The Corner

The Corner

cropped-Logo_round_grey-background.png

အရှေ့အလယ်ပိုင်းနှင့် အာဖရိက

ဤခရီးနီးသလား

သူဟာ ဟက်ဇ်ဘူလာ (Hizbollah) စစ်ရေး ခေါင်းဆောင်အဖြစ်  တာဝန်ယူတာ တစ်နှစ်ပြည့်တော့မှာပါ။ ဟက်ဇ်ဘူလာ ဆိုတာက  ရှီယာနိုင်ငံရေးပါတီဖြစ်သလို  လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်ပြီး  လက်ဘနွန်မှာသူ့ရဲ့လွှမ်းမိုးနိုင်တဲ့  အနေအထားကို ထိန်းသိမ်းနိုင်ဖို့  တိုက်ပွဲဝင်နေတဲ့ အဖွဲ့ပါ။ စစ်ရေးခေါင်းဆောင်အဖြစ် တစ်နှစ်ဆိုတဲ့ ရည်မှန်းချက်ဟာ  မျှော်လင့်ထားသလိုတော့ ဖြစ်မလာ တော့ပါဘူး။ နိုဝင်ဘာ(၂၃)ရက်နေ့မှာ ဟက်ဇ်ဘူလာရဲ့  စစ်ရေးခေါင်းဆောင်ဖြစ်တဲ့  ဟေသမ် အလီတာဘာတာဘိုင် (Haytham  Ali  Tabatabai) ဟာအနည်းဆုံး အခြားသူလေးဦးနဲ့အတူ  ဘေရွတ်  အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဟေသမ်အလီ တာဘာတာဘိုင်  လုပ်ကြံခံရမှုဟာ လွန်ခဲ့တဲ့တစ်နှစ်က လက်ဘနွန်နိုင်ငံနဲ့  အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး နောက်ပိုင်း  အစ္စရေးနိုင်ငံက ဆင်နွှဲခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေထဲက  နောက်ဆုံးသော လေကြောင်း တိုက်ခိုက်မှု တွေပါ။ လက်ဘနွန်အစိုးရရဲ့ ပြောဆိုချက်အရ  […]

ဤခရီးနီးသလား Read More »

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား

လွတ်မြောက်လာခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ အာမက်အယ်လ်ရှာရား အစိုးရ အမှားအယွင်းတွေ ပြစပြုနေပြီ ပေါက်ကွဲမှုတွေကနေ တဖျစ်ဖျစ် တဖြောက်ဖြောက် မည်တဲ့အသံတွေ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရဲ့ ကောင်းကင်ယံ တစ်ခိုမှာ ပဲ့တင်သံတွေ ထပ်နေတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ ဒီလိုပေါက်ကွဲသံတွေဟာ  မြို့ပေါ်မှာရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေတဲ့ အသံတွေပါ။ ဒီကနေ့ အချိန်မှာတော့ ဒီအသံတွေဟာ အာဏာရှင် အောက်ကလွတ်မြောက်လာတဲ့နေ့ အထိမ်းအမှတ် ကျင်းပတဲ့ပွဲတွေက မီးရှူးမီးပန်းတွေ လွှတ်တဲ့ အသံတွေပဲ ဖြစ်တယ်။ ဆီးရီးယား ပြည်သူလူထုဟာ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ရတဲ့ သွေးစွန်း အာဏာရှင် ဘာရှား အယ်လ်အာ ဆတ်အစိုးရရဲ့ လက်အောက်ကနေ လွတ်မြောက်တဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ ပြင်ဆင်နေကြ ပါတယ်။ လွတ်မြောက်တဲ့

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား Read More »

ဦးခေါင်းတစ်လုံး၏ မျက်နှာ နှစ်ဖက်လေလား၊ လက်တွေ့ကျ မူဝါဒလေလား

အစိုးရတပ်ဖွဲ့တွေ အနေနဲ့ မကြာသေးခင်က ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ အရုဏ်တက် စီးနင်းတိုက်ခိုက်မှုတွေ တစ်ခုပြီးတစ်ခု ဆိုသလို လုပ်လာတဲ့အတွက် ဘယ်သူ့ကို ဦးတည်ဆောင်ရွက်နေသလဲဆိုတာကို မေးခွန်း ထုတ်ရမလို ဖြစ်လာပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဟုမ်းစ် (Homs) မြို့မှာ မျက်နှာဖုံးတွေ တပ်ထားတဲ့ သေနတ်သမားတွေ သယ်ဆောင်လာတဲ့ အမိုးဖွင့် ထရပ်ကား ငယ်တန်းကြီးဟာ ခရစ်ယာန်တွေ နေထိုင်တဲ့ အပိုင်းကို ဒရောသောပါး ရုတ်ရုတ်သဲသဲ ဝင်လာပါတယ်။ ဒီကားပေါ်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ “အစ္စလာမ် နိုင်ငံတော်” (Islamic State – IS) ရဲ့ အဖွဲ့ဝင် ၇၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ အာမက် အယ်ရှာရာ (Ahmed al-Sharaa) နဲ့ သူ့အပေါ်

