မှု ကုန်ကျစရိတ်များ၊ အီရန်စစ်ပွဲတွင် တောင်ကိုရီးယားက ကူညီပံ့ပိုးရန်

မဟာမိတ် တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှုကို ရုတ်ခြည်း လျော့ချလိုက်တဲ့ ဒေါ်နယ်ထရမ့် Read More »

ကမ္ဘာအနှံ့ ခြေဆန့်လာတဲ့ တရုတ်ကုမ္ပဏီများ

(တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းဆိုတာ တရုတ်နိုင်ငံ နဲ့ ကမ္ဘာ့နိုင်ငံ အများအပြားကြား ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး နဲ့ အခြေခံအဆောက်အအုံတွေကို ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ထားတဲ့ ကွန်ရက်ကြီးပဲ ဖြစ်တယ်။ “ရပ်ဝန်း နဲ့ ပိုးလမ်းမ” လို့ ခေါ်တွင်တဲ့ တရုတ်စီမံကိန်း တွေဟာ ခုဆိုရင် ကမ္ဘာအနှံ့ကို ဖြန့်ကြက်နေပါပြီ။ BRI စီမံကိန်းနဲ့ ဆက်စပ်ပြီး မြန်မာ နဲ့ တရုတ်ကြားမှာ (CMEC)လို့ ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန် စီမံကိန်းလည်း ရှိနေတယ်။ ဒါကတော့ အားလုံး သိကြပြီးဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း နဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် အခြား စီမံကိန်းတွေပဲ

ကမ္ဘာအနှံ့ ခြေဆန့်လာတဲ့ တရုတ်ကုမ္ပဏီများ Read More »

ဗိုလ်ချုပ်ကြီးတွေ ပြန်လာပြီ

၂၀၂၆ ဩဂုတ်လထုတ် The Economist magazine ပါ A military junta is consolidating power in Iran ကို ပြန်ဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို အမေရိကန်က ဗုံးကျဲသတ်ဖြတ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တီဟီရန်မြို့တော်မှာ အီရန်ကို အုပ်စိုးခဲ့ကြတဲ့ အာဏာရှင် ခုနစ်ဦးရဲ့ ပုံတွေနဲ့ ကြော်ငြာဘုတ်ကြီးတွေ ထွက်လာပါတယ်။ ထူးဆန်းတာကတော့ အရိုက်အရာကို ဆက်ခံပြီးတဲ့အချိန်ကစလို့ လူတွေကြား ပေါ်ထွက်မလာခဲ့တဲ့ မိုတာဘာခါမေနီရဲ့ ပုံ မပါဝင်ခြင်းဖြစ်ပါတယ်။ ဘာသာရေးအစဉ်အလာ အနီနဲ့ အနက်ရောင် အလံတွေမပါသလို ခုနစ်ဦးထဲမှာ တစ်ဦးသာလျှင် ဘာသာရေးဦးပေါင်းကို ပေါင်းထားပါတယ်။ ကြော်ငြာဘုတ်ကြီးတွေဟာ အာဏာကို ထိန်းသိမ်းခဲ့တဲ့ အစ္စလာမ္မစ် တော်လှန်ရေးတပ်မတော်က ထုတ်ပြန်တဲ့

ဗိုလ်ချုပ်ကြီးတွေ ပြန်လာပြီ Read More »

