The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

သတိ – ဤနေရာ၌ ငါးမျှားခြင်းမပြုရ

( ၁ ) ၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံ မြို့တော် ပရာ့ဂ်ဇာတိ။ အဖေက ဂျူးလူမျိုး နယ်လှည့်အရောင်းသမား။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိသားစုအားလုံးလိုလို အဖမ်းခံရပြီး နာဇီအကျဉ်းစခန်းများ၌ ချုပ်နှောင်ခံရသည်။ ဂျူးလူမျိုးမဟုတ်သည့် သူ့အမေနှင့်သူ နှစ်ဦးတည်းအိမ်မှာ ကျန်ရစ်သည်။ သူတို့မြို့လေးက ချက်နိုင်ငံအလယ်ပိုင်း တစ်နေရာမှာတည်ရှိတဲ့ Buštěhrad ဆိုတဲ့ မြို့လေး။ သူ့စာအုပ် “ငါးတွေ အကြောင်း ကျွန်တော်ဘယ်လိုလုပ်သိလာခဲ့သလဲ” (How I came to know fish) က ဥရောပ အလယ်ပိုင်း ဒေသရဲ့ ဆိုးရွားလှတဲ့ ခေတ်ကာလကို ခြယ်မှုန်းထားတာ။ ပါဗယ်လ်က အားကစားသတင်းထောက်လည်း လုပ်သည်။ ရေဒီယိုနှင့် သတင်းစာတွေ မဂ္ဂဇင်းတွေမှာ အားကစားသတင်းဝေဖန်သူလည်း လုပ်သည်။ […]

သတိ – ဤနေရာ၌ ငါးမျှားခြင်းမပြုရ Read More »

အင်းလျားရဲ့သတင်းစကား

တကယ်တော့ အင်းလျားကန်ဟာ အလျားရှည်လို့  အင်းလျားလို့ခေါ်လေသလား မသိပါ။ တက္ကသိုလ်မြေ ခြေချသူတိုင်း  အင်းလျားကို တက္ကသိုလ်ရဲ့သင်္ကေတတစ်ခုအဖြစ် မြင်တွေ့ရမှာ ပါ။ မွန်ဘာသာနဲ့ ကမာရွတ်ဆိုတဲ့ အဓိပ္ပာယ်က “ရတနာကန်” လို့ အင်းလျားကို ခေါ်ဝေါ်ထား တာပါ။ ကမာရွတ်မြို့နယ် လို့ အခေါ်ရှိတာကလည်း အင်းလျားကန်ကို  မွန်ဘာသာရဲ့အမည် အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ အခါ ရန်ကုန်တက္ကသိုလ်မှာ (၁)တက္ကသိုလ်ကောလိပ်နှင့် (၂)ဂျပ်ဆင်ကောလိပ်တို့ ကောလိပ် ကျောင်းနှစ်ကျောင်း ပေါ်ပေါက်လာပါတယ်။ ၁၉၂၃-ခုနှစ်ကုန်ခါနီးမှာ  ကျောင်းသား (၂၂၄) ဦး နေနိုင်တဲ့ သစ်သားဆောင် နှစ်ဆောင်ဆောက်လုပ်ရာက  ယခုအချိန်ထိ  မြင်တွေ့နေရတဲ့ တကောင်းကျောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့ ဖြစ်ပြီး ၁၉၂၄- ခုနှစ်ဇွန်လမှာ ဖွင့်လှစ်

အင်းလျားရဲ့သတင်းစကား Read More »

