အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ
(ကိုလံဘတ်စ်မတိုင်မီ အမေဇုန်ဒေသတွင် လူဦးရေ ထူထပ်စွာ နေထိုင်ခဲ့ကြောင်း ထင်ရှား) ဘိုလီးဗီးယားမြောက်ပိုင်း၊ အမေဇုန်တောအစပ်မှာ လျားနိုစ် ဒီ မိုဆိုစ်လို့ခေါ်တဲ့ ဆာဗားနား မြက်ခင်းပြင်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာက ဘာစီလိုနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်က သိပ္ပံပညာရှင် အမ်ဘာတို လွန်ဘာဒိုအတွက် အလွန်အရေးပါတဲ့နေရာတစ်ခုပေါ့။ ဥရောပသားတွေ မရောက်ခင်က အမေဇုန်မြစ်ဝှမ်းက မြေဆီလွှာဟာ လူအများကြီးကို ထောက်ပံ့ မပေးနိုင်ဘူး လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက်တာ လွန်ဘာဒိုက သူတို့ ထင်တာတွေ မှားကြောင်းကို သက်သေပြဖို့ ကြိုးစားနေတာပါ ကိုလံဘတ်စ်မတိုင်ခင် အမေဇုန်တောဟာ လူသူကင်းမဲ့ပြီး သဘာဝအတိုင်းပဲ ရှိခဲ့တယ်ဆိုတဲ့ အယူအဆက မကြာသေးခင် နှစ်တွေမှာ ပြောင်းလဲလာခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေက လူတွေနေခဲ့တဲ့ အထောက်အထားတွေ အများကြီးကို ရှာဖွေတွေ့ခဲ့ကြတယ်။ […]
အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ Read More »









