The Corner

The Corner

cropped-Logo_round_grey-background.png

တင်စိန် (ပထဝီဝင်)

တင်စိန် (ပထဝီဝင်)

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး

“ဂါဇာကို စိုးမိုးခဲ့သည့် ဟားမာ့စ်အဖွဲ့မှာ ခက်ထန် ကြမ်းတမ်းဆုံး လွှဲပြောင်းမှုမျိုး ကြုံရမည့်အခြေအနေကိုရင်ဆိုင်နေရသည်” ဒီအဖွဲ့ဟာ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုကနေ  ပေါက်ဖွားလာတာဖြစ်တယ်။ သူတို့ကို အာရာဗီဘာ သာစကားနဲ့ အတိုကောက် ဟားမာ့စ် လို့ပဲ သိကြတယ်။ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပါလက် စတိုင်း စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဂါဇာမှာ ၂၂ လကြာအ စ္စရေးကို တိုက်ပွဲဝင်တာ ကို စွန့်လွှတ်ပြီး သူတို့အဖွဲ့ကို နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် သူတို့ဘာသာ ဖွဲ့စည်းမလားဆိုတာ ဆုံးဖြတ် ရတော့မှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ဟားမာ့စ်ရဲ့ တိုက်ခိုက်ရေး အဖွဲ့ခွဲခေါင်းဆောင် ခါလီအယ်လ်ဟေယာ  ဟာ အီဂျစ်နိုင်ငံက ကာတာနဲ့ တူရကီ နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့  စေ့စပ်ညှိနှိုင်းပွဲအတွက် […]

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး Read More »

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ

မလေးရှားနိုင်ငံအတွက် သူ့ရဲ့အမြော်အမြင်ကတော့ ကံကောင်းထောက်မလို့ လက်တွေ့ဖြစ် မလာသေးပါဘူး ၁၉၈၁ ခုနှစ် ကနေ ၂ဝဝ၃ခုနှစ် အထိ တစ်ကြိမ်၊ နောက်တစ်ခါ ၂ဝ၁၈ကနေ ၂ဝ၂၂ ခုနစ်အထိ တစ်ကြိမ် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာ မိုဟာမက်ဟာ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ တုန်းက သူတရင်းတနှီး နေခဲ့တဲ့ ရိုနယ်ရေဂင်၊ မာဂရက်သက်ချာ၊ လီကွမ်ယူနဲ့ တိန့်ရှောင်ဖိန် တို့လို အခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့အားလုံးမှာ ထူးခြား ထင်ရှားတဲ့ နိုင်ငံရေး မူဝါဒတွေ ရှိတယ်။ သူတို့ အားလုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ကမကထ လုပ်ခဲ့ကြတယ်။ သူတို့အားလုံးဟာ ဝင့်ဝါတယ်၊ ဩဇာ တိက္ကမ ကြီးတယ်၊ အများတကာထက် ထူးခြားပြီး

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ Read More »

