The Corner

The Corner

cropped-Logo_round_grey-background.png

တင်စိန် (ပထဝီဝင်)

တင်စိန် (ပထဝီဝင်)

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့ […]

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ Read More »

တောင်အာရှရဲ့  ရေစစ်ပွဲ

ရာသီဥတုဖောက်ပြန်မှုနဲ့စွမ်းအင်လိုအပ်ချက်တိုးမြင့်လာတာက မြစ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့ အရေးအခင်းတွေကို ပိုပြီး ဆိုးရွား လာစေတယ်။ တောင်အာရှဒေသက မြစ်ကြီးတွေရဲ့ တည်ငြိမ်ခဲလှတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံရေးဟာ အခုခေတ်‌နှောင်း ပိုင်းအထိ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ အောက်တိုဘာလနှောင်းပိုင်းတုန်းက အာဖဂန်နစ္စတန်နိုင်ငံဟာ ကဘူးမြစ်မှာ ဆည်တွေ တည်ဆောက်ဖို့ စီမံကိန်းကိုထုတ်ဖော်ပြောဆိုခဲ့တယ်။ အဲဒီကြေညာချက်ကြောင့် မကြေညာခင် ရက်အနည်းငယ်ကမှ နှစ်နိုင်ငံ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံကို အတော် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အောက်တိုဘာထဲ မှာပဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ဗြဟ္မပုတ္တရမြစ်လက်တက် (ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဂျမူးလို့ သိကြတယ်) တစ်ခုဖြစ်တဲ့ တီစတာမြစ် စီးဆင်းမှုကို အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးတာကို ကန့်ကွက် ဆန္ဒပြဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်

တောင်အာရှရဲ့  ရေစစ်ပွဲ Read More »

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ

ကမ္ဘ့ာအကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ စစ်ရေးအတွက် အဆင်သင့် ဖြစ်နေတယ်။ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ ယူအက်စ်အက်စ် ဂျရယ်ဖို့ဒ် ဟာ  အောက်တိုဘာလ ၂၆ ရက်နေ့ တုန်းက ခရိုအေးရှားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ စပလစ် မြို့ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။အဲဒီနေ့မတိုင်ခင် စောစောပိုင်း ရက်တွေထဲမှာ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီး ဌာန (ပင်တဂွန်) ရဲ့ အကြီးအကဲ ပိ ဟက်ဆက် (Pete Hegseth)က ဒီလေယာဉ်တင်သင်္ဘောကြီးကို ကြီးမားကျယ်ပြန့်ပြီး အခုအချိန်အထိရှင်းလင်းမပြနိုင်သေးတဲ့ စစ်ရေး ပြင်ဆင်မှုမှာ ပူးပေါင်း ပါဝင်ဖို့  ကာရစ်ဘီယံ ပင်လယ်ကို ထွက်ခွာရေး အမိန့်ပေးခဲ့တယ်။ တပ်ချထားတဲ့ အမေရိကန် စစ်သင်္ဘောအားလုံးရဲ့

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ Read More »

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန်

စီးပွားရေး အကြမ်းဖက်မှု ချိန်ခွင်လျှာ မျှတနေတာဟာ တည်ငြိမ်မှု အတွက် အခြေခံ မဟုတ်ပါဘူး။ “တရုတ်နိုင်ငံနဲ့ ပတ်သက်လို့က မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ”လို့ တရုတ်ပြည်ရဲ့ ဘက်ထရီနဲ့ မြေရှား သတ္တုတွေ ပေါ်မှာ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု အဟန့်အတားသစ်တွေ ချမှတ်ခဲ့တာနဲ့ စပ်လျဥ်းလို့ လက်စားချေ တုံ့ပြန်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးလိုက်တယ်။ တရုတ် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း “ကမ္ဘာ့နိုင်ငံတွေ စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေ သွားမှာပါ” လို့ စောစောပိုင်း တစ်ရက်က သတင်းစာ ရှင်းလင်းပွဲမှာ အကြမ်းဖျင်း ပြောခဲ့တယ်။ အဲဒီမှာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန် Read More »