အရင်းရှင်…မိုးကောင်းကင်၊ သမဝါယမ…ကြယ်ပွင့်ကလေးများ

အီတလီနိုင်ငံ အယ်လ်ပ်တောင်တန်း (Alps) ကြီးရဲ့ တောင်ခြေမှာရှိတဲ့ ရော့ကာဗီယိုးနေ (Roccavione) မြို့ငယ်လေးမှာ သက်တမ်းနှစ်ပေါင်း (၁၅၀) နီးပါး ရှိပြီဖြစ်တဲ့ စက္ကူစက်ရုံမှာ အလုပ်သမားတွေဟာ ရပ်ဆိုင်းထားတဲ့ စက်ကြီးတွေကို အဆိုင်းလိုက် လူအင်အားသက်သက်နဲ့ သန့်ရှင်းထိန်းသိမ်းရေး လုပ်ကြပါတယ်။ ရပ်ဆိုင်းထားတဲ့ စက်ကြီးတွေဆိုတော့ ကုန်ထုတ်လုပ်မှု ဘယ်ရှိပါ့မလဲ။ ကုန်ထုတ်လုပ်မှု မရှိဘူးဆိုရင် လုပ်ခလစာလည်း ဘယ်ရပါ့မလဲ။ ဟုတ်ပါတယ်၊ အလုပ်သမားတွေဟာ လုပ်ခလစာမရဘဲ စက္ကူစက်ရုံရဲ့ စက်ကြီးတွေကို သုံးနှစ်တိုင်တိုင် သန့်ရှင်းထိန်းသိမ်းရေး လုပ်ခဲ့  ကြပါတယ်။ သာမန်အတွေးနဲ့ စဉ်းစားရင် ရူးသွပ်နေသလားပေါ့။ (၇၀) ဝန်းကျင်ရှိတဲ့ ဒီအလုပ်သမား အားလုံး ရူးသွပ်နေတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဟုတ်ပါတယ်၊ ဒီအလုပ်သမားတွေ ရူးသွပ်နေကြတာ မဟုတ်ပါဘူး။ အင်မတန်ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ရည်မှန်းချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်နေကြတာပါ။ ဒီဖြစ်ရပ်ကို

အရင်းရှင်…မိုးကောင်းကင်၊ သမဝါယမ…ကြယ်ပွင့်ကလေးများ Read More »

အမေရိကန်အတွက် မဟာမိတ်အသစ်

အမေရိကန်တပ်များ အာဖဂန်နစ္စတန် ဆုတ်ခွာခဲ့ပြီး ငါးနှစ်အကြာမှာ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ အားနည်းနေဆဲဖြစ်ပြီး တာလီဘန်တို့အတွက် မမျှော်လင့်တဲ့ မဟာမိတ် တစ်ယောက် တွေ့လာ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာနေတဲ့ နောက်ဆုံး အချိန်မှာ ISKP (Islamic State Khorasan Province) လို့ခေါ်တဲ့ အိုင်အက်စ် ခိုရာဆန် အကြမ်းဖက်အဖွဲ့က သွေးချောင်းစီးတဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့သေးတယ်။ အဲဒီတုန်းက တာလီဘန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အာဖဂန်အရပ်သား ၁၇၀ နီးပါးနဲ့ အမေရိကန် စစ်သည် ၁၃ ယောက်ဟာ ကာဘူးလ် နိုင်ငံတကာလေဆိပ်မှာ ISKP ရဲ့ အသေခံ ဗုံးခွဲမှုလုပ်ကြံမှုကြောင့် သေဆုံးခဲ့ရရှာတယ်။ ဒီ လုပ်ကြံကြီးက

အမေရိကန်အတွက် မဟာမိတ်အသစ် Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၅) – မောင်လူထွန်း

ပြေးနိုင်မှ လွတ်မယ် သမ္မတ ထရမ့် ဦးမိုး – ဟာ ကိုတိုး တယ်စောပါလား။ မင်္ဂလာပါဗျာ။ ဦးတိုး –  မင်္ဂလာပါ။ ကိုမိုး လာဗျို့… ကျုပ်က ဒီနေ့ ရောက်တာ နည်းနည်းစောတယ်ဗျ။ မိုးရိပ်လေရိပ်တွေ ရှိတာနေနဲ့ မိုးလွတ်မလားဆိုပြီး ထွက်လာတာ ပြန်ရင်တော့ မိုးချတော့မယ်ထင်တာပဲ မိုးတိမ်တွေကို ညို့နေတာပဲ။ ဦးမိုး – ကျွန်တော်လည်း စောစောထွက်လာမလို့ဟာ သတင်းကြည့်နေတာနဲ့ဗျာ။ ကိုတိုး ဟိုသမ္မတကြီး ထရမ့် နောက်ပေါက်က ပြေးရတဲ့ လျှို့ဝှက်ဆန်းကြယ် ခရီးစဥ် အကြောင်း သတင်းကြား လိုက်သေး လားဗျ။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ သံတမန်ရေးရာ လျှို့ဝှက်ဆန်းကြယ် လှည့်ကွက် ပေါင်းစုံကို မြင်ဖူးပြီ ထင်ခဲ့တာ အခုတော့ တော်တော်ဆန်းသဗျ။ နေတိုး ထိပ်သီး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၅) – မောင်လူထွန်း Read More »