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ

ယူကရိန်းစစ်ပွဲဟာ ရိုဘော့လို့ခေါ်တဲ့ စက်ရုပ် အချင်းချင်းတိုက်ခိုက်ကြတဲ့   စစ်ပွဲခေတ်ဆီကို တဖြည်းဖြည်းချဉ်းကပ်လာပြီဖြစ်တယ်။ ကိယက်ဗ်မြို့တော် တစ်နေရာက အင်္ဂတေကြမ်းနဲ့တည်ဆောက်ထားတဲ့ အခန်းတွဲတိုက်ကြီးက ဘေးပတ်လည်မှာ အုတ်ကျိုး အုတ်ပဲ့ အပျက်အစီးတွေပြန့်ကျဲပြီးပေါင်းမြက်တွေပေါက်နေတဲ့မြင်ကွင်း ဟာ ယူကရိန်းနိုင်ငံရဲ့အနာဂတ်စစ်မြေပြင်မှာ ရှင်သန်ရပ်တည် နိုင်စေဖို့ မြင်ကွင်းကို ဖော်ပြနေတယ်။ တိုက်ကြီးရဲ့ အစွန်တစ်ဖက်မှာက စစ်သားစုဆောင်းရေးရုံးခန်းရှိတယ်။ တန်းစီနေတဲ့လူ ၂ဝ လောက်  ဟာသူတို့ရဲ့ ပထမဆုံးအကြိမ်စစ်မှုထမ်းအဖြစ် ခန့်အပ်တဲ့ အမိန့်စာကိုလက်ခံယူဖို့စောင့်ဆိုင်း နေကြ တယ်။ အချို့ကလည်း ကတုတ်ကျင်း တူးထားတဲ့မြောင်းထဲမှာ ထိုင်ပြီး နေရာယူထားတယ်။ တချို့ တပ်သားသစ်တွေက အခက်အခဲကျော်လွှားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ ကြတယ်။ ထိုးစစ် တပ်မဟာ (၃) ရဲ့ “Kill House” (သုတ်သင်ရေးအိမ်)ဆိုတာကတော့ စစ်ဘက်သုံး ရိုဘော့ခေါ် စက်ရုပ်တွေ အတွက် လေ့ကျင့်ရေး

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ Read More »

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို ပြဿနာဟောင်းတွေက ခြောက်လှန့်နေတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှုကြီး  ပေါ်ပေါက်ခဲ့တာ  အခုဆို တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ရက်သတ္တပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီလူထု အုံကြွမှုကြီးမှာ လူပေါင်း တစ်ထောင် ကျော် သေဆုံးခဲ့ရတယ်။ လူအတော် များများ ထိခိုက် ဒဏ်ရာ ရခဲ့ကြတယ်။ ဖြုတ်ချ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟာ ၂ဝ၂၄ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီးတဲ့ နောက်မကြာခင်မှာဘဲ  နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ယာယီအစိုးရ နိုင်ငံ့ တာဝန်ကို ယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့တယ်။ ယာယီအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖြုတ်ချ

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ် Read More »

ထရာအိုရေးနဲ့ ဘူကီနာဖာဆိုနိုင်ငံရေး

လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် လောက်တုန်းက ဘူကီနာဖာဆို နိုင်ငံရဲ့ ကြည်းတပ်က အသက် ၃၄  နှစ် အရွယ် လောက်ပဲရှိသေးတဲ့ ဗိုလ်ကြီးတစ်ယောက်ဟာ ကုသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ရှေ့မှောက်မှာ မိန့်ခွန်းပြောကြားရင်း ကမ္ဘာ့ စနစ်သစ်တစ်ရပ် (A New World Order) ကို ဖော်ဆောင်ဖို့ တောင်းဆို ခဲ့တယ်။ အနောက် အာဖရိက တစ်ဝန်းက လူငယ်လူရွယ်တွေ အားတက်သရော စောင့်ကြည့် နားထောင်ခဲ့ကြတဲ့ ဒီမိန့်ခွန်းဟာ ” အာဖရိက တိုက်ကြီးက ချေဂွေ ဗားရား ” လို့ တင်စားခေါ်ဆို အမွှမ်း တင်ခံခဲ့ရတဲ့ တော်လှန်ရေးသမားတစ်ယောက် မွေးဖွားလာတာကို မော်ကွန်း မှတ်တမ်း တင်ခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ အောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ သောမတ်စ် ဆန်ခါရာ (Thomas Sankara) အာဏာရ လာခဲ့တယ်။  သူက တစ်မျိုးသားလုံးကိုယ့်အားကိုယ်ကိုးရေး အစီအစဉ်ကို စတင်

ထရာအိုရေးနဲ့ ဘူကီနာဖာဆိုနိုင်ငံရေး Read More »