ဦးခေါင်းတစ်လုံး၏ မျက်နှာ နှစ်ဖက်လေလား၊ လက်တွေ့ကျ မူဝါဒလေလား Read More »

မျှော်လေတိုင်း မှိုင်းနေသော ဂါဇာ ငြိမ်းချမ်းရေး

အောက်တိုဘာလ (၂၈) ရက်ကအစပြုခဲ့တဲ့ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တွေကြောင့်  ဂါဇာ ပြည်သူ တစ်ရာကျော်  သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဥ်က ရက်သတ္တပတ် သုံးပတ်မပြည့်သေးတဲ့  ဂါဇာအပစ်အခတ်ရပ်စဲရေးက ယိုင်မလို၊ ပြိုမလို ဖြစ်နေဆဲဆိုတာကို  ညွှန်ပြနေပါတယ်။ ရာဖာ(Rafoh)မြို့ အနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တိုးမှု တစ်ခု အတွင်း  အစ္စရေး စစ်သားတစ်ဦး သေဆုံးပြီးနောက် အစ္စရေးက တိုက်ခိုက်မှုတွေကို  ဆက်တိုက် ဆောင်ရွက် လာခဲ့ပါတယ်။ အစ္စရေးက ဟားမတ်စ် အဖွဲ့အပေါ် အပစ်အခတ် ရပ်စဲရေးကို စတင် ချိုးဖောက်ခဲ့တယ် ဆိုပြီး  အပြစ်တင် ခဲ့ပါတယ်။ အစ္စလာမ် ဘာသာရေး အခြေခံ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာ ကမ်းမြောင်ဒေသ တစ်ဝက်လောက်ကို  လက်ရှိမှာ ထိန်းချုပ် ထားပါတယ်။ ဟားမတ်စ် အဖွဲ့

မျှော်လေတိုင်း မှိုင်းနေသော ဂါဇာ ငြိမ်းချမ်းရေး Read More »

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား

“ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့ အမေရိကန်သမ္မတက စဉ်းစားနေတယ် ကြားရတော့ ကျွန်တော်တို့ ရှော့ခ် ရသွားတယ်” နိုင်ဂျီးရီးယားရီးယားသမ္မတ ဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူ က  CNN သတင်းဌာနကို ပြောခဲ့တာပါ။ ရလည်း ရလောက်ပါပေတယ်။ အာဖရိကမှာ လူဦးရေအများဆုံး နိုင်ငံ ဟာ သူ့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ အမေရိကန်နိုင်ငံကြီးကို ဘာခြိမ်းခြောက်မှုမျိုးမှ မလုပ်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားသားတွေက ထရမ့်ကို အကြီးအကျယ်ထောက်ခံသူတွေပါ။ ဒီနှစ် စစ်တမ်းတစ်ခုမှာ ၇၉ % သော နိုင်ဂျီးရီးယားတွေက ထရမ့်ဟာ ကမ္ဘာ့အရေးမှာ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ပြူး သုတေသနဌာနက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ စစ်တမ်းကောက်ရာမှာ ရရှိတဲ့ အကြီးဆုံး ထောက်ခံမှုပါ။ ဒါပေမဲ့ ထရမ့်က သိနေတယ်။

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား Read More »

ဂါဇာ သုံးပွင့်ဆိုင် အုပ်ချုပ်ရေး မြင်ကွင်းသစ်

ဂါဇာဒေသရဲ့  ပျက်စီးဆုံးရှုံးမှုက  ကျယ်ပြန့်နက်ရှိုင်းလွန်းတော့  တိုက်ခိုက်ယူလောက်စရာ  မက်စရာဆိုလို့  မရှိသလောက်ပါဘဲ။ ဂါဇာဒေသနေ  ပါလက်စတိုင်းတစ်ဦးကတော့  ဟီရိုရှီးမား၊ ဒရက်စဒန်တို့ထက်  ဆိုးတာပါဗျာ  လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက်  ထုတ်ပြန်လိုက်ချိန်မှာပဲ  စစ်ပွဲအလွန် ဂါဇာဒေသကို  ဘယ်သူ ထိန်းချုပ်မလဲ  ဆိုတဲ့  နိုင်ငံရေးအားပြိုင်ပွဲက  စတင် သက်ဝင်လှုပ်ရှားလာပါတယ်။ ဂါဇာဒေသရဲ့  အင်အားကြီး အုပ်စု တွေဟာ  ဂါဇာဒေသ ထိန်းချုပ်နိုင်ဖို့  ဟားမတ်စ်အဖွဲ့နဲ့  အသည်းအသန်  အပြိုင်အလှန်  တိုက်ခိုက်ကြပြီး  တစ်နေ့တည်းမှာ ကို  လူလေးဆယ်အထက်  သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့  ဂါဇာဒေသနဲ့  အလွန် ဝေးကွာတဲ့ ဒေသတွေမှာ လည်း  နိုင်ငံရေးသမားတွေ၊ ကန်ထရိုက်တာတွေနဲ့  နိုင်ငံခြားသား အတိုင်ပင်ခံတွေဟာ  သူတို့ သြဇာ လွှမ်းမိုးနိုင်ဖို့  အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ  ဖုန်းဆိုးမြေဖြစ်သွားတဲ့  ဂါဇာဒေသကို