အီရန်က ဟော်မုဇ်ကို ဘယ်လောက်ကြာကြာလက်နက်လို အသုံးပြုနိုင်သလဲ

ဟော်မုဇ်ရေလက်ကြားကို မှီခိုရမှုတွက်ချက်ထားသော အညွန်းကိန်းများအရ ကမ္ဘာ့နိုင်ငံများက မျှော်လင့်ထားသည် ထက် ပို၍ကြာနိုင် အီရန်နိုင်ငံသည်နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြိုးပမ်း လျက်ရှိ သည် ဟု ကမ္ဘာ့နိုင်ငံများကနှစ်ပေါင်းများစွာကြာအောင် စိုးရိမ်ခဲ့ကြသည်။မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ငါးလတာ ကြာမြင့်ခဲ့သောစစ်ပွဲက အီရန်နိုင်ငံ၏ခေါင်းဆောင်များကသူတို့ထံတွင်ဖြုံလောက်သည့် အခြား လက်နက်တစ်မျိုး ပိုင်ဆိုင်ထားပြီဆိုတာကိုလက်တွေ့သင်ခန်းစာပေးခဲ့သည်။ ပထဝီဝင် အနေအထား နှင့် စစ်ရေးစွမ်းအားတို့ကြောင့် အီရန်နိုင်ငံသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း ၏ ငါးပုံတစ်ပုံခန့် ပုံမှန် ဖြတ်သန်း သယ်ယူ နေရသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို လက်တွေ့အားဖြင့် စိုးမိုးထားနိုင်ခဲ့သည်။ ထိုသို့အဓိက သွေးလွှတ် ကြောကြီးပမာ အရေးပါလှသည့် ပင်လယ်ရေကြောင်း ကြီးကို ပိတ်ဆို့လိုက်ခြင်းက အီရန် ခေါင်းဆောင်များ အဖို့ ယင်းတို့၏

အီရန်က ဟော်မုဇ်ကို ဘယ်လောက်ကြာကြာလက်နက်လို အသုံးပြုနိုင်သလဲ Read More »

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းနဲ့ဩဂုတ်လဆန်းပိုင်းတို့မှာ တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းနှစ်ခု ဆက်တိုက် ထွက်ပေါ်ခဲ့တယ်။ ပထမသတင်းက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ ရုရှားမောင်နှမနှစ်ဦး အသတ်ခံရ တဲ့ သတင်း၊အသက် (၂၂) နှစ်နဲ့ (၁၇) နှစ်အရွယ် ရုရှားမောင်နှမနှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ပျောက်သွားလို့ ရဲက လိုက် ရှာရင်းနဲ့အနားက တောအုပ် တ နေရာမှာ သတ်ဖြတ် မြေမြှုပ် အလောင်းဖျောက်ခံထားရတာ သွားတွေ့တယ်။ အဲဒီနားမှာပဲ ထိုင်းမိသားစုသုံး ယောက် အလားတူ သတ်ဖြတ်မြေမြှုပ်ထားတာ ထပ်တွေ့တယ်။ ကျူးလွန်တဲ့သူက ထောင်ကထွက်လာတာ နှစ်လတောင်မပြည့်သေးတဲ့ အသက် (၄၃) နှစ်အရွယ် Pong ဆိုသူ နဲ့အပေါင်းပါသုံးယောက်၊ကျူးလွန်သူပုံနဲ့သတင်းတွေတက်လာတော့ လူမိုက်ပုံထွက်နေတဲ့ Pong ဆိုသူကို သူ့ရဲ ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုကြောင့် လူတွေက အင်မတန် မုန်းတီး

ထိတ်လန့်တုန်လှုပ်ဖွယ် ထိုင်းသတင်းနှစ်ပုဒ် Read More »

ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား

အီရန်စစ်ရပ်ရေး သော့ချက်ဖြစ်လာတဲ့ “ဟော်မုဇ်” ပြဿနာ ၂၀၂၆ သြဂုတ် ၈ ရက် (စနေနေ့) မှာ တီဟီရန်က အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ ထားမှုကို ရုပ်သိမ်းပေးရေးနဲ့ အီရန်ရဲ့နစ်နာမှုအတွက် စစ်လျော်ကြေးပေးရေး အစရှိတဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ ရရှိမှသာ ‘ဟော်မုဇ်’ ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ဆိုတယ်။ သြဂုတ် ၁၀ ရက် (တနင်္လာနေ့) မှာ သမ္မတဒေါ်နယ်ထရမ့်ကလည်း ရေလက်ကြားပြန်လည်ဖွင့်ရေးအတွက် ရာဇသံကို မြှင့်တင်ခဲ့တယ်။ အီရန်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပဋိပက္ခဖြစ်စဉ်တွေ အတွင်း “လူအမြောက်အမြား သတ်ဖြတ်ခံရမှုအတွက် အပါအဝင် လျော်ကြေးပေးဖို့ လိုအပ်ကြောင်း” ထရမ့် က ပြောကြားခဲ့ပြန်တယ်။ ဒီပုံအတိုင်းဆိုရင်  ကမ္ဘာ့အရေးကြီးဆုံး စီးပွားရေးအသက်ရှူပေါက်ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပြဿနာကို ထရမ့်အစိုးရ  ဒီနှစ်အတွင်း ဖြေရှင်းနိုင်ဖို့ မမြင်ဘူးလို့ သုံးသပ်နေကြတယ်။

ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား Read More »

အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား

ဟောမုဇ်နဲ့မလက္ကာရေလက်ကြားတွေရဲ့ ထိခိုက်လွယ်တဲ့ အားနည်းချက်တွေဟာ အခြေခံအရခြားနားကြပါတယ်။ ဒါပေမဲ့ မလက္ကာရေလက်ကြားပိတ်လိုက်ရင်တော့ အခြေအနေက ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။ အမေရိကန်နဲ့အစ္စရေးနိုင်ငံတွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့ဖြစ်ရပ်အဖြစ်အီရန်နိုင်ငံရဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အခုတစ်ခါ ကမ္ဘာပေါ်မှာအခိုင်မာဆုံးနဲ့ရေရှည် အမြစ်တွယ်နေတဲ့ မဟာဗျူဟာမြောက် အားနည်းချက်တွေရှိတဲ့ နေရာတစ်ခု ပြန်ဖြစ်လာခဲ့တယ်။ ပမာဏအရဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းလမ်းကိုအသုံးပြုပြီးပို့ဆောင်ခဲ့ရတာဖြစ်တယ်။ ထူးခြားတာကတော့ အဲဒီလိုပို့ဆောင်မှုရဲ့ရေကြောင်း သွားလာမှုတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ဗျူဟာမြောက် ကျဉ်းမြောင်း ရေကြောင်းဆုံမှတ် (Choke Point)တွေကိုဖြတ်သန်းသွားလာရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင်တော့ ပင်လယ်ရေကြောင်းလမ်းကနေလာတဲ့ ရေနံကုန်သွယ်ရေးအားလုံးရဲ့ လေးပုံတစ်ပုံနဲ့ တစ်ကမ္ဘာလုံးရဲ့ သဘာဝ ဓာတ်ငွေ့ရည်တင်ပို့မှု (Liquified Natural Gas – LNG)ရဲ့ငါးပုံတစ်ပုံလောက်ဟာ ပုံမှန်အားဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ဆောင်ကြရပါတယ်။ အရှေ့ဘက်ကိုဆက်သွားရင်တော့အစွန်ဆုံးမှာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ထားပြီး စွမ်းအင်ပို့ဆောင်ဖြည့်ဆည်းရေး၊စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ

အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား Read More »

ကမ္ဘာ့စာရေးကြီးနေရာ

The Economist August 2026 မဂ္ဂဇင်းပါ Al Capone would recognise today’s world order. That’s not good ဆောင်းပါးကို ပြန်ဆိုသည်။ ကုလသမဂ္ဂကြီး ဘာလို့အခုထိရှိနေသေးတာလဲ။ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်အပြီး ရာထူးက ထွက်ရမယ့် ၂၀၂၆ ဒီဇင်ဘာလ မတိုင်ခင် အတွင်းရေးမှူးချုပ် အသစ် ရွေးရတော့မယ့်အချိန်မှာ ဒီမေးခွန်းက အချိန်ကိုက်ပါ။ ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးမှာ ဘယ်သူပဲ နိုင်နိုင် နိုင်တဲ့သူက ဒုစရိုက်ဂိုဏ်းဆန်ဆန်လှုပ်ရှားနေတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ရမှာပါ။ ခယဝပ်တွားမလုပ်တဲ့ နိုင်ငံတွေကို အပြစ်ပေးမယ်လို့ ခြိမ်းခြောက်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ပူတင်ဟာ လူမိုက် ဂိုဏ်းခေါင်းဆောင်တွေ ပုံပေါက်နေပါတယ်။ ခြိမ်းခြောက်မှုတွေက နိုင်ငံခြားရေးမူဝါဒတွေ

ကမ္ဘာ့စာရေးကြီးနေရာ Read More »