ပါကစ္စတန်နျူကလီးယားထီးရိပ်ကိုခိုလှုံနိုင်ပြီလား

ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံဟာ နှုတ်ကနေ ထုတ်ဖော်‌ပြောဆိုတာမျိုး မရှိတဲ့ အပေးအယူ ညှိုနှိုင်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ကတည်းက နှောင်ဖွဲ့ခဲ့ကြတယ်။ ဆော်ဒီ အာရေဗျ ကတော့ ငွေကြေး အမြောက်အမြားရှိပေမယ့် စစ်အင်အားကျတော့ နည်းတယ်။ ပါကစ္စတန်နိုင်ငံ ကတော့ ငွေကြေး ဆင်းရဲပေမယ့် လက်နက် ချမ်းသာ ကြွယ်ဝတယ်။ ဆော်ဒီ အာရေဗျဘုရင့်နိုင်ငံ ကပါကစ္စတန် နိုင်ငံရဲ့ ဘားတိုက်ထဲကို   ငွေကြေး အမြောက်အမြား သွန်ထည့်ပေးတယ်။ အပြန်အလှန် သဘောအရ ပါကစ္စတန်နိုင်ငံက တပ်ဖွဲ့အင် အား၊ လေ့ကျင့်ရေးနဲ့ လက်နက် တပ်ဆင်ပေးတာတွေနဲ့ အကာအကွယ် ပေးတယ်။ စက်တင်ဘာလ ၁၇ ရက် နေ့မှာ အစ္စလာမ္မစ်နှစ်နိုင်ငံဟာ ပေါ်လွင် ထင်ရှားတဲ့ စာချုပ်သစ် တစ်ရပ်နဲ့ နောက်ထပ်‌ ခြေလှမ်းသစ် လှမ်းဖို့

ပါကစ္စတန်နျူကလီးယားထီးရိပ်ကိုခိုလှုံနိုင်ပြီလား Read More »

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ

အလွန်ပြင်းထန်တဲ့ ကမ္ဘာ့လက်နက်ပြိုင်ပွဲဟာ တောင်ကိုရီးယားနဲ့ တူရကီနိုင်ငံ တို့အတွက် ကြီးကျယ်တဲ့ စီးပွားရေး  လုပ်ငန်း တစ်ရပ်ဖြစ်တယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်ကို ကျင်းပဖို့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အခြား ခေါင်းဆောင်တွေ ရောက်ရှိလာတဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပီကင်း မြို့တော်မှာ ရှိတဲ့ ငြိမ်းချမ်းရေး ကောင်းကင်ဘုံ မုဒ်ဦး ဟာ အစစ အရာရာ ငြိမ်သက် အေးချမ်း နေပါတယ်။ တရုတ်ပြည်ဟာ အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်မားမှု နဲ့စစ်အင်အားကို ပြဖို့အတွက် တရုတ် တပ်မတော်က တပ်ဖွဲ့တွေဟာ အခမ်းအနားမှာ ချီတက်ပြီး စစ်ရေး ပြခဲ့ကြတယ်။

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ Read More »

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ

ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့်  အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။ တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။  အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ Read More »

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး

“ဂါဇာကို စိုးမိုးခဲ့သည့် ဟားမာ့စ်အဖွဲ့မှာ ခက်ထန် ကြမ်းတမ်းဆုံး လွှဲပြောင်းမှုမျိုး ကြုံရမည့်အခြေအနေကိုရင်ဆိုင်နေရသည်” ဒီအဖွဲ့ဟာ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုကနေ  ပေါက်ဖွားလာတာဖြစ်တယ်။ သူတို့ကို အာရာဗီဘာ သာစကားနဲ့ အတိုကောက် ဟားမာ့စ် လို့ပဲ သိကြတယ်။ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပါလက် စတိုင်း စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဂါဇာမှာ ၂၂ လကြာအ စ္စရေးကို တိုက်ပွဲဝင်တာ ကို စွန့်လွှတ်ပြီး သူတို့အဖွဲ့ကို နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် သူတို့ဘာသာ ဖွဲ့စည်းမလားဆိုတာ ဆုံးဖြတ် ရတော့မှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ဟားမာ့စ်ရဲ့ တိုက်ခိုက်ရေး အဖွဲ့ခွဲခေါင်းဆောင် ခါလီအယ်လ်ဟေယာ  ဟာ အီဂျစ်နိုင်ငံက ကာတာနဲ့ တူရကီ နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့  စေ့စပ်ညှိနှိုင်းပွဲအတွက်