သမ္မတ ထရမ့် လက်မှိုင်ချနေရပြီဖြစ်တဲ့ အီရန်စစ်ပွဲ — နိုင်သူမရှိ၊ ရှုံးသူသာရှိ

နိုင်သူမရှိတဲ့ စစ်ပွဲ အရှေ့အလယ်ပိုင်းဒေသက အီရန်စစ်ပွဲမှာ ဘယ်သူအနိုင်ရနေသလဲဆိုတဲ့ မေးခွန်းကို အဖြေအမျိုးမျိုး ပေးနေကြတယ်။ အချိန်ကာလနဲ့ ကိန်းဂဏန်းတွေအရ ဆန်းစစ်ရင် အမေရိကန် အရှုံးပေါ်နေပြီလို့ ဆိုသူတွေရှိသလို၊ ‘ဟော်မုဇ်ရေလက်ကြား’ ကို လက်ရှိအချိန်အထိ အဓိကအားဖြင့် ပိတ်ဆို့ထိန်းချုပ်ထားနိုင်တဲ့အတွက် အီရန်ဘက်က အသာစီးရနေတယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ လက်တွေ့မြေပြင်ပေါ်က ရလဒ်တွေကို ကြည့်ရင်တော့ နှစ်ဦးနှစ်ဖက်စလုံး အရှုံးပေါ်နေကြပြီလို့ ဆိုနိုင်တယ်။ အဓိက ဆုံးရှုံးနစ်နာသူတွေကတော့ အရပ်သူအရပ်သား ပြည်သူပြည်သားတွေဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့နေရတယ်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်ခဲ့တာလည်း တွေ့ရတယ်။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု သိသိသာသာ ပြတ်တောက် ခဲ့ခြင်းကြောင့် ရေနံစျေးနှုန်းတွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်။ ရေနံ စွမ်းအင်တင်သွင်းရတဲ့ အာရှနိုင်ငံအများစုမှာလည်း ရေနံပြတ်လပ်မှု

သမ္မတ ထရမ့် လက်မှိုင်ချနေရပြီဖြစ်တဲ့ အီရန်စစ်ပွဲ — နိုင်သူမရှိ၊ ရှုံးသူသာရှိ Read More »

အိုပက်အသစ်ဖြစ်လာနိုင်မည့် တရုတ်

အိုပက် (OPEC) ခေါ် ရေနံ‌ရောင်းနိုင်ငံများအဖွဲ့ကို မေ့လိုက်ကြ။ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ညွှန်ကြားမည်။ အီရန်စစ်ပွဲဟာ ဓာတ်ဆီသမိုင်းတစ်လျှောက်မှာ ဖြန့်ဖြူးမှုမမျှော်လင့်ဘဲ အကြီးအကျယ်လျော့နည်း ကျဆင်းသွားတဲ့ ဖြစ်ရပ်ကိုပေါ်ပေါက်စေခဲ့ပါတယ်။ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်မှာတောင် ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၅ဝ  ဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ ဆန်းစစ်လေ့လာသူ အတော်များများက အဲဒီအီရန်ပဋိပက္ခ ဖြစ်ပွားခါစမှာ ကြိုတင်ဟောကိန်းထုတ်ခဲ့ကြတယ်။ အဲဒီအတွက် အစိုးရတချို့ကို ကျေးဇူးတင် ရမှာပါ။ အီရန်ရဲ့ စစ်လက်နက်တွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းသွားလာလို့မရတော့ဘဲ ပင်လယ်ကွေ့အတွင်းမှာ တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၁၄ သန်းခန့် ပိတ်မိသွားပြီးတဲ့နောက် သိပ်ပြီးတော့ မကြာခင်မှာပဲ အဘူဒါဘီနှင့် ဆော်ဒီအာရေဗျနိုင်ငံ တွေက ရေနံ သူ ဌေးအာရပ်ဘုရင်တွေဟာ အဲဒီရေလက်ကြားကို ရှောင်ကွင်းတဲ့ပိုက်လိုင်းတွေကတစ်ဆင့် တစ်နေ့ကို ရေနံစည် ငါးသန်းကို အပိုဆောင်း တင်ပို့ခဲ့ကြတယ်။ အမေရိကန်နဲ့ဂျပန်

အိုပက်အသစ်ဖြစ်လာနိုင်မည့် တရုတ် Read More »