အမေရိကန်ပါဝင်လာသည့် အစ္စရေး နဲ့ အီရန်စစ်ပွဲ 

 ဒီကနေ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာတာကတော့ ကျယ်ပြန့်လာနေတဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံရဲ့စစ်ပွဲကြီးပါပဲ။ ဇွန်လ ၂၁ရက်နေ့ကစပြီး အမေရိကန်ပြည်ထောင်စု ပါဝင်လာ ပြီ ဖြစ်ပါတယ်။ ခေတ်သစ်လက်နက်မျိုးစုံကို နှစ်ဖက်စလုံးကထုတ် သုံးနေကြပါပြီ။ အစ္စရေးရော အီရန် ကပါ အဏုမြူ လက်နက်တွေနဲ့ တိုက်တော့မလားနဲ့ ကမ္ဘာပြည်သူတွေ ထိတ်လန့်နေကြရနေပြီလေ။ တတိယကမ္ဘာစစ် ဒါမှမဟုတ် အဏုမြူစစ်ပွဲကြီးကိုဦးတည်နေပြီလို့တောင်ဆိုနိုင်လာပါပြီ။                   နောက်ကြောင်းပြန်ကြည့်ရင် အီရန်ကလည်း အမေရိကန်နဲ့အစ္စရေးဟာ သူရဲ့ မဟာ ရန်သူတော် တွေလေ။ သူတို့မှာက အဏုမြူ လက်နက်တွေရှိတော့ သူကလည်း အဏုမြူလက်နက် ပိုင်ဆိုင် ချင်တယ်။ ဒါမှအစ္စရေးနဲ့ အမေရိကန် ကိုဟန့်တားနိုင်မှာပေါ့။ အစ္စရေးကလည်း ဒါကိုလက်မခံဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ဆိုလို့ဘယ်လိုဟာမျိုးမှအရောက်မခံနိုင်ဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ရောက်ရင် အစ္စရေးနိုင်ငံ ကမ္ဘာပေါ်ကနေ ပျောက်သွားမယ်လို့ တထစ်ချ ယုံကြည် ထားတာမို့

အမေရိကန်ပါဝင်လာသည့် အစ္စရေး နဲ့ အီရန်စစ်ပွဲ  Read More »

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်)

မေလ ၁ဝ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့တဲ့  အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစစ်ပွဲမှာ ထူးခြားတဲ့ လက္ခဏာ တွေကို တွေ့ရတယ်။ နားထောင်ရတဲ့သတင်းတွေနဲ့ ဖတ်ရတဲ့သတင်းတွေက ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပထမဆုံးအချက်ကတော့ ဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းဖြစ် အစွမ်းထက် လက်နက် တချို့ကို ထုတ်သုံး ပြလိုက်တာပါ။ အဲဒီလက်နက်တွေထဲမှာ ဘရာမော့စ် ဒုံးကျည် ပါတယ်။         အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်ကြီး (Brahmaputra) ရဲ့ နာမည်နဲ့ ရုရှားနိုင်ငံက မော်စကိုဗာ မြစ်ကြီး (Moskva) နှစ်စင်းတို့ရဲ့ နာမည်ကို တွဲယူပြီး( Bramos) လို့ ဂုဏ်ပြု ခေါ်ဝေါ်ထားတဲ့ လက်နက် နာမည် ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ခရုစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီးအမြန်နှုန်း

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်) Read More »

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်)

ဖဟဲလ်ဂမ် ဒေသက အယ်လ်ပိုင်း မြက်ခင်းတွေနဲ့ ပိုင်း ထင်းရှူး တောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသကို ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ခဲ့တာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။ ခရီးသွားတွေ ကတော့ အဲဒီဒေသကလေးကို ဆွစ်ဇာလန်နိုင်ငံ အငယ် စားကလေး (mini–Switzerland) လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီဒေသမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယ အစိုးရက ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက် ပြီးမို့ အဲဒီလို တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပြီလို့ တွက်ဆ ထားခဲ့ကြတယ်။ ဒါပေမဲ့ ယခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာ တော့ ဖဟဲလ်ဂမ်မှာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေက