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး Read More »

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ

မလေးရှားနိုင်ငံအတွက် သူ့ရဲ့အမြော်အမြင်ကတော့ ကံကောင်းထောက်မလို့ လက်တွေ့ဖြစ် မလာသေးပါဘူး ၁၉၈၁ ခုနှစ် ကနေ ၂ဝဝ၃ခုနှစ် အထိ တစ်ကြိမ်၊ နောက်တစ်ခါ ၂ဝ၁၈ကနေ ၂ဝ၂၂ ခုနစ်အထိ တစ်ကြိမ် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာ မိုဟာမက်ဟာ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ တုန်းက သူတရင်းတနှီး နေခဲ့တဲ့ ရိုနယ်ရေဂင်၊ မာဂရက်သက်ချာ၊ လီကွမ်ယူနဲ့ တိန့်ရှောင်ဖိန် တို့လို အခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့အားလုံးမှာ ထူးခြား ထင်ရှားတဲ့ နိုင်ငံရေး မူဝါဒတွေ ရှိတယ်။ သူတို့ အားလုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ကမကထ လုပ်ခဲ့ကြတယ်။ သူတို့အားလုံးဟာ ဝင့်ဝါတယ်၊ ဩဇာ တိက္ကမ ကြီးတယ်၊ အများတကာထက် ထူးခြားပြီး

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ Read More »

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ

ယူကရိန်းစစ်ပွဲဟာ ရိုဘော့လို့ခေါ်တဲ့ စက်ရုပ် အချင်းချင်းတိုက်ခိုက်ကြတဲ့   စစ်ပွဲခေတ်ဆီကို တဖြည်းဖြည်းချဉ်းကပ်လာပြီဖြစ်တယ်။ ကိယက်ဗ်မြို့တော် တစ်နေရာက အင်္ဂတေကြမ်းနဲ့တည်ဆောက်ထားတဲ့ အခန်းတွဲတိုက်ကြီးက ဘေးပတ်လည်မှာ အုတ်ကျိုး အုတ်ပဲ့ အပျက်အစီးတွေပြန့်ကျဲပြီးပေါင်းမြက်တွေပေါက်နေတဲ့မြင်ကွင်း ဟာ ယူကရိန်းနိုင်ငံရဲ့အနာဂတ်စစ်မြေပြင်မှာ ရှင်သန်ရပ်တည် နိုင်စေဖို့ မြင်ကွင်းကို ဖော်ပြနေတယ်။ တိုက်ကြီးရဲ့ အစွန်တစ်ဖက်မှာက စစ်သားစုဆောင်းရေးရုံးခန်းရှိတယ်။ တန်းစီနေတဲ့လူ ၂ဝ လောက်  ဟာသူတို့ရဲ့ ပထမဆုံးအကြိမ်စစ်မှုထမ်းအဖြစ် ခန့်အပ်တဲ့ အမိန့်စာကိုလက်ခံယူဖို့စောင့်ဆိုင်း နေကြ တယ်။ အချို့ကလည်း ကတုတ်ကျင်း တူးထားတဲ့မြောင်းထဲမှာ ထိုင်ပြီး နေရာယူထားတယ်။ တချို့ တပ်သားသစ်တွေက အခက်အခဲကျော်လွှားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ ကြတယ်။ ထိုးစစ် တပ်မဟာ (၃) ရဲ့ “Kill House” (သုတ်သင်ရေးအိမ်)ဆိုတာကတော့ စစ်ဘက်သုံး ရိုဘော့ခေါ် စက်ရုပ်တွေ အတွက် လေ့ကျင့်ရေး

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ Read More »