ဂါဇာ သုံးပွင့်ဆိုင် အုပ်ချုပ်ရေး မြင်ကွင်းသစ် Read More »

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ

ဗီဒီယိုထဲမှာ သူရဲ့ အမေရိကန် အင်္ဂလိပ် အသံထွက်က ကတော့ အာဖရိကန်သံ နည်းနည်း ပါတယ်။ ပုံမှန်ပါပဲ။ သူ့ မျက်နှာ အသွင်အပြင်ကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှဘူး။ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းထဲက စကားတွေကတော့ အမှန်ကို ထင်ဟပ်နေတယ်။ “အာဖရိကတိုက်သားတွေ စည်းလုံး ညီညွတ်ဖို့လိုပြီ” လို့ ဘူကီနာဖာဆို နိုင်ငံရဲ့ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ်သာ ရှိသေးတဲ့ အီဘရာဟင် ထရာအိုရေးက ပြောပါတယ်။ ပြောလက်စ စကားကို ခဏရပ်လိုက်ပြီးနောက် “ဗလာဒီ မီယာ ပူတင်၊ ခင်ဗျား ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကူအညီ အားလုံး အတွက် ကျေးဇူးပါဗျာ“ လို့ ထည့်ပြော သွားခဲ့တယ်။ ၂ဝ၂၂ခုနှစ်မှာ အာဏာသိမ်းပြီး နိုင်ငံ့

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ Read More »

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား

အမေရိကန် အထက်လွှတ်တော်အမတ် ‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာဒေသ တွင် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ‘လူမျိုးတုံး သတ်ဖြတ်မှု’ (Genocide) အဖြစ် ဖော်ပြခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” တွင် ဝါရှင်တန်အစိုးရ ပါဝင်နေမှုကို ရပ်ရန် တိုက်တွန်းလိုက်သည်။ ပါလက်စတိုင်းပြဿနာအသစ် ပေါ်ပေါက်လာခြင်း ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး နိုင်ငံရေး ပြဿနာပေါင်း မြောက်မြားစွာဖြင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ဟု ဆိုရမည့် အစ္စရေးနှင့် ပါလက်စတိုင်းအရှုပ်အထွေးသည် ကြာလေ ဖြေရှင်းရခက်လေ ဖြစ်လာနေသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံပေါ်ထွန်းရေး မူကို ဦးတည်မည့် မူကြမ်းအဆင့်များကို အခြေခံသည့် ကြေညာချက် တစ်ရပ်ကို ၂၀၁၅ စက်တင်ဘာ ၁၂ ရက်

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား Read More »

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား

ယီမင်နိုင်ငံက ဟူသီအဖွဲ့ ပြဿနာဟာ အရှေ့အလယ်ပိုင်းအတွက် နောက်ထပ်တောက်လောင် လာနေတဲ့ စစ်ပွဲကြီးဖြစ်လာနေပြီလားလို့ နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတယ်။ အစ္စရေးရဲ့  သြဂုတ် ၂၈ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ရှိ သူပုန် အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် အာမက် အယ်လ် ရာဟာဝီ(Ahmed al-Rahawi) သေဆုံးသွားကြောင်း ဟူသီ အဖွဲ့က ဩဂုတ် ၃၀ ရက်မှာ ကြေညာခဲ့တယ်။ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဟူသီသူပုန် အဖွဲ့ အပေါ် အစ္စရေး-အမေရိကန် တိုက်ခိုက်မှုအတွင်း အဆင့်အမြင့်ဆုံး ဟူသီ ခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သူပုန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ Source: Washington Institute ယီမင်မြို့တော် ဆာနားကို ဩဂုတ် ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား Read More »

ဂါဇာမှာဖြစ်ပွားနေတဲ့ ငတ်မွတ်မှု ပြဿနာနဲ့ အစ္စရေး ပြည်သူတွေရဲ့ အမြင်

ပါလက်စတိုင်း ဟားမာ့စ် အုပ်စုက အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်က စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲဟာ အခုအခါမှာ ၂၂လ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါ မှာတော့ ဂါဇာ ဒေသမှာ ငတ်မွတ်မှု အခြေအနေဟာ ပိုမိုဆိုးရွား လာနေပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ထိုးစစ်ဆင်ခဲ့တဲ့ ဇူလိုင် ၂၀ ရက် ကစပြီး လေကြောင်း တိုက်ခိုက်မှု တွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရ ပါတယ်။ သို့ပေမဲ့ အစ္စရေးကတော့ သူ့အနေနဲ့ စီးပွားရေး စစ်ပွဲလို့ ခေါ်နေတဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဆန္ဒရှိ နေပါတယ်။ အဓိက အချက်ကတော့

ဂါဇာမှာဖြစ်ပွားနေတဲ့ ငတ်မွတ်မှု ပြဿနာနဲ့ အစ္စရေး ပြည်သူတွေရဲ့ အမြင် Read More »