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်) Read More »

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်)

သွင်းကုန်သတ္တုများကို မှီခိုအားထားမှု ခဲယဉ်းလာမည်။ ဒေါ်နယ်ထရမ့်ကတော့ တွင်းထွက်ပစ္စည်းတွေကို လိုချင်တယ်။ အများကြီးကိုလိုချင်နေတာပါ။   အမေရိကန် သမ္မတက ဂရင်းလန်ကျွန်းကို စိတ်ဝင်စားတာကလည်း တခြားအကြောင်းတွေထက်ကို တွင်းထွက် ပစ္စည်းတွေ ကြီးမား ကျယ်ပြန့်အောင် သိုမှီးထားတဲ့ အချက်က ပိုပြီးအရေးပါတယ်။ အထူးသဖြင့်ကတော့ တရုတ်ပြည်ရဲ့ ပြင်ပမှာ အကြီးဆုံးဖြစ်တဲ့ မြေရှား တွင်းထွက်သိုက်ကြီးတွေရှိလို့ပဲ ဖြစ်တယ်။ ယူကရိန်းမှာလည်း သူက ထင်ရှားပေါ်လွင်နေတဲ့ လစ်သီယမ် တွင်းထွက် ရင်းမြစ်တွေကို မျက်စိကျနေတာဖြစ်တယ်။ အခုနှစ် ဖေဖော် ဝါရီလထဲမှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ခေါင်း ဆောင်တွေက သူတို့နိုင်ငံက မတူးဖော်ရသေးတဲ့ တွင်းတွက်  သဘာဝ သယံဇာတ ရင်းမြစ်တွေကို ရောင်းချဖို့ကမ်းလှမ်းတာကို မစ္စတာထရမ့်က စိတ်ဝင်စားခဲ့တာကို သတိပြုသင့်တယ်။             နိုင်ငံခြားကတွင်းထွက်သယံဇာတတွေကိုစွဲလမ်းတပ်မက်နေတာက တစ်ပိုင်းဖြစ်နေပေမယ့် မစ္စတာ ထရမ့်ဟာ သူ့နိုင်ငံတွင်းက သယံဇာတတွေနဲ့

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်) Read More »

လမ်းသစ်ရွေးရမယ့် ဟားမတ်စ်

[ဟားမာ့စ်အဖွဲ့ဟာ ပျောက်သွားမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့ သူတို့ လမ်းသစ်ကို ရွေးကြရမယ်]  တိုက်ပွဲတွေ မရပ်ခင် ကတည်းကကိုပဲ ဟားမာ့စ်အဖွဲ့ဟာ သူတို့ ရှင်သန်နေတဲ့ အကြောင်းကို ဖော်ပြဖို့ အင်မတန်ကို စိတ်အားထက်သန် နေကြပါတယ်။ အစ္စလာမ်မစ် ဝါဒီအုပ်စု တွေက အစ္စရေးတပ်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် ရပြီးတဲ့နောက်မှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဟားမာ့စ် တိုက်ခိုက်ရေး သမားတွေဟာ နာရီပေါင်း များစွာ ပုန်းအောင်းနေရာက နေထွက်လာ ကြပါတယ်။ အပစ်အခတ်ရပ်စဲတာ စတင်ချိန်ကတည်းက ဟားမာ့စ်တွေက လမ်းတွေပေါ်မှာ ရဲအဖွဲ့ဝင်တွေကို ချက်ချင်းပဲ တပ်ချ ထားလိုက် ကြတယ်။ ပြီးတော့ လက်နက်ကိုင်တွေကို ထောက်ပံ့ရေး ယာဉ်တန်းတွေကို စောင့်ရှောက်ဖို့နေရာ ယူထား စေတယ်။ အစ္စရေး ဓားစာခံတွေနဲ့ အကျဉ်းသား

လမ်းသစ်ရွေးရမယ့် ဟားမတ်စ် Read More »