ရေးခဲ့ဖူးတဲ့ ရန်ကုန်အက်ဆေး

၂ မေ နှင့် ၃ မေ ၂၀၀၈ တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ နာဂစ် ဟူသော လေမုန်တိုင်းကြီး တိုက်ခတ် ဖျက်ဆီးသွား၍ ပြည်သူများစွာ အသက် အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပါသည်။ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းမဆုံး ယူကျုံးမရ ဖြစ်ခဲ့ကြပါသည်။ နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ကြီးလည်း သစ်ပင်ကြီးတွေ ပြိုလဲ၊ ဓာတ်တိုင်တွေ၊ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ကျိုးပျက်၊ အိမ်ခေါင်မိုးတွေ လန်ထွက်၊ ဆင်းရဲသားတွေမှာ အိမ်တွေ ပြိုလွင့်၊ မီးပြတ်၊ ရေပြတ်၊ လူအများ စိတ်ဓာတ်ပျက်ပြားခဲ့ရသည်။ ကျွန်တော် အပါအဝင် စာရေးဆရာများသည် တစ်သက်တာ မမေ့ပျောက် နိုင်လောက်အောင် ဆိုးဝါးပြင်းထန်လှသော လေမုန်တိုင်းကြီးကြောင့် ကြုံတွေ့ခဲ့ရသော ပြည်သူများ၏ ဒုက္ခအဖုံဖုံကို ခံစားမိသလို

ရေးခဲ့ဖူးတဲ့ ရန်ကုန်အက်ဆေး Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၁)

ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သို့ အမှတ်တရ စာပေလောက၏ ကြယ်ပွင့်တစ်ပွင့်၊ သတင်းစာပညာ၏ လမ်းပြစံပြတစ်ဦးဖြစ်သူ ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သည် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် စာချစ်သူ ပြည်သူတို့၏ ရင်ထဲမှ အပြီးတိုင် ထွက်ခွာသွားခဲ့သည်။ ယခုဆိုလျှင် ဆရာကြီး ကျွန်တော်တို့ကို ကျောခိုင်းစွန့်ခွာသွားခဲ့သည်မှာ ၁၃ နှစ်တင်းတင်း ပြည့် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ဆရာကြီး၏ ထက်မြက် သွက်လက်သော မင်စက်များ၊ စာပေနှင့် သတင်းစာပညာအပေါ် ထားရှိခဲ့သော မြင့်မြတ်သည့် သစ္စာတရားတို့မှာမူ ကျွန်တော်တို့၏ နှလုံးသားတွင် အမြဲထာဝရ မညှိုးနွမ်းသော အမှတ်တရများအဖြစ် ပွင့်လန်းဆဲပင် ဖြစ်သည်။ ဆရာကြီး မောင်ဝံသသည် ဘဝအတွေ့အကြုံ၊ သမိုင်းမှတ်တမ်းနှင့် သင်ခန်းစာများ စီခြယ်ထားသည့် အတ္ထုပ္ပတ္တိများ၊

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၁) Read More »

အယ်နီညိုတို့ လာချေဦးမည်

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ညဘက်မိုးရေစက်၏ ကာကွယ်မှုကြောင့် အေးဆေး သက်သာစွာ ကြည့်ခွင့် ရနေသည်။ သို့သော်လည်း ပွဲချိန် ၂၂ မိနစ်သို့ရောက်တိုင်း Hydration Break ကို စောင့်ဆိုင်း နေရခြင်း ဖြင့် စိတ်ထဲက မနှစ်သက်လှပေ။ အချို့ကလည်း ရေသန့်ကုမ္ပဏီများထံမှ ဝင်‌ငွေရအောင် ဖန်တီးခြင်း ဟုယူဆကြသည်။  သိရသလောက် ဆိုလျှင် ၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလား ပြိုင်ပွဲမှစပြီး ကစားသမားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ကာကွယ်ရန် ဒီစည်းမျဉ်းကို စတင်ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ WBGT (Wet Bulb Globe Temperature) အပူချိန် ၃၂ ဒီဂရီ စဲလ်စီးယပ်စ် (89.6°F) ထက် ကျော်လွန်သွားသည့်အခါ ပွဲစဉ်အတွင်း ရေသောက်ချိန် သတ်မှတ်ပေးလေသည်။ ၂၀၂၆ အမေရိကန်၊ ကနေဒါနှင့်

အယ်နီညိုတို့ လာချေဦးမည် Read More »