တောင်အာရှရဲ့ ရေစစ်ပွဲ
ရာသီဥတုဖောက်ပြန်မှုနဲ့စွမ်းအင်လိုအပ်ချက်တိုးမြင့်လာတာက မြစ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့ အရေးအခင်းတွေကို ပိုပြီး ဆိုးရွား လာစေတယ်။ တောင်အာရှဒေသက မြစ်ကြီးတွေရဲ့ တည်ငြိမ်ခဲလှတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံရေးဟာ အခုခေတ်နှောင်း ပိုင်းအထိ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ အောက်တိုဘာလနှောင်းပိုင်းတုန်းက အာဖဂန်နစ္စတန်နိုင်ငံဟာ ကဘူးမြစ်မှာ ဆည်တွေ တည်ဆောက်ဖို့ စီမံကိန်းကိုထုတ်ဖော်ပြောဆိုခဲ့တယ်။ အဲဒီကြေညာချက်ကြောင့် မကြေညာခင် ရက်အနည်းငယ်ကမှ နှစ်နိုင်ငံ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံကို အတော် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အောက်တိုဘာထဲ မှာပဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ဗြဟ္မပုတ္တရမြစ်လက်တက် (ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဂျမူးလို့ သိကြတယ်) တစ်ခုဖြစ်တဲ့ တီစတာမြစ် စီးဆင်းမှုကို အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးတာကို ကန့်ကွက် ဆန္ဒပြဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက် […]
တောင်အာရှရဲ့ ရေစစ်ပွဲ Read More »








